သက်သေပြချက်-(၁)။ သမိုင်းရှုထောင့်မှသက်သေပြခြင်း။
ယေရှုခရစ်တော်သည် အသက် ၁၂နှစ်မှ ၃၀နှစ်ထိ၊ ၁၈နှစ်အတွင်း (၁၂ အေဒီ မှ ၃၀ အေဒီအတွင်း) တိဗက်ပြည်သို့ သွားခဲ့ကာ ဆရာတော်မဟာထေရ်၌ တပည့်ခံခဲ့သည်ဟု ဝါဒဖြန့်ရေးသား ထုတ်ဝေခဲ့ပါသည်။ စဉ်းစားကြည့်ပါ။ ယေရှုခရစ်တော်သည် ဤကမ္ဘာပေါ်၌ နောက်ဆုံးနေခဲ့သည့်ခုနှစ်မှာ ၃၃ အေဒီ ဖြစ်ပါသည်။ ထို ၃၃ အေဒီမှာပင် ယေရှုခရစ်တော်သည် လူထုမျက်မှောက်မှ မိမိလာရာ ဘုရားဘုံသို့ ပြန်တက်သွားခဲ့သည်ကို တမန်တော် ၁း၉တွင် မှတ်တမ်းတင်ထားခဲ့ပါသည်။
တိဗက်ပြည်သို့ မဟာယာန ဗုဒ္ဓဘာသာ ရောက်ခဲ့သည့်ခုနှစ်မှာ အစောဆုံး ၆၄၂ အေဒီဖြစ်ကြောင်း သမိုင်းပညာရှင် အားလုံးက ရေးသားကြပါသည်။ အချို့သမိုင်းပညာရှင်များက ၇၄ဝ အေဒီ ဝန်းကျင်၌သာ တိဗက်ပြည်သို့ မဟာယာန ဗုဒ္ဓဘာသာ ရောက်ရှိခဲ့ကြောင်း ဖေါ်ပြခဲ့ပါသည် (ဦးအေးမောင်၊ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ)။ မဟာယာန ဗုဒ္ဓဘာသာသည် ထာဝရဘုရား၊ ပါဠိအခေါ် ထာဝရဗုဒ္ဓ၊ နိစ္စဗုဒ္ဓရှိကြောင်း ယုံကြည်သူများ ဖြစ်ပါသည်။ ဤကမ္ဘာပေါ်၌ ယေရှုခရစ်တော်ရှိနေစဉ် ၁ အေဒီမှ ၃၃ အေဒီအတွင်း မဟာယာန ဗုဒ္ဓဘာသာသည် တိဗက်ပြည်သို့ လုံးဝ(လုံးဝ) မရောက်ရှိခဲ့သလို၊ ရဟန်းများနှင့် ဘုန်းကြီးကျောင်းများလည်း မရှိခဲ့ပေ။
ယေရှုခရစ်တော်သည် ၃၃ အေဒီတွင် ဤလူ့ဘုံမှဘုရားဘုံသို့ ပြန်တက်သွားခဲ့ပြီးနောက် ၆၄၂ အေဒီ နောက်ပိုင်းမှသာ တိဗက်ပြည်၊ လာဒတ်ဒေသ၊ မွန်ဘုန်းတော်ကြီးကျောင်းများ စတင် ရှိလာခဲ့ပါသည်။ ရဟန်းတစ်ပါးမှ မရှိသည့်နေရာ၊ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ မရှိသည့်အချိန်၊ ဆရာတော် မဟာထေရ်ပင် မမွေးသေးသည့်အချိန်တွင် တိဗက်ပြည်၊ လာဒတ်ဒေသသို့ ယေရှုခရစ်တော် သွားခဲ့သည်ဆိုခြင်းမှာ Dr.Lasith Tugar နှင့်အပေါင်းအပါများ၏ ရေးသားထုတ်ဝေမှုများသည် ယုတ္တိ လုံးဝမရှိကြောင်း သေချာလှပါသည်။
သူတို့၏ရေးသားထုတ်ဝေပြောဆိုမှုများကို အခြေခံပြီး ပြန်လည်သုံးသပ်ကြည့်သော်- ယေရှုခရစ်တော်သည် လူ့ဘုံမှ ဘုရားဘုံသို့ ပြန်တက်သွားခဲ့ပြီးနောက် နှစ်ပေါင်း ၆၄၀ ကျော်ကြာမှ တဖန် တိဗက်ပြည်သို့ ပြန်၍ဆင်းကြွလာခဲ့လျှင်-
၁။ ယေရှုခရစ်သည် မည်သည့် ရည်ရွယ်ချက်ကြောင့် ဘုရားဘုံမှတိဗက်ပြည်သို့ ဆင်းကြွခဲ့ပါသနည်း။
၂။ ယေရှုခရစ်သည် ဆရာတော်မဟာထေရ်ထံ၌ မည်သည့်ပညာရပ်များကိုသင်ကြားရန် တပည့်ခံခဲ့ပါသနည်း။
၃။ ယေရှုခရစ်သည် ဘုရားဘုံမှ လူ့ဘုံသို့ မည်သို့မည်ပုံ ကြွဆင်းခဲ့ပါသနည်း။
၄။ယေရှုခရစ်သည် တိဘက်ပြည်၌ ပညာသင်ခဲ့ပြီးနောက် ယုဒပြည်(အစ္စရေးတိုင်းပြည်)သို့ ပြန်သွား ခဲ့ပါသလား။ သို့မဟုတ် ကောင်းကင်ဘုံသို့ မည်သည့်နည်းဖြင့် ပြန်၍တက်သွားတော်မူခဲ့သနည်း ဆိုသည့် မေးခွန်းများကို ဖြေကြားရန် Dr. Lasith Tugarနှင့် အပေါင်းအပါတို့သည် တာဝန်ရှိပါသည်။ ခိုင်လုံသော အထောက်အထားနှင့်တစ်ကွ ဖြေရှင်းစေလိုပါသည်။
သက်သေပြချက်-(၂)။ သွန်သင်ခြင်းရှုထောင့်မှသက်သေပြခြင်း။
အကယ်၍ ယေရှုခရစ်တော်သည် တိဗက်ပြည်၊ မွန်ဘုန်းတော်ကြီးကျောင်း၊ ဆရာတော် မဟာထေရ်၌ တပည့်ခံခဲ့လျှင် ယေရှုခရစ်တော်သည်လည်း ထေရဝါဒ ဗုဒ္ဓဘာသာတရားများကို ဟောပြော၍ သွန်သင်ခဲ့မည်မှာ သေချာလှပါသည်။ သို့သော် ယေရှုခရစ်တော်၏သွန်သင်မှုများတွင် ထေရဝါဒ ဗုဒ္ဓဘာသာတရား၏သွန်သင်မှုကို မတွေ့ရကြောင်း အောက်ပါဇယားအားဖြင့် သိရှိ နားလည်နိုင်ပါသည်။
| စဉ် | ယေရှုခရစ်၏သွန်သင်မှု | သိဒ္ဓတ္ထဂေါတမနှင့်ရဟန်းများ၏သွန်သင်မှု |
| ၁ | ယေရှုခရစ်တော်သည် ဆံပယ်ရန် မသွန်သင်ခဲ့ပါ။ | သိဒ္ဓတ္ထဂေါတမသည်ဆံပါယ်ရန် သွန်သင်ခဲ့ပါသလား။ |
| ၂ | ယေရှုခရစ်တော်သည် ဘုရားဘောင်ဝင်ပါက သင်္ကန်းရုံ ရမည်ဟု သွန်သင်ခဲ့ခြင်း မရှိပါ။ | သိဒ္ဓတ္ထဂေါတမသည် ဘုရားဘောင်ဝင်လျှင် သင်္ကန်းရုံ ရမည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၃ | ယေရှုခရစ်တော်သည် သင်္ကန်းရုံလိုက်သော ရဟန်းများကို “ဘုရား” ပါဠိအခေါ် “ဗုဒ္ဓ”ဟုခေါ်ရန် သွန်သင်ခဲ့ခြင်း မရှိပါ။ | သိဒ္ဓတ္ထဂေါတမသည် သူ့နောက်လိုက် ရဟန်းများ သင်္ကန်းရုံလျှင် ဘုရားဟု ခေါ်ရန် သွန်သင်ခဲ့ပါသလား။ |
| ၄ | ယေရှုခရစ်တော်သည် ရဟန်းများကို “ဘုရား” ဟုခေါပြီး ဒူးထောက်ကာ ဦးချ၊ ရှိခိုး၊ ကိုးကွယ် ရမည်ဟု သွန်သင်ခဲ့ခြင်း မရှိပါ။ | သိဒ္ဓတ္ထဂေါတမသည် သူ့၏နောက်လိုက် ရဟန်းများကို ဘုရား ဟုခေါပြီး ဒူးထောက်ကာ ဦးချ၊ရှိခိုးကိုးကွယ်ရမည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၅ | ယေရှုခရစ်တော်သည် ရှင်ဘုရင်များ၏မြုပ်နှံရာ ဖြစ်သော “စေတီ”များကို တည်ထားကိုးကွယ်ပါဟု သွန်သင်ခဲ့ခြင်း မရှိပါ။ | သိဒ္ဓတ္ထဂေါတမသည် ရှင်ဘုရင်များ၏မြုပ်နှံရာ ဖြစ်သော စေတီများကို တည်ထားကိုးကွယ်ပါဟု သွန်သင်ခဲ့ပါ သလား။ |
| ၆ | ယေရှုခရစ်တော်သည် သိဒ္ဓတ္ထဂေါတမ၏ ရုပ်တု ဆင်းတုများ၊ ရုပ်ပွားတော်များကို ထုလုပ်၍ ကိုးကွယ်ပါဟု သွန်သင်ခဲ့ခြင်း မရှိပါ။ | သိဒ္ဓတ္ထဂေါတမသည် သူ၏ရုပ်ပွားတော်များကို ထုလုပ်၍ ဦးချ၊ ရှိခိုးကိုးကွယ်ပါဟု သွန်သင်ခဲ့ပါသလား။ |
| ၇ | ယေရှုခရစ်တော်သည် ကန့်ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်း ခံရမည့် နတ်များ၊ မိစ္ဆာ ပရောဖက်များနှင့် ကင်းရှင်းရန် သွန်သင်ခဲ့ပါသည် (ဗျာဒိတ် ၂၀း၁၀၊၂၁း၈)။ | သိဒ္ဓတ္ထဂေါတမသည်နတ်များကိုအပေါင်းအပါလုပ်ရန် သွန်သင်ခဲ့ပါသလား။ ရုပ်တုဆင်းတုကို အသက်သွင်း ရာတွင်လည်းကောင်း၊ စေတီများတည်ရာတွင် လည်းကောင်း၊ အိမ်ဆောက်၊ တံတားဆောက်၊ ပွဲများ ပြုလုပ်ရာတွင်လည်းကောင်း၊ သာသနာပြုရာတွင် လည်းကောင်း နတ်များကိုခေါ်ပါ၊ နတ်များနှင့်ပူးပေါင်းပါ၊ နတ်များကို သာဓုခေါ်ပါ၊ အားကိုးပါဟု သွန်သင် ခဲ့ပါသလား။ |
| ၈ | ယေရှုခရစ်တော်သည် နှာခေါင်းဖြင့် အသက်ရှု တတ်သော လူသတ္တဝါကို အားမကိုးရန် သွန်သင်ခဲ့ ပါသည်(ဟေရှာယ ၂း၂၂)။ | သိဒ္ဓတ္ထဂေါတမသည် လူဖြစ်သောရှင်ဘုရင်များ၊ ဘာသာရေးဆရာများ၊ အောက်လမ်းဆရာ၊ အထက်လမ်း ဆရာ၊ မှော်ဆရာ၊ ဂမ္ဘီယဆရာ၊ ဘိုးတော်၊ မယ်တော်၊ နတ်ဆရာများ၊ ဗေဒင်ဆရာ၊ လက္ခဏာဆရာများကို အားကိုးရန် သွန်သင်ခဲ့ပါသလား။ |
| ၉ | ယေရှုခရစ်တော်သည် မိမိလူတို့ကို ကယ်တင်ခြင်းငှာ ဘုရားဘုံမှလူ့ဇာတိကို ခံယူလာခဲ့သည်ဟု သွန်သင်ခဲ့ပါသည် (ရှင်မဿဲ ၁း၂၁)။ | သိဒ္ဓတ္ထဂေါတမသည်လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း တရားကျင့်ပြီးနောက် လူသားများကို ကယ်တင်ရန် လူ့ ဇာတိကို ခံယူလာခဲ့ကြောင်း သွန်သင်ခဲ့ပါသလား။ |
| ၁၀ | ယေရှုခရစ်တော်သည် ငါ့ကိုအမှီပြုမှ ဘုရားဘုံသို့ ရောက်မည်ဟု သွန်သင်ခဲ့ပါသည်။ သူ့ကိုသာ ကိုးကွယ်ရန် သွန်သင်ခဲ့သည်(ရှင်ယောဟန် ၁၄း၆)။ | သိဒ္ဓတ္ထဂေါတမသည် ငါ့ကိုအမှီပြုမှ ဘုရားဘုံ ရောက်မည်ဟုသွန်သင်ခဲ့ပါသလား။ကိုယ့်ကယ်တင်ခြင်းကို ကိုယ်ရှာပါဟု သွန်သင် ခဲ့ပါသလား။ |
| ၁၁ | ယေရှုခရစ်တော်သည် လူကို မြေမှုန့်မှ ဖန်ဆင်းခဲ့သူ ဖြစ်ကြောင်း သွန်သင်ခဲ့ပါသည်(ရှင်ယောဟန် ၁း၁-၁၄)။ | သိဒ္ဓတ္ထဂေါတမသည် လူကိုဖန်ဆင်းခဲ့ပြီး အသက်သွင်း အနေဂဇာတင်ခဲ့သူ ဖြစ်သည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၁၂ | ယေရှုခရစ်တော်သည် တိရစ္ဆာန်များကို ဖန်ဆင်းခဲ့သူ ဖြစ်ကြောင်း သွန်သင်ခဲ့ပါသည်(ရှင်ယောဟန် ၁း၁-၁၄)။ | သိဒ္ဓတ္ထဂေါတမသည် တိရစ္ဆာန်များနှင့် မည်ကဲ့သို့ ပတ်သက် ကြောင်း သွန်သင်ခဲ့ပါသလား။ |
| ၁၃ | ယေရှုခရစ်တော်သည် နတ်များကို ဖန်ဆင်းသူ၊ အုပ်စိုးသူ၊ စီရင်ပိုင်ခွင့်ရှိသူ ဖြစ်သည်(ဟေရှာယ ၁၄း၁၂၊ ရှင်မဿဲ ၂၈း၁၈၊ ဖိလပ္ပိ ၂း၁၀၊ ဗျာဒိတ် ၂၀း၁၀)။ | သိဒ္ဓတ္ထဂေါတမသည် နတ်များနှင့်မည်ကဲ့သို့ ပတ်သက်မှု ရှိသည်ဟု သွန်သင်ခဲ့ပါသနည်း။ |
| ၁၄ | ယေရှုခရစ်တော်သည် လူ၏အစ၊ အလယ်၊ အဆုံးကို ပိုင်ဆိုင်သူဖြစ်သည်ဟု သွန်သင်သည် (ကမ္ဘာဦး ၂း၇၊ ဒေသနာ ၁၂း၇၊ရှင်ယောဟန် ၁၄း၆)။ | သိဒ္ဓတ္ထဂေါတမသည် လူ၏အစ၊ အလယ်၊ အဆုံးကို ပိုင်ဆိုင်သူ ဖြစ်သည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၁၅ | ယေရှုခရစ်တော်သည် ဘုရားဘုံနှင့်ငရဲဘုံကို ပြုလုပ်သူနှင့် အုပ်စိုးသူဖြစ်ကြောင်း သွန်သင်ခဲ့သည် (ဗျာဒိတ် ၁း၁၇-၁၈)။ | သိဒ္ဓတ္ထဂေါတမသည် ဘုရားဘုံနှင့်ငရဲဘုံကို ပြုလုပ်သူနှင့် အုပ်စိုးသူဖြစ်သည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၁၆ | ယေရှုခရစ်တော်သည် ကောင်းကင်နှင့် ကမ္ဘာကြီးကို မီးရှို့ ဖျက်ဆီး ပိုင်ခွင့်ရှိသူ ဖြစ်သည် (၂ပေ ၃း၇)။ | သိဒ္ဓတ္ထဂေါတမသည်ကောင်းကင်နှင့်ကမ္ဘာကြီးကို မီးရှို့ ဖျက်ဆီးပိုင်ခွင့် ရှိသူ ဖြစ်သည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၁၇ | ယေရှုခရစ်တော်သည် ကမ္ဘာပေါ်မှ ဂျူးလူမျိုးကို ရွေးချယ်၍ သူ၏သာသနာကို ကမ္ဘာသို့ စတင် ပြုစေခဲ့သည် (တရားဟော ၁၄း၂)။ | သိဒ္ဓတ္ထဂေါတမသည်ကမ္ဘာပေါ်မှ မည်သည့်လူမျိုးကို ရွေးချယ်၍ သူ၏သာသနာကို စတင်ပြုစေခဲ့ပါသနည်း။ |
| ၁၈ | ယေရှုခရစ်သည် ကမ္ဘာသူကမ္ဘာသားများ၏အကျိုး အတွက် မိမိ၏ အသက်ကို လက်ဝါးကပ်တိုင်၌ ဇီဝိတ ပရိစာဂ ပြုခဲ့ပါသည် (ယောဟန် ၃း၁၆)။ | သိဒ္ဓတ္ထဂေါတမသည် တရားကျင့်ခဲ့ခြင်း၊ သေခဲ့ခြင်းသည် ကမ္ဘာသူကမ္ဘာသားများ၏အကျိုးအတွက် ဖြစ်ပါသလား။ |
| ၁၉ | ယေရှုခရစ်တော်သည် မရဏနှင့်မရဏာနိုင်ငံကို အုပ်စိုးသူ ဖြစ်ကြောင်း သွန်သင်ခဲ့သည်(ဗျာဒိတ် ၁း၁၈)။ | သိဒ္ဓတ္ထဂေါတမသည် မရဏနှင့်မရဏာနိုင်ငံကို အုပ်စိုးသော ဘုရား ဖြစ်သည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၂၀ | ယေရှုခရစ်တော်သည် အစဘုရားနှင့်အဆုံးဘုရား ဖြစ်ကြောင်းသွန်သင်ခဲ့သည်(ဗျာဒိတ်ကျမ်း ၂၂း၁၃)။ | သိဒ္ဓတ္ထဂေါတမသည်အစဘုရားနှင့်အဆုံးဘုရားဖြစ်သည်ဟုသွန်သင်ခဲ့ပါသလား။ |
| ၂၁ | ယေရှုခရစ်တော်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲ အသက်ရှင်သော ဘုရားဖြစ်သည်ဟု သွန်သင်ခဲ့သည် (ဟေဗြဲ ၁၃း၈)။ | သိဒ္ဓတ္ထဂေါတမသည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲ အသက်ရှင်သောဘုရားဖြစ်သည်ဟု သွန်သင် ခဲ့ပါသလား။ |
| ၂၂ | ယေရှုခရစ်တော်သည် လူသားအပေါင်းကို သူတို့၏အကျင့်အတိုင်း အကျိုးအပြစ်ကိုပေးမည့်သူ ဖြစ်သည်ဟု သွန်သင်ခဲ့သည်(ဗျာဒိတ် ၂၂း၁၂)။ | သိဒ္ဓတ္ထဂေါတမသည် လူသားအပေါင်းကို သူတို့၏ အကျင့်အတိုင်း အကျိုးအပြစ်ကိုပေးမည့်ဘုရား ဖြစ်သည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၂၃ | ယေရှုခရစ်တော်သည် နတ်အပေါင်းကို တရားစီရင်ပြီး ကန့်ငရဲမီးအိုင်ထဲသို့ ပစ်ချမည့်ဘုရား ဖြစ်သည်ဟု သွန်သင်ခဲ့ပါသည် (ဗျာဒိတ် ၂၀း၁၀၊ ရှင်မဿဲ ၂၅း၄၁-၄၆)။ | သိဒ္ဓတ္ထဂေါတမသည် နတ်အားလုံးကို တရားစီရင်မည့်ဘုရား ဖြစ်သည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၂၄ | ယေရှုခရစ်တော်သည် သူ၌ သေခြင်းတရားကို ရုပ်သိမ်းခွင့် အာဏာ ရှိပါသည်ဟု သွန်သင်ခဲ့ပါသည် (၁ကောရိန္သု ၁၅း၂၅-၂၆)။ | သိဒ္ဓတ္ထဂေါတမသည် သူ၌ သေခြင်းကို ရုပ်သိမ်းခွင့်အာဏာ ရှိသည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၂၅ | ယေရှုခရစ်တော်သည် လူသားများ၏ အလှူဒါန၊ ကောင်းမှု ကုသိုလ်များကို မှတ်တမ်း တင်ပေးသော ဘုရား ဖြစ်သည် (ရှင်မာကု ၉း၄၁)။ | သိဒ္ဓတ္ထဂေါတမသည် သူ့ကိုကိုးကွယ်သောသူများ၏ အလှူဒါန၊ ကောင်းမှုကုသိုလ်များကို မှတ်တမ်းတင် ပေးနေသည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၂၆ | ယေရှုခရစ်တော်သည် သူ့ကိုကိုးကွယ်သော သူများ၏ နာမည်များကို အသက်စာစောင်၌ မှတ်ပုံတင်ပေး နေသည်ဟု သွန်သင်ခဲ့ပါသည်(ဗျာဒိတ် ၂၀း၁၃-၁၅)။ | သိဒ္ဓတ္ထဂေါတမသည် သူ့ကိုကိုးကွယ်သော သူများ၏ နာမည်များကို မှတ်တမ်းတင်ပေးသည်ဟု သွန်သင် ခဲ့ပါသလား။ |
| ၂၇ | ယေရှုခရစ်တော်သည် သူ့ကိုကိုးကွယ်သူများ အတွက် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ပြင်ဆင်ပေးသည်ဟု သွန်သင်ခဲ့ပါသည် (ရှင်ယောဟန် ၁၄း၁-၃)။ | သိဒ္ဓတ္ထဂေါတမသည် သူ့ကို ကိုးကွယ်သူများအတွက် နေရာအသစ်ကို ပြင်ဆင်ပေးမည်ဟု မိန့်မှာခဲ့ပါသလား။ |
| ၂၈ | ယေရှုခရစ်တော်သည် သူ့ကို အမှီမပြုသူများအတွက် ကန့်ငရဲမီးအိုင်ကို ပြင်ဆင်သည်ဟု သွန်သင်ခဲ့ပါသည် (ရှင်မဿဲ ၂၅း၄၁-၄၆၊ ဗျာဒိတ် ၂၀း ၁၀-၁၅)။ | သိဒ္ဓတ္ထဂေါတမသည် သူ့ကိုအမှီမပြုသူများအတွက် ကန့်ငရဲမီးအိုင်ကို ပြင်ဆင်သည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၂၉ | ယေရှုခရစ်တော်သည် သူ့ကိုကိုးကွယ်သူများအား ဝန်လေး၍ ပင်ပန်းလျှင် ငါ့ထံသို့ လာခဲ့ပါ၊ ငါသည် ချမ်းသာပေးမည်ဟု ဂတိတော် ပေးခဲ့ပါသည် (ရှင်မဿဲ ၁၁း၂၈)။ | သိဒ္ဓတ္ထဂေါတမသည် သူ့ကို ကိုးကွယ်သူများအား မည်သည့် ဂတိတော် အာမခံချက်များကို ပေးခဲ့ပါသနည်း။ |
| ၃၀ | ယေရှုခရစ်တော်ကို ကိုးကွယ်သူများသည် နာမ်ဝိညာဉ်နှင့် သစ္စာအားဖြင့်သာ သူ့ကို ကိုးကွယ်စေခဲ့ပါသည် (ရှင်ယော ဟန် ၄း၂၄)။ | သိဒ္ဓတ္ထဂေါတမသည် သူ့ကို မည်သို့ကိုးကွယ်ရန် သွန်သင် ခဲ့ပါသနည်း။ တရားကျင့်ခြင်းနှင့် ကောင်းမှု ကုသိုလ်ပြုခြင်းဖြင့် သူ့ကိုကိုးကွယ်ရန် သွန်သင်ခဲ့ ပါသလား။ |
| ၃၁ | ခရစ်တော်၏နာမဖြင့် ထာဝရဘုရားထံ ဆုတောင်း ရန် သွန်သင်ခဲ့ပါသည်(ရှင်ယောဟန် ၁၄း၁၃)။ | သိဒ္ဓတ္ထဂေါတမ၏နာမည်အားဖြင့် မည်သို့ထံ ဆုတောင်းရန် သွန်သင်ခဲ့ပါသနည်း။ |
| ၃၂ | ယေရှုခရစ်တော်သည် ကောင်းကင်ဘုံနှင့် မြေကြီးပေါ်မှာ စီရင်ပိုင်သောအခွင့် တန်ခိုးရှိသည်ဟု သွန်သင်ခဲ့ပါသည် (ရှင်မဿဲ ၂၈း၁၈)။ | သိဒ္ဓတ္ထဂေါတမသည် ကောင်းကင်ဘုံနှင့် မြေကြီးပေါ်မှာ စီရင်ပိုင်သောအခွင့်တန်ခိုး ရှိသည်ဟု သွန်သင် ခဲ့ပါသလား။ |
| ၃၃ | ယေရှုခရစ်တော်အားဖြင့် ခုနှစ်ရက် တစ်ပတ်ကို လူသား များအတွက် ထားခဲ့သူ ဖြစ်သည်ဟု သွန်သင်ခဲ့ပါသည် (ကမ္ဘာဦးကျမ်း ၁၊ ရှင်ယောဟန် ၁း၁-၁၄)။ | သိဒ္ဓတ္ထဂေါတမသည် ခုနှစ်ရက်တစ်ပတ်ကို ကမ္ဘာလူသားများအတွက်ထားခဲ့သူ ဖြစ်သည်ဟု သွန်သင်ခဲ့ပါသလား။ |
| ၃၄ | ယေရှုခရစ်တော်သည် တစ်ပတ်လျှင် တစ်ရက်သည် ထာဝရဘုရားနှင့် မိတ်သဟာယ ဖွဲ့ရန်နှင့် (၆)ရက် သည် မိမိကိုယ်ခန္ဓာအတွက် အလုပ်လုပ်ရန် သွန်သင်ခဲ့သည် (ရှင်ယောဟန် ၁း၁-၁၄)။ | သိဒ္ဓတ္ထဂေါတမသည် တစ်ပတ်လျှင် တစ်ရက်သည် ထာဝရဘုရားနှင့် မိတ်သဟာယ ဖွဲ့ရန်နှင့် (၆)ရက် ဇာတိ ခန္ဓာကိုယ်အတွက် အလုပ်လုပ်ရန် သွန်သင်ခဲ့ပါသလား။ |
| ၃၅ | ယေရှုခရစ်တော်၏သမိုင်းကို ဟီဗရူးနှင့်ဂရိ၊ ဟေလသ ဘာသာများဖြင့် မှတ်တမ်း တင်ထားခဲ့ပါသည်။ ပါဠိ စာပေအားဖြင့် မှတ်တမ်း တင်ခဲ့ခြင်း မရှိပေ။ | သိဒ္ဓတ္ထဂေါတမ၏အကြောင်းကို ဟီဗရူးနှင့်ဂရိ၊ ဟေလသ ဘာသာများဖြင့် မှတ်တမ်းတင်ထား ခဲ့ပါသလား။ ပါဠိ စာပေ အားဖြင့် မှတ်တမ်း တင်ခဲ့ပါသလား။ |
| ၃၆ | ယေရှုခရစ်တော်သည် အကြီးမြတ်ဆုံးမေတ္တာရှင် ဖြစ်ကြောင်း နှင့် ဘုရားစစ်၊ ပါဠိအခေါ် ဗုဒ္ဓစစ်ဖြစ်ကြောင်း၊ အပြစ်သားများ၏ ဝဋ်ကြွေး၊ ကံကြွေး၊ အပြစ်ကြွေးများ ဆေးကြောရန် လက်ဝါးကပ်တိုင်၌ မိမိ၏အသက်ကို ဇီဝိတ ပရိစာဂ ပြုခြင်းဖြင့် သက်သေပြခဲ့သည် (ရှင်ယောဟန် ၃း၁၆)။ (စွန့်ခြင်း ငါးပါးကို လေ့လာရန်) | သိဒ္ဓတ္ထဂေါတမသည် အကြီးမြတ်ဆုံးမေတ္တာရှင် ဖြစ်ကြောင်း မည်သို့ သက်သေပြခဲ့ပါသနည်း။ |
| ၃၇ | ယေရှုခရစ်တော်သည် ဘုန်းတော်အနန္တ၊ တန်ခိုးတော် အနန္တ၊ ဉာဏ်တော်အနန္တ၊ သစ္စာတော် အနန္တ၊ မေတ္တာတော်အနန္တ၊ သန့်ရှင်းခြင်းအနန္တ စသည့် အနန္တော၊ အနန္တဂုဏ်တော်များနှင့် ပြည့်စုံသည့်ဘုရားဖြစ်ကြောင်း ပြသခဲ့သည် (ရှင်မဿဲ ၁၉း၂၆၊ ၁ယော ၄း၈)။ | သိဒ္ဓတ္ထဂေါတမသည် ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ သစ္စာတော်အနန္တ၊ မေတ္တာတော်အနန္တ၊ သန့်ရှင်းခြင်းအနန္တစသည့် အနန္တော၊ အနန္တဂုဏ်တော် များနှင့်ပြည့်စုံသည့် ဘုရားဖြစ်ကြောင်း သက်သေပြခဲ့ ပါသလား။ |
| ၃၈ | ယေရှုခရစ်တော်က “ကောင်းကင်နှင့် မြေကြီး မတည် သော်လည်း ငါ့စကား တည်လိမ့်မည်”ဟု သွန်သင်ခဲ့သည် (ရှင်မဿဲ ၂၄း၃၅)။ | သိဒ္ဓတ္ထဂေါတမက သူ၏စကားများသည် အစဉ်တည်မြဲ မည်ဟု မိန့်မှာခဲ့ပါသလား။ |
အထက်ပါအတိုင်း ယေရှုခရစ်တော်၏သွန်သင်မှုများနှင့် သိဒ္ဓတ္ထဂေါတမနှင့် သူ့နောက်လိုက် ရဟန်းများ၏သွန်သင်မှုများကို လေ့လာခြင်းဖြင့် ယေရှုခရစ်တော်သည် တိဗက်ပြည်သို့သွားပြီး ဆရာတော် မဟာထေရ်၌ တပည့်ခံခဲ့သည်ဟု ရေးသားထုတ်ဝေနေခြင်းသည် မိစ္ဆာဒိဋ္ဌိလော၊ သမ္မာဒိဋ္ဌိလောဆိုသည်ကို လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ရှားနေပါသည်။
သက်သေပြချက်-(၃)။ ဓလေ့ထုံးတမ်းရှုထောင့်မှသက်သေပြခြင်း။
ဂျူးလူမျိုး၊ ယခုအစ္စရေးလူမျိုးတို့၏ယဉ်ကျေးမှုကိုလေ့လာသည့်အခါ မိသားစုတစ်စုမှ သားဦးသည် မိဘ၏လုပ်ငန်းကို ဆက်ခံရန် ဓလေ့ထုံးတမ်း ရှိခဲ့ပါသည်။ ယနေ့ကမ္ဘာတွင် (၁၈)နှစ်ပြည့်မှ လူကြီးအဖြစ် သတ်မှတ်ကြသကဲ့သို့၊ ထိုခေတ် ထိုချိန်အခါ၌ ဂျူးလူမျိုး၏ဓလေ့ထုံးတမ်းမှာ အသက်(၃၀)နှစ်ပြည့်မှ လူကြီးစာရင်းဝင်သည်ဟု သတ်မှတ်ခဲ့ကြကြောင်း သိရပါသည်။ ထိုအချိန်က တစ်ခြားမြို့သို့သွားပြီး ပညာသင်လေ့သင်ထ မရှိခဲ့ချေ။ ယခုအချိန်အခါကဲ့သို့ ပညာရေးကျောင်းများ၊ ကောလိပ်၊ သိပ္ပံနှင့် တက္ကသိုလ်များ မရှိခဲ့ပေ။ လူငယ်များသည် မိဘလူကြီးများ၏စကားကို အလွန်နာခံသောအချိန် ဖြစ်ခဲ့ပါသည်။
လက်မထပ်ဘဲ ကိုယ်ဝန်ရှိလာခဲ့ပါက ကျောက်ခဲနှင့် အသေပစ်သတ်သည့် ဓလေ့ထုံးတမ်း ရှိခဲ့ပါသည်။ မယ်တော်မာရိကို ပစ်သတ်မှု မပြုခဲ့ခြင်းမှာ သူမသည် ဂျူးလူမျိုး၏ ထုံးတမ်းနှင့်အညီ ယောသပ်နှင့် တရားဝင် စေ့စပ်ခဲ့ပြီး၊ သူတို့နှစ်ဦး မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ကြောင့် မယ်တော်မာရိ၌ ပဋိသန္ဓေ တည်လာခဲ့ပါသည်။ ထိုသို့သန္ဓေတည်လာခဲ့ခြင်းကို လက်မခံသော ယောသပ်အား ကောင်းကင်တမန်က ရှင်းပြခဲ့ကြောင်း သိရပါသည် (ရှင်မဿဲ ၁း၁၈-၂၁)။သူငယ်တော်ယေရှုသည် မိဘ၏လုပ်ငန်းဖြစ်သည့် လက်သမား၊ ပရိဘောဂအလုပ်ကို အသက်(၃၀)ထိ လုပ်ကိုင်ခဲ့ကြောင်း ရှင်မာကုခရစ်ဝင် ၆း၃တွင် မှတ်တမ်း တင်ထားခဲ့ပါသည်။
သူငယ်တော်ယေရှုသည် မိဘများနှင့် ခွဲခွာခဲ့သည်မှာ (၃)ရက်သာ ရှိခဲ့ကြောင်း ရှင်လုကာခရစ်ဝင် ၂း၄၆ တွင် မှတ်တမ်းတင်ခဲ့ပါသည်။ သုံးရက်ပင် မခွဲနိုင်သောမိဘများသည် မိမိ၏ကလေးငယ်ကို ဆွေမျိုးသားချင်းလည်း မရှိ၊ မိမိတို့ တစ်ခါမှမရောက်ဘူးသည့် သူစိမ်းနိုင်ငံများသို့ ဘယ်အကြောင်းကြောင့် စေလွတ်နိုင်မည်နည်း၊ နှစ်ပေါင်းများစွာ ခွဲနေနိုင်မည်နည်း။
ထိုခေတ်ကာလ၌ ဂျူးလူမျိုးတို့သည် အခြားလူမျိုးများနှင့်ဆက်ဆံခြင်း ယဉ်ကျေးမှု လုံးဝ မရှိခဲ့ကြပေ။ အကြောင်းရင်းမှာ တစ်ပါးအမျိုးသားတို့သည် ထာဝရဘုရားကို မသိသောလူမျိုး ဖြစ်သောကြောင့် မသန့်ရှင်းသူများ (ရှင်ယောဟန် ၄း၉)ဟု သတ်မှတ်ခဲ့ပြီး၊ လူစာရင်း၌ မသွင်းခဲ့ကြပေ (ရှင်မဿဲ ၁၅း၂၆)။ ထို့ကြောင့် ဂျူးလူမျိူး၌ ပေါက်ဖွားလာခဲ့သည့် ယေရှုခရစ်တော်သည် လူစာရင်း၌ပင် သွင်းခြင်းမခံခဲ့သည့် တစ်ပါးအမျိုးသားများထံ၌ ပညာသင်ရန် သွားခဲ့သည်ဟု ပြောဆိုခြင်းမှာ ဂျူးလူမျိုး၏ ယှဥ်ကျေးမှု ရှုထောင့်အရလည်း လုံးဝ မဖြစ်နိုင်ကြောင်း သိရပါသည်။
သက်သေပြချက်-(၄)။ ပထဝီဝင်ရှုထောင့်နှင့် ခရီးသွားနှုန်းရှုထောင့်ဖြင့် သက်သေပြခြင်း။
အစ္စရေးနိုင်ငံ၊ ယေရုရှလင်မြို့မှ တိဗက်ပြည်သို့ အဖြောင့်တိုင်းပါက အနည်းဆုံးမိုင်ပေါင်း ၂၄၃၆မိုင် ရှိနေပါသည်။ ကီလိုမီတာအားဖြင့် ၃၉၂၀ ဝေးနေပါသည်။ ပုံမှန်လူသွားလမ်းအတိုင်း တိုင်းတာပါက အသွားခရီး အနည်းဆုံး မိုင်ပေါင်း ၅၀၀၀၊ အပြန်ခရီး အနည်းဆုံးမိုင်ပေါင်း ၅၀၀၀ရှိပြီး၊ အသွားအပြန်ခရီးသည် မိုင်ပေါင်း ၁၀,၀၀၀ ကျော်ခန့် ရှိပါသည်။
လူ့အသိဉာဏ်ဖြင့် ရိုးရိုးလေးစဉ်းစား ကြည့်လျှင်၊ ၁၂-အေဒီ ခုနှစ်အချိန်က အသက်(၁၂)နှစ်သား ကလေးငယ်တစ်ဦးသည် ရဟန်းဝတ်ပြီး၊ တရားကျင့်ရန်အသွားအပြန်မိုင်ပေါင်း ၁၀,၀၀၀ ဝေးသည့် တိုင်းတစ်ပါးသို့ သွားခဲ့သည်ဟုဆိုခြင်းသည် လုံးဝ မဖြစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်ပါသည်။
၁၂-အေဒီ ခုနှစ်ဝန်းကျင်တွင် လူများ၏ တစ်နေ့ ပုံမှန် ခရီးသွားနှုန်းသည် ၅-မိုင်ခန့်သာ ရှိခဲ့နိုင်ပါသည်။ မိုင်ပေါင်း ၅၀၀၀ ကျော် ဝေးကွာသည့် တိဗက်ပြည်သို့ အရောက်သွားရန်မှာ သုံးနှစ်နီးပါး ကြာနိုင်ပါသည်။ ခရီးသွားရင်း ခြေထောက်နာလျှင် သုံးနှစ်ထက်ပိုကြာနိုင်ပါသည်။ ခြေလျင်ဖြင့်သာ ခရီးသွားခဲ့ရသည့် ထိုအချိန်တွင် ထာဝရဘုရားကို ကိုးကွယ်သောမိသားစုမှ ကလေးငယ်တစ်ဦးသည် (၃)နှစ်ခန့်ခရီးသွား၍ လူ့သားအဖြစ် စာရင်းမသွင်းသောလူမျိုးတစ်မျိုး၌ ရဟန်းသွား၍ခံခဲ့သည်ဟုဆိုခြင်းမှာ ယုတ္တိလုံးဝ မရှိသကဲ့သို့၊ သဘာဝနှင့်ဆန့်ကျင်သော ဝါဒဖြန့်မှုတစ်ခုသာဖြစ်ကြောင်း လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါသည်။
သက်သေပြချက်-(၅)။ သယ်ယူပို့ဆောင်ရေးရှုထောင့်မှသက်သေပြခြင်း။
၁၂ အေဒီ ဝန်းကျင်တွင် လူတစ်ဦး တစ်နေ့စာအတွက် နံပြား သို့မဟုတ် ပလာတာ(၅) ချပ်မှ(၁၀)ချပ် အထိ လိုအပ်ခဲ့မည် ဖြစ်ပါသည်။ ဟင်းချက်စားရန် ဆား၊ငရုတ်၊ကြက်သွန်၊ ဟင်သီးဟင်းရွက်၊ သားငါးများလည်း လိုအပ်ခဲ့မည်။ မိမိအဝတ်အစားနှင့် ခြုံရန်စောင်များလည်း ယူဆောင်ရန် လိုအပ်ခဲ့မည်။ (၁၂)နှစ်သား ကလေးငယ် တစ်ဦးသည် မိုင်ပေါင်း ငါးထောင်ကျော် ဝေးလံသည့် ခရီးကို ခြေလျင်ဖြင့် သွားနိုင်ရန် စားနပ်ရိက္ခာများစွာ သယ်ဆောင်ရန် လိုအပ်နေခဲ့မည်။ ထိုအချိန်၌ ယခုခေတ်ကဲ့သို့ စားသောက်ဆိုင်များ မရှိခဲ့ပေ။ ငွေစက္ကူများလည်း မပေါ်ထွန်းခဲ့ပေ။ ဒင်္ဂါးပြားများကိုသာ အသုံးပြုသောခေတ် ဖြစ်ခဲ့ပါသည်။ လမ်းများလည်း ယခုခေတ်ကဲ့သို့ ကောင်းမွန်ချောမွေ့ခြင်း မရှိခဲ့ပေ။ ခရီးသွားရန် စက်ဘီး၊ မော်တော်ဆိုင်ကယ် မတီထွင်နိုင် သေးသောအချိန်၊ ဘုရင်များနှင့် သူဌေးများသာ မြင်းများကို အသုံးပြုနိုင်ခဲ့သောအချိန် ဖြစ်ခဲ့ပါသည်။ မိုင်ပေါင်း ငါးထောင်ကျော် ဝေးလံသည့်ခရီးစဉ်အတွက် စားနပ်ရိက္ခာများကို သုံးနှစ်နီးပါး သယ်ဆောင်နိုင်ရန်မှာ သာမန်မိသားစုဝင်များအတွက် မဖြစ်နိုင်ခဲ့ပေ။ ၂၀၂၁-ခုနှစ်၌ပင် ဖြစ်နိုင်ချေ မရှိပေ။ ထိုကြောင့် သူငယ်တော် ယေရှုခရစ် တိဗက်ပြည်သို့ သွားခဲ့သည်ဟုဆိုခြင်းသည် လူ့သဘာဝတရားအရ လုံးဝ မဖြစ်နိုင်ကြောင်း တင်ပြလိုပါသည်။
သက်သေပြချက်-(၇)။ တိဗက်ပြည်ရှိ ဘုန်းကြီးကျောင်းများ တည်ရှိလာခဲ့မှု ရှုထောင့်မှ သက်သေပြခြင်း။
၁၂ အေဒီမှ ၃၃အေဒီ ကြားတွင် အိန္ဒိယပြည်မှ တိဗက်ပြည်သို့ မဟာယနဗုဒ္ဓဘာသာ မရောက်ရှိသေးသည့် အချိန်ကာလ ဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင် တိဗက်ပြည်၌ ဘုန်းကြီးကျောင်း တစ်ကျောင်းမှ မရှိခဲ့သလို၊ ရဟန်းလည်းတစ်ပါးပင် မရှိခဲ့ကြောင်း ကမ္ဘာ့သမိုင်းက သက်သေထူနေပါသည်။ တိဗက်ပြည်၌ ဆရာတော် မဟာထေရ်၊ သူ၏မိဘများနှင့် သူ၏ဘိုးဘွားများပင် မမွေးသေးသည့် အချိန်ဖြစ်ခဲ့ပါသည်။ တိဗက်ပြည်၌ ဘုန်းကြီးကျောင်းများ စတင်ရှိလာခဲ့သည်မှာ ၁၀၀၀ အေဒီ နောက်ပိုင်းမှသာ ဖြစ်ပါသည်။ တိဗက်ပြည်၌ ပထမဦးဆုံး ရှိခဲ့သော ဘုန်းကြီးကျောင်းမှာ Ladakh အရပ်၌ Alchiဆိုသည့်ဘုန်းကြီးကျောင်း ဖြစ်ပါသည်။ ဤအချက်သည် ယေရှုခရစ်တော် ဘုရားဘုံ တက်သွားခဲ့ပြီးနောက် နှစ်ပေါင်း (၁၀၀၀-၃၃)=၇၆၇ ကြာမှ တိဗက်ပြည်၌ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် တိဗက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် မဟာထေရ်မြတ်၌ ယေရှုခရစ်တော်တပည့်ခံခဲ့သည်ဟုရေးသားကာ ဝါဒဖြန့်နေခြင်းသည် လူမျိုးတိုင်း ကိုးကွယ်ထိုက်သည့်၊ အစဉ်အသက်ရှင်နေသောယေရှုခရစ်တော်၏သမိုင်း ဖြစ်စဉ်အမှန်ကို လူသားများ မသိအောင်၊ မကြားအောင်၊ မယုံကြည်အောင်၊ အခြားသူများကို လှည့်စားပြီး ငရဲသွားဖေါ်ရအောင် ဆွဲခေါ် ဖန်တီးနေခြင်းသာ ဖြစ်ပါကြောင်း သိရပါသည်။
သက်သေပြချက်-(၈)။ စာပေရေးသားမှုရှုထောင့်မှသက်သေပြခြင်း။
ထာဝရဘုရား၏သမ္မာကျမ်းစာသည် အာရှတိုက်၊ ဥရောပတိုက်၊ အာဖရိကတိုက်တွင် မတူညီသောလူမျိုးများ၊ မတူညီသောအလုပ်အကိုင်လုပ်နေခဲ့သူ လူပေါင်း (၄၀)မှ နှစ်ပေါင်း ဘီစီ ၁၅၀၀ မှ ၁၀၀အေဒီထိ၊ နှစ်ပေါင်း ၁၆၀၀အတွင်း မှတ်တမ်းများကို စုစည်းထားသည့် ထာဝရဘုရား၏ သမ္မာကျမ်းစာအုပ် ဖြစ်ပါသည်။ တည်မြဲသော သမ္မာတရား၏ပိုင်ရှင် သမ္မာသမ္ဗုဒ္ဓ၏ကျမ်းစာ ဖြစ်သောကြောင့် သမ္မာကျမ်းစာဟု ခေါ်ခြင်း ဖြစ်ပါသည်။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ပေးသောမဂ္ဂင်ဖေါင်လည်း ဖြစ်ပါသည်(ရှင်ယောဟန် ၁၄း၆)။ အလွန်အံ့သြဘွယ် ကောင်းသည့်အချက်သည် လူမျိုး၊ အချိန်၊ အလုပ်အကိုင် မတူညီသောလူပေါင်း (၄၀) သည် နှစ်ပေါင်း (၁၆၀၀) အတွင်း၌ ဖန်ဆင်းရှင် ထာဝရဘုရား အကြောင်းကိုသာ မှတ်တမ်းတင်ခဲ့သည့် အချက် ဖြစ်ပါသည်။
ယေရှုခရစ်တော်သည် စာရေးဆရာ မဟုတ်ခဲ့ပေ။ ယေရှုခရစ်တော်ရေးခဲ့သည့် စာရွက်တစ်ရွက်မျှပင် မရှိခဲ့ပေ။ ထာဝရဘုရားကိုယ်တိုင် ပညတ်တော်(၁၀)ပါးကို ကျောက်ပြားနှစ်ချပ်ပေါ်မှာရေး၍ မောရှေကို အပ်နှင်းခဲ့ကြောင်း ထွက်မြောက်ရာ ၃၄း၁၊ တရားဟောရာကျမ်း ၁၀း၂တွင် မှတ်တမ်းတင်ထားခဲ့ပါသည်။ ထိုပညတ်တော် (၁၀)ပါးတွင် ဘုရားနှင့်ပတ်သက်သောအပိုင်းနှင့် လူနှင့်ပတ်သက်သောအပိုင်းဟူ၍ နှစ်ပိုင်းရှိရာ၊ သေရည်သေရက်သောက်ခြင်းမှအပ လူနှင့်ပတ်သက်သောအချက်များသည် ငါးပါးသီလတွင် တွေ့ရပါသည်။
သခင်ယေရှုခရစ်သည် သူ့အကြောင်း၊ ဘုရားဘုံအကြောင်း၊ အပြစ်အကြောင်း၊ လူသား၏ အပြစ်များကို လွတ်ပေးခြင်းအကြောင်း၊ မာရ်နတ်နှင့်ကန့်ငရဲမီးအိုင်အကြောင်း၊ အပ္ပါယ်ငရဲမှ ကယ်တင်ခြင်းအကြောင်း၊ ဘုရားသားအဖြစ် သတ်မှတ်ခြင်းအကြောင်း၊ မာရ်နတ်နှင့်လူသားများကို တရားစီရင်ခြင်းအကြောင်း၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်အကြောင်း၊ ချစ်ခြင်းမေတ္တာအကြောင်း၊ ကမ္ဘာ၏နောက်ဆုံးကာလနှင့် ယေရှုခရစ်တော်ဒုတိယအကြိမ်ပြန်လာမည့်အကြောင်းနှင့် သူသည် ခရစ်တော်၏နာမပေါ်၌ အသင်းတော်ကို တည်ထောင်ခဲ့သည့်အကြောင်းနှင့် ယုံကြည်ခြင်း အကြောင်းများကို သွန်သင်ခဲ့ပါသည်။ ၃၃ အေဒီတွင် လူ့ဘုံမှ ဘုရားဘုံသို့ လူထုရှေ့မှ ပြန်တက်သွားခဲ့ပါသည်။ တမန်တော်များနှင့် အခြားသူများသည် သူတို့ ကိုယ်တိုင်ကြားခဲ့သော၊ သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့သော အကြောင်းအရာများကို မှတ်တမ်းတင်ထားခဲ့ခြင်းသာ ဖြစ်ကြောင်း သိရပါသည်။
သက်သေပြချက်-(၉)။ ကုန်ကျစရိတ်ရှုထောင့်မှသက်သေပြခြင်း။
အစ္စရေးတိုင်းပြည်၊ ယေရုရှလင်မြို့မှ တိဗက်ပြည်သို့ ပုံမှန် လူသွားလမ်းအတိုင်းသွားပါက အသွားအပြန် မိုင်ပေါင်း ၁၀,၀၀၀ ကျော် ရှိပါသည်။ ထိုကဲ့သို့ ဝေးလံသည့်ခရီးအတွက် လိုအပ်သည့် ကုန်ကျစရိတ်သည် အလွန်များလွန်းလှပါသည်။ တစ်ယောက်ထဲ ခရီးရှည်သွား၍ မဖြစ်နိုင်၍ ကူညီမည့်သူများ လိုအပ်ခဲ့မည် ဖြစ်ပါသည်။ ကူညီမည့်သူများ၊ အထမ်းသမားများကို ပေးရန် ကုန်ကျစရိတ်နှင့် အစားအသောက်များလည်း လိုအပ်မည် ဖြစ်ပါသည်။ သူ၏မိဘများကလည်း လက်သမားအလုပ်ကိုသာ လုပ်ခဲ့သည်။ အသွားခရီး မိုင်ပေါင်း ၅၀၀၀ ကျော် ဝေးလံသည့် ခရီးစဉ်အတွက် ကုန်ကျစရိတ်မှာ တတ်နိုင်ခဲ့မည် မဟုတ်ပေ။ အသက်(၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦးအတွက် မိုင်ပေါင်း ငါးထောင်ကျော်ခရီးသွားရန် ကုန်ကျစရိတ်ကို တွက်ချက်ကြည့်သော် တိဗက်သို့ သွားပြီး ရဟန်းတစ်ပါး၌ တပည့်ခံရန် ပညာသင်ယူခဲ့သည်ဟု ဆိုခြင်းသည် “ဆင်သေကို ဆိတ်သားရေနှင့် ဖုံးသလို” “နှံပြည်စုပ်ဌက် ပိန္နဲသီးချီတယ်ဆိုတဲ့” အပြော သက်သက်သာ ဖြစ်နိုင်ပါသည်။
သက်သေပြချက်-(၁၀)။ ကျန်းမာရေးရှုထောင့်မှသက်သေပြခြင်း။
အသွားခရီး မိုင်ပေါင်း ၅၀၀၀ ကျော်ဝေးလံသည့်ခရီး၊ အလွန်ကြမ်းတမ်းသည့်ခရီး၊ တိရိစ္ဆာန် ဘေးအန္တရာယ်၊ ကျွန်ပြုသည့်အန္တရာယ် အလွန်များပြားသည့် ထိုခေတ်အခါက မိဘများသည် (၁၂)နှစ် အရွယ် ကလေးငယ်တစ်ဦး၏ကျန်းမာရေးကို အထူးအလေးထား စဉ်းစားခဲ့မည်မှာ အလွန် သေချာလှပါသည်။
အလွန်အန္တရာယ်များပြီး အသွားခရီးမိုင်ငါးထောင်ကျော်ဝေးလံသည့်ဒေသ၊ မိမိလူမျိုးများ၊ မိမိဆွေမျိုးများ၊ မိမိလူမျိုးများမှ မည်သူတစ်ဦးတစ်ယောက်မှ မသိရှိ၊ မရောက်ရှိသေးသည့်ဒေသသို့ မိမိ၏ကလေးငယ်ကို မည်သူစေလွှတ်မည်နည်း။ သူငယ်လေးကို သူစိမ်းတိုင်းတစ်ပါးသို့ စေလွတ်ခဲ့သည်ဟု ဆိုခြင်းမှာ “ပြဒါးတစ်လမ်း၊ သံတစ်လမ်း” ဖြစ်နေပါသည်။ လူအချို့၏ ဝါဒဖြန့်မှုကို ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ စဉ်းစားတတ်သူတိုင်း အမှားနှင့်အမှန် ဆုံးဖြတ်နိုင်ပါစေ။