မေးခွန်း-(၁၂)။ လူတိုင်း၏နံဝိညာဉ်ကို ပိုင်ဆိုင်သောဘုရားကို သင်သိပါသလား။
ဘုရားစစ်ကို ကိုးကွယ်လိုသူတိုင်းသည် သင်နှင့်လူတိုင်း၏နံဝိညာဉ်ကို ပိုင်ဆိုင်သောဘုရားကို သိရန် လိုအပ်ပါသည်။ ကမ္ဘာဦးလူသားနှစ်ဦး၏ အသက် (ခေါ်) နံဝိညာဉ်ကို ပေးခဲ့သည့်ဘုရား၊ လူတိုင်း၏အသက်သခင် ပိုင်ရှင်ဘုရားသည် ဘုရားစစ် ဖြစ်ပါသည်။ သင်နှင့်လူတိုင်း ကိုးကွယ်ရမည့်ဘုရားလည်း ဖြစ်ပါသည်။
ယေရှုခရစ်တော်သည် သင်နှင့်လူတိုင်း၏အသက်ကို ပိုင်ဆိုင်သောထာဝရဘုရား ဖြစ်ပါသည်။ ယေရှုခရစ်တော်က၊ “ငါသည် လမ်းခရီး ဖြစ်၏။ သမ္မာတရား ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံ မရောက်ရ” ဟု မိန့်မှာခဲ့ပါသည် (ရှင်ယောဟန် ၁၄း၆)။
အသက်ဆိုသည်မှာ လူ၏အတွင်းလူ (ခေါ်) နံဝိညာဉ်ကို ခေါ်ပါသည်။ ထိုနံဝိညာဉ်သည် နောင်ဘဝသို့ ကူးမည့်ပုဂ္ဂိုလ်နှင့် ဘုရားနှင့်ဆက်သွယ်သည့်ပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။ သင်၏နံဝိညာဉ်ကို ပေးခဲ့ပြီး၊ ထိုနံဝိညာဉ်ကို ပိုင်ဆိုင်သည့် သခင်ဘုရားကို ကိုးကွယ်ပါက ထိုလူ၏နံဝိညာဉ်သည် ဘုရားဘုံသို့ ဝင်စားခွင့်ရပြီး၊ ထိုဘုရားကို မကိုးကွယ်ပါက ငရဲဘုံသို့ ပစ်ချခြင်းကို အမှန်ခံရမည် ဖြစ်ပါသည်။ ယေရှုခရစ်တော်ပြင်ဆင်နေသည့် ကောင်းကင်သစ် နှင့်မြေကြီးသစ်ကို ပါဠိအခေါ်အားဖြင့် နိဗ္ဗာန်ဘုံဟုခေါ်ပါသည် (ရှင်ယောဟန် ၁၄း၃-၄)။
မေးခွန်း-(၁၂)။ လူတိုင်း၏အသက် (ခေါ်) နံဝိညာဉ်ကို ပိုင်ဆိုင်သောသခင်ဘုရားကို သင်သိရှိပြီးပါက ထိုဘုရားကို သင်ကိုးကွယ်မည်လော၊ ငြင်းပယ်မည်လော။ သင်၏နံဝိညာဉ်ကို ပိုင်ဆိုင်သည့် အခြားဘုရား တစ်ဆူဆူရှိပါက ထိုဘုရား၏ နာမကို ရေးပါ။
သင်၏အဖြေ။ _________________________________________________________________