ဒေါက်တာ လာဆစ်ဒူကာနှင့် အပေါင်းအပါများရည်ညွှန်းနေသည့် အနန္တရောင်ခြည်မဂ္ဂဇင်း၊ အမှတ် ၂၂၉၊ သြဂုတ်လ ၂ဝဝ၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး၊ အင်တာနက်ဝက်ဆိုဒ် www.amazon.com မှာ ဖေါ်ပြခဲ့သည့် The Unknown life of Christ, ယေရှုခရစ်၏ (၁၈)နှစ် ကာလပျောက်ဆုံးနေခြင်းသည် တိဘတ် လာဒတ်ပြည်နယ်၊ ဟိမစ်ရှိ မဟာယာန ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ဇီဝကရိတ်ဘွဲ့ရ အမည်ဖြင့် (၁၈)နှစ်ကာလ ရှင်သာမဏေ၊ ရဟန်းဝတ်သွားခဲ့သည်ဟုဆိုခြင်းသည် အမှားကြီး မှားနေကြောင်း သက်သေများနှင့်တကွ ရှင်းလင်းလိုပါသည်။
အနန္တရောင်ခြည်မဂ္ဂဇင်း၊ အမှတ် ၂၂၉၊ သြဂုတ်လ ၂ဝဝ၅ ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေ၍ သော်လည်းကောင်း၊ ဒေါက်တာ အေအမ်ဘေကာ (A.M. Baker) မေး၍ ဘိက္ခူအရိယဓမ္မဖြေကြားသော ဗုဒ္ဓဝါဒပြဿနာ၊ ၁၉၇၄၊ နိုဝင်ဘာ၊ ပဉ္စမအကြိမ်၊ ရွှေဟင်္သာပုံနှိပ်တိုက်၊ ၉၂-၉၃ လမ်း၊ ရန်ကုန်၊ စာမျက်နှာ ၁၁၃-၁၁၅၊ အနောက်နိုင်ငံများတွင် The unknown life of Jesus Christ (မသိနိုင်သောခရစ်တော်၏ဘဝ) စာအုပ်သည် အရောင်းရဆုံးစာအုပ်ဖြစ်သည်ဟု Amazon.comမှ တစ်ဆင့် သိရပါသည်ဟု Dr. Lasith Tugar က ဖေါ်ပြထားခဲ့ပါသည်။ ထာဝရဘုရား၏ သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် ပုံနှိပ်ထုတ်ဝေမှု အများဆုံး၊ ဘာသာပြန်မှုအများဆုံး၊ ဖြန့်ချီမှုအများဆုံးနှင့် အရောင်းရဆုံးစာအုပ် ဖြစ်ပါသည်။ သမ္မာကျမ်းစာအုပ်ကို တစ်နှစ်လျှင် သန်းပေါင်း ၁၀၀ ပုံနှိပ်ထုတ်ဝေသည်။ ၁၈၁၅မှ ၁၉၇၅ခုနှစ်များတွင် အုပ်ရေသန်းပေါင်း ၂၅၀၀ ပုံနှိပ်ထုတ်ဝေခဲ့ပြီး၊ ၂၀၁၉ခုနှစ်တွင် သန်းပေါင်း ၄၀၀ ကျော် download လုပ်နေကြပါသည်။ ထိုသမ္မာကျမ်းစာအုပ်ကဲ့သို့ ပုံနှိပ်ထုတ်ဝေသော အခြားစာအုပ်နှင့် ရောင်းရသောအခြားစာအုပ်သည် ကမ္ဘာပေါ်၌ ယခုထိမရှိသေးသလို၊ နောင်လည်း ရှိမည်မဟုတ်ကြောင်း ပြောပြလိုပါသည်။
ထို The unknown life of Jesus Christ စာအုပ်ကို မူလရေးသူသည် A Crimean Jewish-Nicolas Notovitch 1858 August 25, 1916 ဖြစ်ပါသည်။ တိဗက်ပြည်မှ လူလေးဦး၏သက်သေခံချက်ကို အခြေခံ၍ ရေးထားခဲ့သည့်စာအုပ် ဖြစ်ပါသည်။ အဓိက အကြောင်းအရာမှာ ယေရှုခရစ်သည် တိဘတ်(Tibet) လာဒတ်(Ladakh)ပြည်နယ်၊ ဟိမစ်ရှိ (Hemis) မဟာယာန ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ဇီဝကရိတ်ဘွဲ့ရအမည်ဖြင့် အသက် ၁၃ နှစ်မှ ၂၉နှစ်ထိ၊ နှစ်ပေါင်း(၁၈)နှစ် ကာလအတွင်း ရှင်သာမဏေ၊ ရဟန်းဝတ်သွားခဲ့ကြောင်း ရေးသားထားခဲ့ပါသည်။ ထိုအချက်ကို အခြေခံပြီး ယေရှုခရစ်တော်ကို မသိသူများက ထပ်ဆင့် ဝါဒဖြန့်နေကြပါသည်။
ထာဝရဘုရားကို ကျေးဇူးတင်ခြင်း
The unknown life of Jesus Christ စာအုပ်ကို အမှန်ထင်ပြီး ထပ်ဆင့် ဝါဒဖြန့် ရေးသားပြောဆိုမှုများကို ပြန်လည်ရှင်းပြခွင့်ပေးသည့် ထာဝရဘုရားကို အထူးကျေးဇူးတင်မိပါသည်။ ဤမေးခွန်းများကို ဖြေဆိုနိုင်ရန် ရေလာမြောင်းပေးလုပ်ပေးသည့် Dr. Lasith Tugarနှင့်ကျောင်းအုပ်ဆရာကြီး ဦးရွှေကျော်တို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပြလိုပါသည်။
အမှားကို အမှန်ဖြစ်အောင်ရေးသားခြင်း၊ အမှန်ကိုအမှားဖြစ်အောင်ရေးသားခြင်း၊ မမှန်ကန်သည့် ဓါတ်ပုံများကို အမှန်ကဲ့သို့ဖန်တီးကာ မိမိလူမျိုးနှင့်လူသားအပေါင်းတို့ကို မိစ္ဆာဒိဋ္ဌိလမ်းသို့ ပို့ဆောင်ခြင်း၊ ငရဲပြည်သို့ပို့ ဆောင်နေသည့်သူများ နေရာတိုင်းနှင့်လူမျိုးတိုင်းမှာ ရှိနေကြပါသည်။ သတိထား စေလိုပါသည်။
Dr. Lasith Tugar သည် လူ့သမိုင်းအစကိုလည်းကောင်း၊ အစ္စရေးသမိုင်းနှင့် ယှဉ်ကျေးမှုကို လည်းကောင်း၊ မဟာယန ဗုဒ္ဓဘာသာသမိုင်းအမှန်ကိုလည်းကောင်း သိရန် လိုအပ်ပါသည်။ ဖန်ဆင်းရှင်၊ ကယ်တင်ရှင် ယေရှုခရစ်တော်ကို တိုက်ခိုက်ချင်သည့်ဆန္ဒစောဖြင့် မိစ္ဆာဒိဋ္ဌိကို သမ္မာဒိဋ္ဌိကဲ့သို့ လုပ်ဆောင်၍ မိမိလူများကို လှည့်ဖြားကာ ငရဲပြည်သို့ ပို့ဆောင်နေခြင်းသည် ထာဝရဘုရားရှေ့မှာ အလွန်ကြီးလေးသည့် ပြစ်မှုကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း သိစေလိုပါသည်။
လူ့ဦးနှောက်ရှိသူတိုင်းသည် အင်တာနက် ဝက်ဆိုက်မှာဘဲရေးရေး၊ စာအုပ်၊ စာပေ၊ မဂ္ဂဇင်း၊ ဂျာနယ်များမှာဘဲ ရေးရေး၊ ဝါဒဖြန့်၍ ရေးသားမှုများကို စီစစ်ပြီး၊ မှန်လျှင်မှန်၏၊ မှားလျှင်မှား၏ဟု ပြောရမည် ဖြစ်ပါသည်။ မသိလျှင်မေးရမည်၊ မစင်လျှင်ဆေးရမည်ဖြစ်ပါသည်။ အမှားကိုအမှန်၊ အမှန်ကိုအမှားဖြစ်အောင် ရေးသားပြီး၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဝါဒဖြန့်ခြင်းများသည် မာရ်နတ်နှင့် အပေါင်းအပါများ၏ ဒုစရိုက်လုပ်ငန်းများ သာ ဖြစ်ပါသည်။ သိဒ္ဓတ္ထဂေါတမသည်လည်း တရားကို စီစစ်ပြီးမှသာ အမှန်တရားကို လက်ခံရန် သူ၏တပည့်တော်များကို မိန့်မှာခဲ့ပါသည်။
တမလွန်မှာ နိဗ္ဗာန်ဘုံ၊သုခဘုံသို့သွားချင်သည့်လူသားများ ဘုရားစစ်ကို မကိုးကွယ်နိုင်အောင် လမ်းမှားသို့ ပို့ဆောင်နေသူများကို ယေရှုခရစ်တော်ဘုရားက ကန့်နှင့်လောင်ကျွမ်းသည့် ငရဲမီးအိုင်သို့ ပစ်ချမည့်အကြောင်း အမိန့်ထုတ်ပြန်ထားခဲ့သည်ကို ဗျာဒိတ် ၂ဝး၁ဝ-၁၅၊ ၂၁း၈တွင် ဖေါ်ပြထားခဲ့ပါသည်။
ဘာသာရေးကို ခုတုံးလုပ်ပြီး မိမိအကျိုးအတွက် လုပ်ဆောင်သူတို့၏ပရိယာယ်၊ ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှုအကြောင်းကို မသိ၍ ယုံမှားခဲ့ပြီး၊ လမ်းမှားရောက်ခဲ့ရသည့်သူများလည်း ဤစာကို ဖတ်ရှု၍ မှန်လျှင် မှန်၏၊ မှားလျှင် မှား၏ဟု ခံယူစေလိုပါသည်။ လူသားများကို မိစ္ဆာဒိဋ္ဌိဝါဒများဖြင့် ဖြားယောင်း သွေးဆောင်နေသော လူလိမ်၊လူမိုက်များနှင့် ဘာသာရေးဆရာများနောက်သို့ တရားများကို မစီစစ်ဘဲ၊ တနည်းအားဖြင့် အမှားအမှန်မခွဲခြားဘဲ လိုက်နေသူများသည် သိဒ္ဓတ္ထဂေါတမ၏သွန်သင်မှုများကို ဆန့်ကျင်သူများလည်း ဖြစ်ပါသည်။
ယခုဘဝမှာ မိမိရွေးချယ်သည့် အကြောင်းတရားကြောင့်၊ တမလွန်ဘဝမှာ ရရှိမည့်အကျိုးတရား ဖြစ်သည့် အပါယ်ငရဲသို့ပစ်ချခံရခြင်း သို့မဟုတ် နိဗ္ဗာန်ဘုံသို့ ချီဆောင်ခံရခြင်းကို ခံစားရမည် ဖြစ်ပါသည်။ လူသားများကို တရားစီရင်မည့်သူသည် ယေရှုခရစ်တော် ဖြစ်ကြောင်းသိစေလိုပါသည် (ရှင်မဿဲ ၂၈း၁၈၊ ဗျာဒိတ် ၂၂း၁၀-၁၃)။