မေးခွန်း-(၁၄)။ ထာဝရဘုရားသခင်သည် သက်ရှိသက်မဲ့တို့ အသက်ရှင်ရေးအတွက် ရှူရှိုက်စရာလေနှင့် သောက်သုံးစရာ ရေတို့ကို ဖန်ဆင်းခဲ့သည်ဟု ကျမ်းစာ၌ လုံးဝ၊လုံးဝမရှိပါ။ ထိုကြောင့် လေနှင့်ရေကို ဖန်ဆင်းသည်ဆိုသည့် ကျမ်းစာ၏ စာမျက်နှာအထောက်အထားဖြင့် ခိုင်လုံစွာ သက်သေပြပါ။

Published on September 18, 2025 by Admin

ရှူရှိုက်စရာလေနှင့်သောက်သုံးစရာရေတို့ကို ဖန်ဆင်းခဲ့ခြင်း

ဖန်ဆင်းခြင်းနှင့်တီထွင်ဖန်တီးခြင်းသည် မတူညီပါ။ ဖန်ဆင်းခြင်းသည် ဤစကြဝဠာတွင် ဘာတစ်ခုမှ မရှိသည့် အရာများကို တန်ခိုးတော်အားဖြင့် တည်ရှိလာအောင်ပြုလုပ်ခြင်းကိုခေါ်ပါသည်။ ထာဝရဘုရားသည် ဖန်ဆင်းသူဖြစ်၍ လူသားသည် ထာဝရဘုရားဖန်ဆင်းခဲ့သောအရာများကို အခြေခံ၍ တီထွင်ဖန်တီးသူ ဖြစ်ပါသည်။   ဖန်တီးသူသည် ထာဝရဘုရားဖန်ဆင်းခဲ့သော မြေကြီးနှင့်မြေကြီးထဲ၌ ရှိသောအရာများ (အပူဓါတ်၊ အအေးဓါတ်၊ အချဉ်ဓါတ်၊ အခါးဓါတ်၊ အဖန်ဓါတ်၊ အဆိမ့်ဓါတ်၊ အဖြူသတ္တု၊ အနီသတ္တု၊ အဝါသတ္တု၊ အပြာသတ္တု၊ အစိမ်းသတ္တု၊ အနက်သတ္တု)ကို အသုံးပြုပြီး လူသားများ၏ အကျိုးအတွက် အသုံးအဆောင်များတီထွင်ထုတ်လုပ်ခြင်းကို တီထွင်ဖန်တီးခြင်းဟုခေါ်ပါသည်။ အရာရာတိုင်း၌ ပြုလုပ်သူရှိခြင်းသည် ဖန်ဆင်းရှင်ဘုရားရှိကြောင်း သက်သေများ ဖြစ်ပါသည်။

ထာဝရဘုရားသည် ရှူရှိုက်စရာလေနှင့်သောက်သုံးစရာရေတို့ကို ဖန်ဆင်းခဲ့ကြောင်း ဥပမာတစ်ခုဖြင့် ရှင်းပြလိုပါသည်။ ဥပမာ။ ဦးဖြူသည် ၁၉၁၉ခုနှစ်တွင် တိုက်အိမ်တစ်လုံးကို ဆောက်ခဲ့သည်ဟု ဦးမဲ မှတ်တမ်းတင်ခဲ့ပါသည်။ ဦးဖြူ၏အိမ်တစ်လုံး ဆောက်ခဲ့ခြင်း မှတ်တမ်းတွင် လှေကား၊ အခန်းများ၊ နံရံများ၊ အမိုး၊ ပြတင်းပေါက်များ၊ တိုင်များပါသည်ဟု ရေးမထားခဲ့ပါ။ သို့သော် အိမ်တစ်လုံးဆောက်ခဲ့ပြီးပြီဟု ဆိုရာတွင် အိမ်တစ်လုံးတွင်ရှိရမည့် တိုင်၊ နံရံ၊ လှေကား၊ တံခါး၊ ပြတင်းပေါက်၊ အခန်း၊ အမိုးတို့သည် အလိုအလျောက်ပါပြီး ဖြစ်သည်ကို နားလည်နိုင်ပါသည်။

ထိုနည်းတူ ကမ္ဘာဦးကျမ်းအခန်းကြီး(၁)၊ အငယ်(၁)မှာ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” ဟုဆိုရာ၌ ရေဓါတ်၊လေဓါတ်၊အပူဓါတ်များပါဝင်ပြီးသား ဖြစ်ပါသည်။ မြေကြီး၌ လေဓါတ်နှင့်ရေဓါတ် မပါဘဲ အစိုဓါတ်မရနိုင်ပေ။ အစိုဓါတ်မရှိလျှင် သစ်ပင်၊ ပန်းပင်၊ အသီးအရွက်၊ သက်ရှိသက်မဲ့များ မပေါက်နိုင်ပါ။ အပင်များ၊ ဟင်းသီးဟင်းရွက်များ မဖြစ်ထွန်းပါက သက်ရှိလူနှင့် တိရစ္ဆာန်များလည်း အသက်ရှင်၍ မရပါ။ သစ်ပင်များက အောက်ဆီဂျင်ဓါတ်ကို ထုတ်ပြီး၊ ထိုလေကို လူသားများနှင့်တိရစ္ဆာန်များက ရှူရှိုက်နေရပါသည်။ လူသားများက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ကို ထုတ်ပြီး၊ ထိုဓါတ်ကို အပင်များက စားသုံးနေရပါသည်။ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးကိုဦးစွာ ဖန်ဆင်းခဲ့ပြီး၊ ၎င်းမြေကြီးပေါ်မှာ လူ၊တိရစ္ဆာန်များနှင့် အပင်များကို နောက်မှဖန်ဆင်းခဲ့ကြောင်း သိရပါသည်။ ပါဠိဘာသာလိုတင်ပြရလျှင် မြေကြီးကို ပထဝီ၊ အပူဓါတ်ကို တေဇော၊ ရေဓါတ်ကို အာပေါ၊ လေဓါတ်ကို ဝါယောဟု ခေါ်ပါသည်။ လူ့ကိုယ်ခန္ဓာသည် မြေကြီးဖြင့် ပြုလုပ်ထားခဲ့မှုကြောင့် ပထဝီ၊တေဇော၊အာပေါ၊ ဝါယော ဓါတ်များဖြင့် ဖွဲ့စည်းထားပါသည်။ ထာဝရဘုရားပေးထားခဲ့သည့် သမ္မာတရားကို ကိုယ်ခန္ဓာထဲ၌ တွေ့ရသည့်အတွက် တရားရှာကိုယ်မှာတွေ့ဟုဆိုခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>