ဘာသာတရားများမှ ဘုရားစစ်ထံသို့

Published on October 14, 2025 by Admin

မေးခွန်း-(၃)။ ဘုရားစစ်သည် တစ်ဆူတည်းသာရှိကြောင်း သင်သိပါသလား။

ကွယ်လွန်သည့်နေ့တွင် ဘုရားဘုံသို့ ရောက်လိုသူတိုင်းသည် ဘုရားစစ်ကို သိရန်လိုအပ်ပါသည်။ ဘုရားစစ်သည် တစ်ဆူတည်းသာ ရှိပါသည်။ သက်သေပြရသော်-ဘာသာစကားများအရ “ရေ”ကို နာမည်အမျိုးမျိုး ခေါ်နေကြသော်လည်း ရေသည်  အမျိုးမျိုးရှိနေခြင်း မဟုတ်ဘဲ၊ “တစ်မျိုးတည်းသာ” ရှိသကဲ့သို့၊ မီး၊ လေ၊ နေ၊ လ၊ ကမ္ဘာနှင့် သေခြင်းတို့ကိုလည်း ဘာသာစကားအလိုက် နာမည်အမျိုးမျိုး ခေါ်နေကြသော်လည်း ၎င်းတို့သည် အမျိုးမျိုးသီးခြားစီ ရှိနေခြင်း မဟုတ်ဘဲ၊ မီးတစ်မျိုးတည်း၊ လေတစ်မျိုးတည်း၊ သေခြင်းတစ်မျိုးတည်းနှင့် နေ၊ လ၊ ကမ္ဘာတို့သည်လည်း “တစ်လုံးစီသာ” ရှိပါသည်။ ထိုအရာတစ်ခုစီသည် ဘာသာတိုင်း၊ လူမျိုးတိုင်းနှင့်နိုင်ငံတိုင်းအတွက် ဖြစ်ပါသည်။ ၎င်းတို့သည် ဘာသာတစ်ခုစီ၊ လူတစ်မျိုးစီနှင့် နိုင်ငံတစ်ခုစီအတွက် သီးသန့်ဟူ၍ မရှိကြပေ။

ထိုနည်းတူ ဘာသာစကားအလိုက် ဘုရားကို နာမည်အမျိုးမျိုး ခေါ်နေကြသော်လည်း ဘုရားစစ်သည် “တစ်ဆူတည်းသာ” ရှိပါသည်။ ထိုတစ်ဆူတည်းသောဘုရားသည် သင်္ခါရဘုရားများကို ဖန်ဆင်းခဲ့သောဘုရား၊ ဘာသာတိုင်း၊ လူမျိုးတိုင်းနှင့်နိုင်ငံတိုင်း ကိုးကွယ်ရမည့်ဘုရား ဖြစ်ပါသည်။

ပါဠိကျမ်းစာတွင် ဧကောဗုဒ္ဓေါ၊ ဧကောဓမ္မော၊ ဧကောသံဃောသည် တစ်ဆူတည်းသော ဘုရားကို ရည်ညွှန်း နေပြီး၊ နိစ္စဗုဒ္ဓသည် အစဉ်ထာဝရ အသက်ရှင်နေသောဘုရား၊ သမ္မာသမ္ဗုဒ္ဓသည် အစဉ်တည်မြဲမှန်ကန်၍ မဖေါက်ပြန် သောဘုရားကို ရည်ညွှန်းနေပါသည်။

တစ်မျိုးတည်းသာရှိသော“ရေ”ကို မရရှိသောသူသည် သေရန် သေချာနေသလို၊ တစ်မျိုးတည်းသာ ရှိသော“လေ”ကို မရရှိသောသူတိုင်းသည်လည်း အမှန်သေရမည်။ ထိုနည်းတူ လူတိုင်းသည် မသေချင်သော်လည်း သေရသကဲ့သို့၊ လူတိုင်း၏အသက်ကိုပိုင်သည့်ဘုရားစစ်ကို မကိုးကွယ်သော လူတိုင်းသည် ငရဲဘုံသို့ မသွားချင်သော်လည်း မြေကြီးလက်ခတ်မလွှဲ သွားရမည် ဖြစ်ပါသည်။

ယေရှုခရစ်တော်သည် အစနှင့်အဆုံး၊ ထာဝရဘုရား၊ သမ္မာတရား၊ အသက်နှင့်လမ်းခရီးဖြစ်သောကြောင့် လူမျိုးတိုင်းကိုးကွယ်ထိုက်သောဘုရား ဖြစ်ပါသည် (ဗျာဒိတ်ကျမ်း ၁း၁၇-၁၈၊ ၂၂း၁၃၊ ရှင်ယောဟန် ၁း၁-၁၄၊ ၁၄း၆၊ ဟေဗြဲ ၁၃း၈၊ ဟေရှာယ အနာဂတ္တိကျမ်း ၉း၆)။

မေးခွန်း (၃)။ လူမျိုးတိုင်း၊ ဘာသာတိုင်း၊ နိုင်ငံတိုင်းကိုးကွယ်ထိုက်သည့် တစ်ဆူတည်းသော ဘုရားစစ်ရှိကြောင်း သင်သိရှိ ပြီးပြီလား။ ထိုဘုရားကို သင်ကိုးကွယ်လိုပါသလား။

သင်၏အဖြေ။ _________________________________________________________________

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>