မေးခွန်း-(၈)။ လူသားများကို တရားစီရင်မည့်ဘုရားကို သင်သိပါသလား။
ဘုရားစစ်ကို ကိုးကွယ်လိုသူတိုင်းသည် လူသားများအား တရားစီရင်မည့်သူကို သိရန် လိုအပ်ပါသည်။ လူသား အားလုံးကို တရားစီရင်မည့်ဘုရားသည်ယေရှုခရစ်တော်ဖြစ်ကြောင်း ယေရှုခရစ်တော်၏မိန့်မှာချက်နှစ်ချက်ကို သက်သေအဖြစ် ဖေါ်ပြလိုပါသည်။
ယေရှုခရစ်တော်သည် ဘုရားဘုံသို့ တက်ကြွသွားခဲ့ပြီးနောက် လူသားများအားသတိပေးခဲ့သည်မှာ “ယေရှုက၊ ငါသည် အလျှင်အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်”ဟု လူသားများအား သတိပေးခဲ့ပါသည် (ဗျာဒိတ်ကျမ်း ၂၂း၁၂)။
ယေရှုခရစ်တော်က၊ ငါသည် ကောင်းကင်နှင့်မြေကြီးပေါ်မှာ စီရင်ပိုင်ခွင့်ရှိသည်ဟု မိန့်တော်မူခဲ့ပါသည် (ရှင်မဿဲ ၂၈း၁၈၊ ရှင်ယောဟန် ၅း၂၃၊ တမန်တော် ၁၇◌း၃၁၊ ၂ကောရိန္သု ၅း၁၀)။
မေးခွန်း (၈)။ သင်သည် လူသားများအား တရားစီရင်မည့်ဘုရားကို သိရှိပြီးပါက ထိုဘုရားကို ကိုးကွယ်မလား၊ ငြင်းပယ် မလား။ သင်သည် ယေရှုခရစ်တော်၏တရားစီရင်ခြင်းကိုခံရမည့် သင်္ခါရဘုရားများကို ကိုးကွယ်နေပါသလား။
သင်၏အဖြေ။ _________________________________________________________________