ဘာသာတရားများမှ ဘုရားစစ်ထံသို့

Published on October 16, 2025 by Admin

မေးခွန်း-(၁၀)။ ကိုးကွယ်သူများ၏ယခုဘဝနှင့်နောင်ဘဝအတွက် အာမခံချက် ဂတိပေးသောဘုရားကို သင် ကိုးကွယ်နေပါသလား။

ဘုရားစစ်ကို ကိုးကွယ်လိုသူများသည် ကိုးကွယ်သူများအား ယခုဘဝနှင့်နောင်ဘဝအတွက် အာမခံချက် ဂတိပေးသောဘုရားကို သိရန် လိုအပ်ပါသည်။ယေရှု ခရစ်တော်သည် သူ့ကို ကိုးကွယ်သောသူများအား ယခုဘဝ နှင့် နောင်ဘဝအတွက် အာမခံချက် ဂတိတော်များကို ပေးခဲ့ပါသည်။

ယခုဘဝအတွက် ယေရှုခရစ်တော်၏ဂတိတော်များမှာ-ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့ ငါ့ထံသို့ လာကြလော့၊ ငါသည် ချမ်းသာပေးမည်” (ရှင်မဿဲ ၁၁း၂၈)။ “သင်တို့သည် ငါ၏နာမ၌ တစ်စုံတစ်ခုကို တောင်း လျှောက်လျှင် ငါသည် ထိုအရာကိုပြုမည်” ဖြစ်ပါသည် (ရှင်ယော ဟန် ၁၄း၁၄)။

တမလွန်ဘဝအတွက် ယေရှုခရစ်တော်၏ဂတိတော်မှာ ငါသည် သွား၍ သင်တို့နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” (ရှင်ယောဟန် ၁၄း၃)

ယေရှုခရစ်တော်သည် သူ့ကို ကိုးကွယ်သောသူများအတွက် နိဗ္ဗာန်ဘုံကို ပြင်ဆင်ပေးပြီး၊ မာရ်နတ်၊ သားရဲနှင့် မိစ္ဆာပရောဖက်များအတွက် ကန့်နှင့်ရောနှောသောမီးအိုင်ကို ပြင်ဆင်ထားပါသည် (ဗျာဒိတ် ၂၀း၁၀-၁၅)

မေးခွန်း (၁၀)။ ကိုးကွယ်သူများ၏ယခုဘဝနှင့်နောင်ဘဝအတွက် အာမခံချက် ဂတိပေးသောဘုရားကို သင်သိရှိပြီးပါက ထိုဘုရားကို သင်ကိုးကွယ်မည်လော၊ ငြင်းပယ်မည်လော။ သင့်ကို အာမခံချက် ဂတိတစ်ခုမှ မပေးသောဘုရားများကို သင်ကိုးကွယ်မည်လော။

သင်၏အဖြေ။ _________________________________________________________________

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>