ဘာသာတရားများမှ ဘုရားစစ်ထံသို့

Published on October 16, 2025 by Admin

မေးခွန်း (၅)။ သင်သည် သေခြင်းမစ္စုမာရ် စတင်ရှိလာခဲ့ခြင်းကို သိပါသလား။ သေခြင်းမစ္စုမာရ်ကို အုပ်စိုးသော ယေရှုခရစ်တော်ဘုရားကို သင်ကိုးကွယ်လိုပါသလား။

 သင်၏အဖြေ။ _________________________________________________________________

မေးခွန်း-(၆)။ မိရိုးဖလာ ကိုးကွယ်မှု ဘာသာအစစ်ကို သင်သိပါသလား။

ဘုရားစစ်ကို ကိုးကွယ်လိုသူတိုင်းသည် မိရိုးဖလာ ကိုးကွယ်မှု ဘာသာအစစ်ကို သိရမည်။ မိရိုးဖလာ ကိုးကွယ်မှုများကို ခြေရာခံလိုက်ရှာသည့်အခါ မိဘဆိုသည့် ဝေါဟာရသည် ကမ္ဘာဦး လူသားနှစ်ဦးမှ အစပြုခဲ့ပြီး၊  ဘုရားဆိုသည့်ဝေါဟာရသည် ထာဝရဘုရားမှ အစပြုခဲ့ကြောင်း သိရပါသည်။

ထိုကြောင့် ကမ္ဘာဦးလူသားနှစ်ဦး- အာဒံနှင့်ဧဝရှိလာအောင် ပြုလုပ်ခဲ့သော ထာဝရဘုရားကို ကိုးကွယ်ခဲ့သည့် ဘာသာတရားသည် မူလမိရိုးဖလာ ကိုးကွယ်မှု သို့မဟုတ် မိရိုးဖလာ ကိုးကွယ်မှုဘာသာအစစ် ဖြစ်ပါသည်။ ယခု ဤကမ္ဘာပေါ်တွင် ရှိနေသော ဘာသာတရားများသည် မူလမိရိုးဖလာ ကိုးကွယ်မှု ဘာသာမှသွေဖယ်လာခဲ့သည့် သင်္ခါရလောက ဘာသာတရားများသာ ဖြစ်ပါသည်။

လူတိုင်းသည် သင်္ခါရလောက ဘာသာတရားများမှ အစဉ်တည်မြဲ၍ မှန်ကန်သည့် မူလမိရိုးဖလာ ကိုးကွယ်မှုသို့ ပြန်သွားသင့်ပါသည်။ သင်္ခါရလောက ဘာသာတရားတစ်ခုမှ အခြားသင်္ခါရလောက ဘာသာတရားတစ်ခုသို့ ကူးပြောင်းခြင်းသည် သဲထဲရေသွန်သကဲ့သို့ အဓိပ္ပါယ်မဲ့နေပါသည်။ သင်္ခါရလောက ဘာသာတရားများနှင့် ဂိုဏ်းဂဏများသည် ဤကမ္ဘာကြီးနှင့်အတူပျောက်ကွယ်သွားမည် ဖြစ်ပါသည် (၂ပေတရု ၃း၇)။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>