မေးခွန်း-(၁၁)။ လူသားများကို ငရဲဘုံမှ ကယ်တင်၍ ဘုရားဘုံသို့ အရောက် ပို့ဆောင်သော ဘုရားကို သင် သိပါသလား။
ဘုရားစစ်ကို ကိုးကွယ်လိုသူတိုင်းသည် ငရဲဘုံသို့ ပစ်ချခြင်း ခံရမည့်အရေးမှ “ကယ်တင်သော ကယ်တင်ရှင် ဘုရားကို” သိရန်လိုအပ်ပါသည်။ လူသားများသည် မသေချင်သော်လည်း သေရန် ရှိနေသကဲ့သို့၊ ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းကို မခံလိုသော်လည်း ကမ္ဘာဦးလူသားနှစ်ဦး၏အသက်ကို ပေးခဲ့သည့်ဘုရား၊ သင်နှင့် လူတိုင်း၏အသက်သခင် ပိုင်ရှင်ဘုရားကို မကိုးကွယ်ပါက ငရဲမီးအိုင်သို့ ပစ်ချခြင်းကို အမှန်ခံရမည် ဖြစ်ပါသည်။ ငရဲဘုံသို့ ပစ်ချခြင်း ခံရသည့်အကြောင်းရင်းမှာ ကမ္ဘာဦးလူသားနှစ်ဦးမှဆင်းသက်လာခဲ့သော လူသားများသည် ထာဝရဘုရားရှေ့မှာ “အပြစ်” ရှိပါသည်။ အပြစ်ရှိကြောင်း သက်သေမှာ အဝတ်ဝတ်နေရခြင်း၊ တစ်ပတ်မှာ ခြောက်ရက်အလုပ်လုပ်၍ အသက်ရှင်နေရခြင်း နှင့် သေခြင်းကို ရင်ဆိုင်နေရခြင်းတို့ ဖြစ်ပါသည် (ကမ္ဘာဦးကျမ်း ၃း၁၀-၁၁)။
ငရဲမီးအိုင်သို့ ပစ်ချခြင်းကို မခံလိုသူတိုင်းသည်ယေရှုခရစ်တော်၏အကြောင်းကို ကြားနာရန်လိုအပ်ပါသည်။ကြားနာပြီးမှ ကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် ယေရှုခရစ်တော်ကို လက်ခံယုံကြည် ကိုးကွယ်ရပါမည်။ ယေရှုခရစ်တော်ကို လက်ခံယုံကြည်သည်ဟုဆိုရာတွင်-
(၁) မိမိ၏စိတ်နှလုံး၌ ယေရှုခရစ်တော်ကို မိမိ၏အသက်သခင်အဖြစ်ထားရမည် (မဿဲ ၇း၂၁၊ ရှင်ယောဟန် ၃း၃၊၁၆)။ ထိုသို့ပြုခြင်းသည် မနောကံ၌ ဘုရားတည်ခြင်း ဖြစ်ပါသည်။
(၂) မိမိ၏နှုတ်အားဖြင့် ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော်၊ အပြစ်များကို လွတ်ပိုင်သူ ကယ်တင်ရှင် ဖြစ်ကြောင်း ဝန်ခံရမည် (ရှင်မဿဲ ၁၀း၃၂)။ ထိုသို့ ဝစီကံဖြင့် ဝန်ခံခြင်းသည် မိမိ၏ယုံကြည်ခြင်းကို လူထုရှေ့မှာ လက်တွေ့ပြသခြင်း ဖြစ်ပါသည်။
(၃) မိမိ၏ကိုယ်ခန္ဓာကိုရေ၌နှစ်ခြင်းခံရမည်။ ရေ၌နှစ်ခြင်းခံခြင်းသည် ယေရှုခရစ်တော်နှင့် အတူသေခြင်း၊ ဇာတိအကျင့်များနှင့်အပြစ်များကို မြုပ်နှံခြင်းဖြစ်ပြီး၊ ရေထဲမှပြန်ထခြင်းသည် ယေရှုခရစ်တော်နှင့်အတူ သေခြင်းမှ ပြန်၍ ရှင်ခြင်းကို ပုံဆောင်ပါသည် (ရောမ ၆း၃-၄၊ တမန် ၂၂း၁၆)။
ယေရှုခရစ်တော်သည် လူသားများအတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အင်္ဂပရိစာဂပြုခဲ့ခြင်းကို ကိုယ်စားပြုသည့် မုန့်ကိုစား၍ လောကီသားများ၏အပြစ်ကို ဆေးကြောရန်အတွက် လက်ဝါးကပ်တိုင်၌ ဇီဝိတပရိစာဂပြုရာတွင် သွန်းခဲ့သော ယေရှုခရစ်တော်၏အသွေးတော်ကို ကိုယ်စားပြုသည့် စပျစ်ရည်ကို သောက်ရမည်။
အထက်ပါအတိုင်း ယေရှုခရစ်တော်ကို ယုံကြည်သောသူများကို ထာဝရဘုရား၏သားသမီးများအဖြစ် သတ်မှတ်ပြီး၊ သူတို့အတွက် ယေရှုခရစ်တော်သည် အပြစ်လွတ်ခြင်းအမိန့်ကို ထုတ်ပြန်ထားခဲ့ပါသည်။ ထိုအမိန့်မှာ “ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် အပြစ်စီရင်ခြင်းကို မခံရ” ဖြစ်ပါသည် (ရှင်ယောဟန် ၃း၁၈)။ ဤအပြစ်လွတ်ခြင်း အမိန့်အားဖြင့် ယေရှုခရစ်တော်ကို ယုံကြည်သောသူများအား ငရဲမီးအိုင်သို့ ပစ်ချခြင်း ခံရမည့် အရေးမှ ကယ်တင်ပြီး၊ ဘုရားဘုံသို့ ဝင်ခွင့်ကို ပေးထားခဲ့ပါသည်။
ထို့အပြင် ယေရှုခရစ်တော်သည် ထာဝရသေဒဏ်အမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ထိုထာဝရ သေဒဏ် အတွက် အမိန့်မှာ– “မယုံကြည်သောသူမူကား ဘုရားသခင်၏တစ်ပါးတည်းသော သားတော်၏နာမတော်ကို မယုံကြည်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကို ခံရမည်” ဖြစ်သည် (ရှင်ယောဟန် ၃း၁၈)။ ထိုအမိန့်ကြောင့် ယေရှု ခရစ်တော်ကို ငြင်းပယ်၍ လက်မခံသောသူတိုင်းသည် ဘုရားဘုံသို့ တက်ခွင့် မရရှိဘဲ၊ ထာဝရကန့်ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းကို အမှန်ခံရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုငရဲမီးအိုင်၌ ညှဉ်းဆဲခြင်းကို ကမ္ဘာအဆက်ဆက်ခံရမည် ဖြစ်ပါသည် (ရှင်ယောဟန် ၁၄း၆၊ ဗျာဒိတ် ၂၀း၁၀၊၂၁း၈)။
မေးခွန်း-(၁၁)။ လူသားများကို ငရဲသို့ပစ်ချခြင်းခံရမည့်အရေးမှကယ်တင်၍ ဘုရားဘုံသို့ အရောက်ပို့ဆောင်ရန် အာမခံချက် ဂတိ ပေးသောဘုရားကို သင် သိရှိပြီးပါက ထိုဘုရားကို သင်ကိုးကွယ်မည်လော၊ ငြင်းပယ်မည်လော။ သင့်ကို ငရဲမှ ကယ်တင်ရန်ဂတိပေးသော အခြားဘုရား တစ်ဆူဆူ ရှိပါက ထိုဘုရား၏နာမည်ကိုဖေါ်ပြပါ။
သင်၏အဖြေ။ ________________________________________________________________