မေးခွန်း-(၄)။ လူသားများ၏မူလအစသည် ကမ္ဘာဦးလူသားနှစ်ဦးဖြစ်ကြောင်း သင်သိပါသလား။
ဘုရားစစ်ကို ကိုးကွယ်လိုသူတိုင်းသည်လူသားများ၏မူလအစကို သိရမည်။ လူသားများ၏မူလအစကို သိမှသာ ဘုရားစစ်ကိုသိ၍ ကိုးကွယ်နိုင်မည်။
လူတိုင်းသည် မိဘနှစ်ပါးထံမှဆင်းသက်လာရာ၊ ယနေ့အသက်ရှင်လျှက်ရှိနေသော ကမ္ဘာလူသားများသည် ဘုရား၏လူ- နောဧ၊ ရှေမ၊ ဟာမ၊ ယာဖက်နှင့် သူတို့၏မိန်းမများ၊ စုစုပေါင်း ရှစ်ဦးထံမှ ဆင်းသက်လာခဲ့ရပါသည်။ နောဧ၊ ရှေမ၊ ဟာမ၊ ယာဖက်ကို ဟိန္ဒူဘာသာအားဖြင့် “ဗြဟ္မာကြီး လေးပါး”ဟုခေါ်ကြောင်း သိရပါသည်။ ထိုဗြဟ္မာကြီး လေးပါးသည်လည်း သူတို့၏မိဘနှစ်ပါးမှ ဆင်းသက်ခဲ့ပါသည်။ မိဘများအားလုံး၏အချုပ်သည် ကမ္ဘာဦးလူသားနှစ်ဦး- အာဒံနှင့်ဧဝ ဖြစ်ပါသည်။ ထိုလူသားနှစ်ဦး ရှိလာအောင်ပြုခဲ့သည့်သူမှာ “ထာဝရဘုရား” ဖြစ်ပါသည်။ထိုထာဝရဘုရားကို ပါဠိအခေါ်အားဖြင့် ကမ္ဘာဦးဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ ထာဝရဗုဒ္ဓဟုခေါ်ကြောင်း သိရပါသည်။ ဘုရားကို ပါဠိဘာသာအားဖြင့် ဗုဒ္ဓ ဟုခေါ်ပါသည်။ ထိုဗုဒ္ဓသည် သိဒ္ဓတ္ထဂေါတမ မမွေးဖွားမီ အချိန်ကပင်ရှိခဲ့ကြောင်း နှစ်ကျိပ်ရှစ်ဆူသမိုင်းအားဖြင့် သိရပါသည်။ (ကမ္ဘာဦးကျမ်း ၁၁း၁-၉)
ထာဝရဘုရားက မြေမှုန့်ကိုယူ၍ လူရုပ်ကို ပြုလုပ်ပြီး၊ လူရုပ်၏နာခေါင်းမှ အသက်ဇီဝကို မှုတ်သွင်းအနေဂဇာ တင်သည့်အခါ မြေရုပ်သည် အသက်ရှင်သောသတ္တဝါ ဖြစ်လာခဲ့ကြောင်း သိရပါသည်။ ထိုသတ္တဝါကို ထာဝရဘုရားက “လူ”ဟု ခေါ်ခဲ့ပါသည်။ ထိုလူကို လူယောကျ်ား“အာဒံ”ဟု သမုတ်ခဲ့ပါသည်။ ထာဝရဘုရားက အာဒံ၏နံရိုးတစ်ချောင်းကို ထုတ်၍ ဒုတိယလူ “ဧဝ”ကို ဖန်ဆင်းခဲ့ပါသည်။ မိခင်၏နံရိုးသည် ဖခင်ထံမှလာခဲ့၍ “မိရိုးဖလာ”ဟူသော စကားသည် ကမ္ဘာဦးအချိန်ကပင် ရှိလာခဲ့ကြောင်း သိရပါသည်။ “ဧဝ”သည် အသက်ရှင်သော လူသားအပေါင်း၏အမိ ဖြစ်ခဲ့ပါသည် (ကမ္ဘာဦးကျမ်း ၃း၂၀)။ လူ၏အပြင် ကိုယ်ခန္ဓာသည် မြေမှုန့်မှ လာခဲ့သောကြောင့် မြေကြီးကို အမှီပြု၍ အသက်ရှင်နေရ သကဲ့သို့၊ လူ၏အတွင်းလူဖြစ်သည့် နံဝိညာဉ်သည် ထာဝရဘုရားမှုတ်သွင်း အနေဂဇာ တင်ခဲ့သောသူ ဖြစ်သောကြောင့် ထာဝရဘုရားကို အမှီပြု၍ အသက်ရှင်နေရပါသည် (ကမ္ဘာဦးကျမ်း ၃း၁၇-၁၈၊ ဒေသနာကျမ်း ၁၂း၇)။
ကမ္ဘာဦးလူသားနှစ်ဦးဖြစ်သည့် အာဒံနှင့်ဧဝကို ဖန်ဆင်းခဲ့သော ထာဝရဘုရားသည် လူမျိုးတိုင်းနှင့် နိုင်ငံတိုင်း ကိုးကွယ်ရမည့် “ဘုရားစစ်” ဖြစ်ပါသည်။ မျောက်မှဆင်းသက်လာခဲ့သောလူမျိုး သို့မဟုတ် ဆင့်ကဲဆင့်ကဲ ပြောင်းလဲခြင်းဖြင့် လူဖြစ်လာခဲ့သောလူမျိုး၊ အလိုအလျောက်ဖြစ်လာခဲ့သောလူမျိုး ဟူ၍ ဤကမ္ဘာပေါ်တွင် မရှိပေ။ ရှိပါက ပြောပြပါ။
မေးခွန်း (၄)။ သင်နှင့်သင်တို့လူမျိုးသည် မိဘနှစ်ပါးထံမှ လူဖြစ်လာခဲ့ပါသလား၊ သို့မဟုတ် မည်သည့်နေရာမှ လူဖြစ်လာခဲ့ ပါသနည်း။ လူတိုင်း၏နံဝိညာဉ်ကို ပေးခဲ့သော ထာဝရဘုရားကို မကိုးကွယ်ပါက သေလျှင် ငရဲဘုံသို့ ဆင်းရမည်ကို သင်သိပါသလား။
သင်၏အဖြေ။ ______________________________________________________