ဘာသာတရားများမှ ဘုရားစစ်ထံသို့

Published on October 16, 2025 by Admin

မေးခွန်း-(၁၅)။ သင်သည် ယေရှုခရစ်တော်တည်ထောင်ခဲ့သောအသင်းတော်နှင့် ဘာသာရေး ခေါင်းဆောင်များ တည်ထောင်သောအသင်းတော်များကို ခွဲခြားတတ်ပါသလား။

ယေရှုခရစ်တော်ကိုကိုးကွယ်သူများဖြစ်စေ၊ အခြားဘာသာဝင်များဖြစ်စေ ယေရှုခရစ်တော် တည်ထောင်ခဲ့သော အသင်းတော်နှင့် ဘာသာရေးခေါင်းဆောင်များတည်ထောင်ခဲ့သောအသင်းတော်များအကြောင်းကို ခွဲခွဲခြားခြား သိရှိရန် လိုအပ်ပါသည်။ ထိုအသင်းတော်နှစ်ခုကို မခွဲခြားတတ်ပါက သမ္မာတရားမှ လမ်းလွှဲနေမည် ဖြစ်ပါသည်။

အသင်းတော်ဆိုသည်မှာ ယေရှုခရစ်တော်ကိုလက်ခံယုံကြည်ကိုးကွယ်သော သူများကို ခေါ်ပါသည်။ ထိုသူများကို မြင်ရသော အသင်းတော်ဟုလည်းခေါ်ကြပါသည်။ ယေရှုခရစ်တော်ကို လက်ခံယုံကြည်ကိုးကွယ်သူတိုင်းသည် ခရစ်တော်၏အသင်းတော်သား ဖြစ်ပါသည် (ရှင်မဿဲ ၁၆း၁၆-၁၈၊ ရောမ ၁၆း၁၆-၁၈၊ ၁ ကောရိန္သု ၁၂း၂၇၊ဧဖက်၁း၂၂-၂၃)

မမြင်ရသောအသင်းတော်ဆိုသည်မှာ ယေရှုခရစ်တော်ကို လက်ခံယုံကြည်သူများ၏နံဝိညာဉ်များကိုခေါ်ကြောင်း သိရပါသည်။ ယေရှုခရစ်တော်သည် အသင်းတော်၏ဦးခေါင်းဖြစ်ပြီး၊ အသင်းတော်သည် သူ၏ကိုယ်ခန္ဓာ ဖြစ်ပါသည်။ ယေရှုခရစ်တော်၌ ဂိုဏ်းဂဏဟူ၍ မရှိပေ။ ဂိုဏ်းဂဏများကို တည်ထောင်သောသူများမှာ ဘာသာရေးခေါင်းဆောင်များ ဖြစ်ပါသည်။  နာမည်ကျော်ဇောမှု၊ ငွေ၊ လူမျိုး နှင့် လွှဲမှားသော ခံယူချက်များကြောင့် ခရစ်တော်၏နာမကို အခြားသော နာမများဖြင့် အစားထိုးကာ ဂိုဏ်းဂဏများကိုတည်ထောင်လာခဲ့ခြင်း ဖြစ်ပါသည်။

ယေရှုခရစ်တော် တည်ထောင်ခဲ့သောအသင်းတော်နှင့် ဘာသာရေး ခေါင်းဆောင်များ တည်ထောင်ခဲ့သော ဂိုဏ်းဂဏ အသင်းတော်များအကြောင်းကို အောက်ပါဇယားဖြင့် အကျဉ်းချုပ် လေ့လာကြပါစို့။

စဉ်ခေါင်းစဉ်ခရစ်တော်တည်ထောင်ခဲ့သော အသင်းတော်လူများတည်ထောင်ခဲ့သော ဂိုဏ်းဂဏအသင်းတော်များ
တည်ထောင်သူယေရှုခရစ်တော်ဘာသာရေးခေါင်းဆောင်ဆရာများ
အသင်းတော်၏ နာမည်ခရစ်တော်၏အသင်းတော်။ (ရှင်မဿဲ ၁၆း၁၆-၁၈၊ ၇း၂၄-၂၅၊ ရောမ ၁၆း၁၆-၁၈၊ ၁ ကောရိန္သု ၃း၁၁၊၁၄)။လူမျိုးနှင့်ဆိုင်သောအသင်းတော်များ၊အလုပ်နှင့်ဆိုင်သောအသင်းတော်များ၊လူပုဂ္ဂိုလ်နှင့်ဆိုင်သောအသင်းတော်များ၊ခံယူချက်နှင့်ဆိုင်သောအသင်းတော်များ၊နည်းလမ်းနှင့်ဆိုင်သောအသင်းတော်များ၊ (၁ကော ၃း၁၂)။
တည်ထောင်သည့် ခုနှစ်အေဒီ ၃၃ (အေဒီ ၃၃ မှ အေဒီ ၁၀၅၄ ကာလသည် ခရစ်တော်၏ အသင်းတော် တစ်ခု တည်းသာ ရှိပြီး၊ ဂိုဏ်းဂဏ မရှိခဲ့သော ကာလ ဖြစ်ပါသည်)။အေဒီ ၁၀၅၄ နောက်ပိုင်းတွင် ခရစ်တော်၏ အသင်းတော်သားများသည်  Roman Catholic Church  (RC အသင်းတော်) and Eastern Orthodox (အော်သိုဒေါ့စ် အသင်းတော်) ဟူ၍ စတင်ကွဲသွားခဲ့ပါသည်။ ခရစ်တော်၏နာမကို ဖယ်ရှားပြီး၊ ယုံကြည်သူများ အားလုံးကို ရောမကက်သိုလစ် အသင်းတော် အောက်သို့ သွတ်သွင်းခဲ့ပါသည်။ ထိုအသင်းတော် မှ အခြားဂိုဏ်းများ အလီလီခွဲထွက်လာခဲ့ခြင်းဖြင့် ဂိုဏ်းဂဏများစွာရှိလာခဲ့ခြင်း ဖြစ်ပါသည်။
အသင်းတော်ပေါင်းတစ်ပါးတည်းသောအသင်းတော်   ဓမ္မသစ်ကျမ်း၌ဖေါ်ပြထားသောအသင်းတော်များသည် ဒေသန္တရအသင်းတော် များဖြစ်၍ ၎င်းတို့အားလုံးသည် ခရစ်တော်၏အသင်းတော်များ ဖြစ်သည် (ရောမ ၁၆း၁၆-၁၈၊ ရောမ ၁၂း၄-၅၊ ၁ကော ၅း၃၊ ၆း၁၆၊ ၁၀း၁၇၊ ၁၂း၁၂-၂၀၊ ဧဖက် ၄း၄၊ ၅း၃၀)။မတူကွဲပြားခြားနားသော အသင်းတော်ပေါင်းများစွာရှိသည်။
ဗဟိုဌာနချုပ်အသင်းတော်အတွက် ဤကမ္ဘာပေါ်တွင် ဌာနချုပ် မထားခဲ့ပါ။ (ဧဖက် ၁း၂၂-၂၃၊ ကောလောသဲ ၁း၁၈) ဂိုဏ်းဂဏအသင်းတော်တိုင်းသည် လောကီ ပုံစံအတိုင်း ဌာနချုပ်ကိုယ်စီ ရှိပါသည်။
အုပ်ချုပ်ခြင်းယေရှုခရစ်တော်သည် အသင်းတော်၏ အုပ်ချုပ်မှုအာဏာကို ဒေသန္တရ အသင်းတော် တစ်ခုစီကို အပြည့်အဝ ပေးထားခဲ့ပါသည်။ ခရစ်တော်နှင့် တမန်တော်(၁၂)ပါး၏ သွန်သင်မှုများဖြင့် အုပ်ချုပ်သည် (တိတု ၁း၅-၉၊ ၁ တိမောသေ ၃း၁-၁၃)။လောကီပုံစံအတိုင်း ဗဟိုဌာနချုပ်များကို တည်ထောင်၍ ဂိုဏ်းဂဏ၏မူဝါဒများနှင့် ခံယူချက်များကို သတ်မှတ်ကာ အသင်းတော်များကို အုပ်ချုပ်သည်။ (ယေရှုခရစ်တော်သည် အသင်းတော်ကို အုပ်ချုပ်ရန် အခွင့်အာဏာကို လူတို့ တည်ထောင်သော ဌာနချုပ်များအား ပေးထားခဲ့ခြင်း မရှိပါ။)
နှစ်ခြင်းခံခြင်းယေရှုခရစ်တော်၏သေခြင်းနှင့်ပြန်၍ရှင်ခြင်းကို ပုံဆောင်သည့် ရေ၌ တစ်ကိုယ်လုံး နှစ်ခြင်းကို ခံယူကြပါသည် (ရှင်မဿဲ ၂၈း၁၉၊ ရှင်မာကု ၁၆း၁၅-၁၆၊ ရှင်ယောဟန် ၃း၁၈)။ဂိုဏ်းဂဏများ၏ခံယူချက်အတိုင်း- အချို့သည် နှစ်ခြင်းခံသည်၊ အချို့သည် ရေဖျန်းခြင်းကိုခံယူသည်၊အချို့သည် ရေလောင်းခြင်းကို ခံယူကြပါသည်။
သခင်ညစာ (ပဋိညာဉ် တရားသစ်)ယုံကြည်သူများစုဝေးသည့် တနင်္ဂနွေ နေ့တိုင်းနှင့် စုဝေးသည့်အခါခါတိုင်း သုံးဆောင်သည် (ရှင်မဿဲ ၂၆း၂၆-၂၈၊ ရှင်လုကာ ၂၂း၁၉-၂၀၊ ၁ ကော ၁၀း၁၆-၁၇၊ ၁၁း-၂၆-၃၅၊ ရှင်ယောဟန် ၆း၅၃-၅၄)။ဂိုဏ်းဂဏများ၏ခံယူချက်အတိုင်း- အချို့တစ်လ တစ်ခါသုံးဆောင်သည်။ အချို့သုံးလ တစ်ခါသုံးဆောင်သည်။ အချို့ခြောက်လ တစ်ခါသုံးဆောင်သည်။ အချို့တစ်နှစ် တစ်ခါသုံးဆောင်သည်။
သာသနာလုပ်ငန်းခရစ်တော်၏သာသနာ (ရှင်မဿဲ ၂၈း၁၉-၂၀၊ ရှင်မာကု ၁၆း၁၅-၁၆၊ တမန် ၁း၈၊ ၄း၂၀၊၂ တိမောသေ ၄း၂၊၁ ယောဟန် ၅း၁၁)။ဂိုဏ်းဂဏများ၏ခံယူချက်အတိုင်း- လူမျိုးဆိုင်သော သာသနာများ၊အလုပ်နှင့်ဆိုင်သော သာသနာများ၊လူပုဂ္ဂိုလ်နှင့်ဆိုင်သော သာသနာများ၊ခံယူချက်နှင့်ဆိုင်သောသာသနာများ၊ နည်းလမ်းနှင့်ဆိုင်သောသာသနာများ

ဂိုဏ်းဂဏများရှိနေခြင်း၏ဆိုးကျိုးများ။ ဂိုဏ်းဂဏများရှိနေခြင်းကြောင့်ခရစ်တော်၏အသင်းတော်ကို ဖြိုကွဲစေခြင်း၊ ခရစ်တော်ဘုရား၏သွန်သင်ခြင်းကို ဆန့်ကျင်နေခြင်း၊ မိသားစုများ၊ ညီအစ်ကိုမောင်နှမများ၊ ရွာသားများ၊ လူမျိုးစုများနှင့် ယုံကြည်သူများသည် စည်းလုံးညီညွတ်ခြင်းကို မရရှိနိုင်သည့်အပြင်၊ခရစ်တော်၏သာသနာအတွက် အတူတစ်ကွ လုပ်ဆောင်ခြင်းကို ဟန့်တားနေပါသည်။

ယေရှုခရစ်တော်သည်- ထာဝရဘုရား ဖြစ်ပါသည်။ သူ၏နာမသည် လူသားများ၏အပြစ်ကို လွတ်ပိုင်သောနာမ၊ လူသားများကို ငရဲသို့ ပစ်ချခံရမည့်အရေးမှ ကယ်တင်သောနာမ၊ လူသားများကို ကာကွယ်စောင့်ရှောက်သောနာမ၊ လူသားများကို အစဉ်ကျွေးမွေးသောနာမ၊ နှစ်ခြင်းခံရမည့်နာမ၊ ဆုတောင်းခံရမည့်နာမ ဖြစ်ပါသည်။ နိဗ္ဗာန်ဘုံနှင့် ငရဲဘုံကိုစီစဉ်သောဘုရား၊  လူတိုင်း၏နံဝိညာဉ်ကို ပေးခဲ့သောဘုရားနှင့်ပိုင်ဆိုင်သောဘုရား ဖြစ်ပါသည်။  သူသည် အသင်းတော်၏ ဦးခေါင်းနှင့်အသင်းတော်၏ပိုင်ရှင် ဖြစ်သည်။

တစ်လုံးတစ်ဝတည်း ညီညွတ်ရန်အချက်များ။ ကယ်တင်ရှင်တစ်ပါးတည်း၊ အသင်းတော်လည်းတစ်ပါးတည်း၊ ယုံကြည်ခြင်း တစ်ပါးတည်း၊ သန့်ရှင်းသောဝိညာဉ်တော်တစ်ပါးတည်း၊ နှစ်ခြင်းတစ်ပါးတည်း၊ ပြုလုပ်ရမည့် ဧဝံဂေလိသာသနာ တစ်ပါးတည်း၊  နောင်ဘဝတွင်ရောက်ရမည့် နိဗ္ဗာန်ဘုံလည်း တစ်နေရာတည်းသာ ရှိပါသည် (ရှင်မဿဲ ၁၆း ၁၈၊ ရှင်ယောဟန် ၁၇း၂၁၊ ရောမ ၁၆း၁၆-၁၇၊ ဧဖက် ၄း၅)။

အကြံပြုချက်များ။ လူမျိုးတိုင်းသည် နောင်တရ၍ လောကဘာသာတရားများမှ လူတိုင်း၏အသက်ကိုပိုင်သော ဘုရားစစ်ထံသို့ ကူးပြောင်းရန် လိုအပ်သကဲ့သို့၊ ခရစ်ယာန်များသည်လည်း လောကီပုံစံဖြစ်သော ဂိုဏ်းဂဏဝါဒ၊ ဂိုဏ်းဂဏ အသင်းတော်များ၊ ဂိုဏ်းချုပ် နှင့် ဂိုဏ်းဂဏသာသနာများကို ဗဟိုပြု၍ အသက်ရှင်နေခြင်းမှ နောင်တရရန် လိုအပ်ပါသည်။ ခရစ်တော်ကို ဗဟိုပြုခြင်း၊ ခရစ်တော်၏အသင်းတော်နာမကို ဝန်ခံခြင်း နှင့်ခရစ်တော်၏သာသနာကို တစ်ညီ တစ်ညွတ် တည်း လုပ်ဆောင်ခြင်းသည် သခင်ဘုရား၏အလိုတော်ကို ဝန်ခံခြင်း ဖြစ်ပါသည်။ 

သင်၏အချိန်၊ သင်၏ဓနဥစ္စာနှင့် သင်၏လုပ်အားများကို ဂိုဏ်းဂဏများ ဆက်လက်တည်ထောင်ခြင်း နှင့် ဂိုဏ်းဂဏ သာသနာများတွင် အသုံးပြုမည့်အစား၊  ခရစ်တော်၏အသင်းတော်နှင့် ခရစ်တော်၏သာသနာ ခေါင်းစဉ် အတွက်သာ အသုံးပြုခြင်းသည် ခရစ်တော်၏သွန်သင်မှုနှင့်ကိုက်ညီကြောင်း တင်ပြလိုပါသည်။

ဂိုဏ်းဂဏပေါင်းစုံနှင့် ဂိုဏ်းဂဏ အသီးသီးဆိုသည့် ဝေါဟာရများအစား၊ ဒေသန္တရအသင်းတော်အသီးသီးဟူ၍ အသုံးပြုပါက ယုံကြည်သူများ၏ညီညွတ်ခြင်းကို ဖြစ်ထွန်းစေမည်ဟု တင်ပြလိုပါသည်။ ဘုရားဘုံထိရောက်မည့် အသင်းတော်နာမသည် ခရစ်တော်တည်ထောင်ခဲ့သောအသင်းတော်၏နာမဖြစ်ပြီး၊ ဘာသာရေးခေါင်းဆောင်များ တည်ထောင်သည့် ဂိုဏ်းဂဏအသင်းတော်နာမများသည် ဤကမ္ဘာနှင့်အတူ ပျောက်ကွယ်သွားလိမ့်မည်ဟု နားလည်ရပါသည်။

မေးခွန်း (၁၅)။ သင်သည် ယေရှုခရစ်တော်နောက်သို့ လိုက်မလား၊ ခရစ်ယာန်ဂိုဏ်းဂဏခေါင်းဆောင်များနောက်သို့ လိုက်မလား။ 

သင်၏အဖြေ။ _________________________________________________________________

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>