မေးခွန်း-(၁၇)။ ပြတ်သားသောဆုံးဖြတ်ချက်ကိုချပါ။
လူတိုင်းသည် ရွှေအစစ်နှင့်ရွှေအတုနှစ်မျိုးထဲမှ ရွှေအစစ်ကိုသာလိုချင်၍ ဝယ်ချင်ကြပါသည်။ ထိုနည်းတူ လူတိုင်းသည် ဘုရားစစ်နှင့်ဘုရားအတုအယောင် နှစ်မျိုးထဲမှ ဘုရားစစ်ကိုသာ ကိုးကွယ်လိုကြပါသည်။ နိစ္စဘုရား (ခေါ်) ဘုရားစစ်သည် တစ်ဆူတည်းသာရှိပြီး၊ အနိစ္စဘုရားများ (ခေါ်) ဘုရားအတုအယောင်များသည် အတုတစ်ထောင်၊ အယောင်တစ်သိန်း၊ ဂင်္ဂါဝါဠု သဲစုမက များပြားနေပါသည်။
လူတိုင်းသည် “ကိုယ်စီးတဲ့မြင်း အထီးလား၊ အမလား” သိရန် လိုအပ်သကဲ့သို့၊ ကိုယ်ကိုးကွယ်နေသည့် ဘုရားသည် ဘုရားအစစ်လား၊ ဘုရားအတုလားသိရန် လိုအပ်ပါသည်။ သင်သည် ဘုရားစစ်ကို ကိုးကွယ်မလား၊ သင်္ခါရဘုရားများကို ကိုးကွယ်မလား “ပြတ်သားသောဆုံးဖြတ်ချက်ကိုချပါ”။ သူများယောင်လို့ ယောင်၊ အမောင်တောင်မှန်းမသိ၊ မြောက်မှန်းမသိ၊ အုတ်ရောရော၊ ကျောက်ရောရော လုပ်နေသူ မဖြစ်ပါစေနှင့်။
မေးခွန်း (၁၇)။ နိစ္စဘုရားနှင့်အနိစ္စဘုရားများ နှစ်မျိုးအနက် သင်သည် မည်သည့်ဘုရားကို ကိုးကွယ်ရန် ဆုံးဖြတ်ချက် ချပြီးပြီလဲ၊ သင်၏ဆုံးဖြတ်ချက်ကို ရေးပါ။
သင်၏အဖြေ။ _________________________________________________________________
နိဂုံး (Conclusion)
အထက်ပါမေးခွန်းများနှင့်အဖြေများကို လေ့လာခြင်းဖြင့် လူတိုင်း၊ မိသားစုတိုင်း၊ နိုင်ငံတိုင်းနှင့် ဘာသာတရားတိုင်း ကိုးကွယ်ရမည့် စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသောဘုရားသည် ယေရှုခရစ်တော်ဖြစ်ကြောင်း သိနိုင်မည်ဟု ယုံကြည်ပါသည်။ သင်သည် ယေရှုခရစ်တော်ကဲ့သို့သော အခြားဘုရားမရှိကြောင်းသိပြီးပါက သင်သည် ထိုဘုရားကို ကိုးကွယ်မလား၊ ငြင်းပယ်မလား သင်ဆုံးဖြတ်ပါ။ လူတိုင်း ဘုရားစစ်ကို ကိုးကွယ်နိုင်ပြီး၊ နောင်ဘဝ၌ ဘုရားဘုံသို့ ရောက်ရှိ နိုင်ကြပါစေ။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်-