မေးခွန်း (၁၆)။ သင်သည် အောက်ပါ ဘဝသင်ခန်းစာများကို သိပါသလား။
- တောင်ယာခုတ်မှား တစ်နှစ်၊ အိမ်ထောင်ပြုမှား တစ်သက်၊ ဘုရားမှားနောက်လိုက်တော့ သံသရာလုံးမှောက်ကာ ကန့်ငရဲမီးအိုင်ထဲ၌ ကမ္ဘာအဆက်ဆက် ညှင်းဆဲခြင်းကို ခံရမည်(မာကု ၉း၄၄၊ ဗျာဒိတ် ၂၀း၁၀-၁၁)။
- တရားကျင့်လေ၊ ငရဲကျလေ (တရားကိုကျင့်လေလေ၊ ငရဲကျလေလေ)။
- ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိသာ (ကောင်းမှုကုသိုလ်ပြုလေလေ၊ ငရဲကျလေလေ)။
- ပိုးဖလံမျိုး မီးကိုတိုး၊ ကိုယ်ကျိုးနည်းလတ္တံ့။ (ပိုးဖလံမျိုးသည် သေရမည့် မီးထဲသို့ တိုး၍သွားသကဲ့သို့၊ လူသားများလည်း မိမိ၏အသက်ကို ပေးခဲ့သောဘုရားကို မကိုးကွယ်ဘဲ၊ ဥပါဒန်အစွဲအလန်းများကြောင့် သင်္ခါရဘုရားများကို ကိုးကွယ်ခြင်းဖြင့် သေရမည့် ကန့်ငရဲမီးအိုင်ထဲသို့ ဆက်လက် သွားနေကြသည်ကို သိစေလိုခြင်း ဖြစ်ပါသည်)။
- ဘုရားမှအပ အခြားကိုးကွယ်ရာ မရှိ (နိစ္စဘုရားကို ကိုးကွယ်ပါ။ အတုတစ်ထောင်၊ အယောင်တစ်သိန်း၊ ဂင်္ဂါဝါဠုသဲစုမက များနေသော အနိစ္စသင်္ခါရဘုရားများကို မကိုးကွယ်ရဟု ဆိုလိုခြင်း ဖြစ်သည်)။
- ငရဲဘုံသို့ ဆင်းသွားရမယ့်လမ်းဆိုရင် အမေ့လမ်းစဉ်ဘဲဖြစ်ဖြစ်၊ အဖေ့လမ်းစဉ်ဘဲဖြစ်ဖြစ်၊ မည်သည့် လမ်းစဉ်ဘဲ ဖြစ်ဖြစ် လုံးဝ (လုံးဝ) မလိုက်ကြပါနှင့်။
မေးခွန်း (၁၆)။ သင်သည် အထက်ပါ ဘဝသင်ခန်းစာများကို ခံယူမည်လော၊ ငြင်းပယ်မည်လော။သင်၏အဖြေ။
_________________________________________________________________