မေးခွန်း-(၁၄)။ လူတိုင်းသည် ယေရှုခရစ်တော်ကို အဘယ်ကြောင့် လိုအပ်ကြောင်း သင် သိရှိပါသလား။
ယေရှုခရစ်တော်သည် လူတိုင်း၏အသက်ကိုပေးခဲ့သောဘုရားနှင့်ပိုင်ဆိုင်သောဘုရား၊ အပြစ်သားများအတွက် အင်္ဂပရိစာဂနှင့် ဇီဝိတပရိစာဂ ပြုခဲ့သော မေတ္တာရှင်ဘုရား၊ နောင်တရ၍ သူ့ကိုကိုးကွယ်သူများ၏အပြစ်များကို လွတ်ပေး၍ ငရဲဘုံသို့ ပစ်ချခံရမည့်အရေးမှကယ်တင်သောဘုရား၊ ခေါ်လျှင်ထူးသောဘုရား၊ ကိုးကွယ်သူများကို ကာကွယ်စောင့်ရှောက်သောဘုရား၊ ကိုးကွယ်သူများ၏ လိုအပ်ချက်များကို အစဉ်ဖြည့်ဆည်းပေးသောဘုရား၊ ဝန်လေး နေသောသူများအား ငြိမ်သက်ခြင်းနှင့် ချမ်းသာခြင်းကိုပေးသောဘုရား၊ ကိုးကွယ်သူများ၏ ဆုတောင်းသံကို နားထောင်၍ အဖြေပေးသောဘုရား၊ လူသားများ၏စားဝတ်နေရေးအတွက် ဂတိပေးသောဘုရား၊ သူ့ကို ကိုးကွယ် သူများအတွက် နိဗ္ဗာန်ဘုံကို ပြင်ဆင်ပေး၍ ထိုနေရာသို့ အရောက်ပို့ဆောင်ရန် အာမခံချက် ဂတိပေးသော ဘုရား၊ သူ့ကို မကိုးကွယ်သော သူများအတွက် ငရဲဘုံကို ပြင်ဆင်ပေးသောဘုရား၊ လူ့ဘုံ၊ နိဗ္ဗာန်ဘုံ၊ ငရဲဘုံ၊ မရဏာနှင့် မရဏာနိုင်ငံကို အုပ်စိုးသောဘုရား၊ နေရာတိုင်းနှင့် အချိန်တိုင်း၌ အစဉ်ရှိနေသော အနန္တတန်ခိုးရှင်ဘုရား ဖြစ်ပါသည် (ရှင်မဿဲ ၆း၃၀-၃၄၊ ၇း၇၊ ရှင်ယောဟန် ၃း၁၆၊ ၁၄း၆၊ ဟေဗြဲ ၁၃း၈၊ )။
ယေရှုခရစ်တော်သည် သေသောသူတို့နှင့်ရှင်သောသူတို့ကို အစိုးရသောဘုရား၊ လူနှင့်နတ်တို့ ပေးနိုင်၊ မစနိုင်သည် ထက် ပို၍ ပေးနိုင်သောဘုရား၊ မစနိုင်သောသခင်တကာတို့၏သခင်ဘုရား ဖြစ်ပါသည် (ရှင်မဿဲ ၆း၃၁-၃၄၊ ရောမ ၁၄း၉)။
ဤကမ္ဘာပေါ်၌ လူသားများသည် သူ၏အုပ်စိုးမှုအောက်၌ အသက်ရှင်နေရသကဲ့သို့၊ နိဗ္ဗာန်ဘုံသို့ဝင်စားခွင့်ရသော နံဝိညာဉ်များကို ဖြစ်စေ၊ ငရဲဘုံသို့ပစ်ချခြင်းခံရမည့်နံဝိညာဉ်များကိုဖြစ်စေ အစဉ်အုပ်စိုးနေသောထာဝရဘုရား ဖြစ်ပါသည်။ ထို့ကြောင့် လူတိုင်းသည် ယေရှုခရစ်တော်ကို ယခုဘဝနှင့် နောင်ဘဝအတွက် မရှိမဖြစ် လိုအပ်နေသော ဘုရား ဖြစ်ပါသည် (ဖိလိပ္ပိ ၂း၁၀-၁၁)။
မေးခွန်း(၁၄)။ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်နေသောဘုရားသည် ယေရှုခရစ်တော်ဖြစ်ကြောင်း သင် သိပြီးပါက ထိုဘုရားကို သင်ကိုးကွယ်မည်လော၊ ငြင်းပယ်မည်လော။ ထိုယေရှုခရစ်တော်ဘုရားကဲ့သို့ လူသားများ၏အကျိုးကို ပြုလုပ်ပေးနိုင်သောအခြားဘုရားတစ်ဆူဆူ ရှိပါက နာမည်ဖေါ်ပြပါ။
သင်၏အဖြေ။ _________________________________________________________________