ဘာသာတရားများမှဘုရားစစ်ထံသို့

Published on October 14, 2025 by Admin

မေးခွန်း-(၂)။ သင်သည် ဘုရားစစ်ကို ကိုးကွယ်နေသူ ဖြစ်ပါသလား၊ သင်္ခါရဘုရားများကို  ကိုးကွယ် နေသူ ဖြစ်ပါသလား။

ကွယ်လွန်သည့်နေ့တွင် ဘုရားဘုံသို့ ရောက်လိုသူတိုင်းသည် ဘုရားစစ်ကိုသာ ကိုးကွယ်ရမည်။ ဘုရားစစ်ကို သိရှိနိုင်ရန် သင်္ခါရဘုရားများနှင့် ယေရှုခရစ်တော်ကို အောက်ပါဇယားတွင် နှိုင်းယှဉ်တင်ပြလိုက်ပါသည်။

စဉ်ဘုရားစစ်၏အရည်အချင်းများသင်္ခါရဘုရားများယေရှုခရစ်တော်
ဘုရားစစ်သည် မေထုန်သံဝါသ ကင်းရမည် (ပါဠိလို ကိလေသမာရ်ကို အောင်သူ ဖြစ်ရမည်)။သင်္ခါရဘုရားများသည် မေထုန်သံဝါသ နှင့် မကင်းပေ။ယေရှုခရစ်တော်သည် မေထုန်သံဝါသနှင့် ကင်းရှင်းသူ ဖြစ်သည် (ဟေရှာယ အနာဂတ္တိ ကျမ်း ၇း၁၄၊ ၉း၆၊ ရှင်မဿဲ ၁း၁၈-၂၁)။
ဘုရားစစ်သည် နတ်များကို အုပ်စိုးသောဘုရား ဖြစ်ရမည် (ပါဠိလို ဒေဝပုတ္တမာရ်ကို အောင်သူ ဖြစ်ရမည်)။သင်္ခါရဘုရားများသည် နတ်၏အုပ်စိုးခြင်းကို ခံရသူများ ဖြစ်ပါသည်။ယေရှုခရစ်တော်သည် နတ်များကို အုပ်စိုးသောဘုရား ဖြစ်သည် (ရှင်မဿဲ ၂၅း၄၁-၄၂၊ ဗျာဒိတ် ၂၀း၁၀-၁၄)။
ဘုရားစစ်သည် သေခြင်းကို အောင်ရမည် (ပါဠိလို သေခြင်း မစ္စုမာရ်ကို အောင်သူ ဖြစ်ရမည်)။သင်္ခါရဘုရားများသည် သေခြင်းကို အောင်ခြင်း မရှိပေ။ သေခြင်း၌ ဘဝနိဂုံး ချုပ်သူများ ဖြစ်သည်။ယေရှုခရစ်တော်သည် သေခြင်းကို အုပ်စိုးသောဘုရား ဖြစ်သည် (ရှင်မဿဲ ၂၈း၆၊ တမန် ၁း၈-၉၊ ၁ကောရိန္သု ၁၅း၁၆၊ ဗျာဒိတ် ၁း၁၈)။
ဘုရားစစ်သည် ကိုယ်ခန္ဓာ ပုပ်ပျက်ခြင်း ကင်းရမည် (ပါဠိလို ခန္ဓာမာရ်ကို အောင်သူ ဖြစ်ရမည်)။သင်္ခါရဘုရားများသည် ကိုယ်ခန္ဓာ ပုပ်ပျက်ခြင်း၊ ပျက်စီးခြင်း ရှိသည်။ယေရှုခရစ်တော်သည် သေခြင်းကိုအောင်ခဲ့သောကြောင့် ခန္ဓာကိုယ် ပုပ်ပျက်ခြင်း မရှိခဲ့ပေ။  (တမန်တော် ၂း၂၇၊ ၃၁၊ ၁၃း၃၅၊ ဆာလံ ၁၆း၁၀)။ (ရှင်ခြင်း= ရှင်မဿဲ ၂၈း၆၊ တမန် ၁း၈-၉၊ ၁ကောရိန္သု ၁၅း၁၆၊ ဗျာဒိတ် ၁း၁၈)။
ဘုရားစစ်သည် သဘာဝကို အုပ်စိုးရမည် (ပါဠိလို အဘိသင်္ခါရမာရ်ကို အောင်သူ ဖြစ်ရမည်)။သင်္ခါရဘုရားများသည် သဘာဝတရား၏အုပ်စိုးမှုအောက်၌သာ ရှိသည်။ယေရှုခရစ်တော်သည် သဘာဝကို အုပ်စိုးသောဘုရား ဖြစ်သည် (မာကု ၄း၃၉၊  လုကာ ၈း၂၄၊ ၁ ကောရိန္သု  ၁၅း၂၆၊ ၅၅-၅၇၊ ရောမ ၆း၉)။
ဘုရားစစ်သည် လူတိုင်း၏အသက်ကို ပိုင်ရမည်။ လူ၏အသက်ကို မပိုင်သော ဘုရားများသည် ဘုရားစစ် မဟုတ်ပေ။သင်္ခါရဘုရားများသည် လူ၏အသက်ကို ပိုင်ဆိုင်ခြင်း မရှိပေ။ သူတို့၏အသက်ကိုလည်း သူတို့ မပိုင်ဆိုင်ကြပေ။ယေရှုခရစ်တော်သည် လူတိုင်း၏အသက်ကို ပိုင်သည့် ဘုရား ဖြစ်သည် (ရှင်ယောဟန် ၁း၁-၁၄၊ ၁၄း၆၊ ဗျာဒိတ် ၁း၁၇-၁၈၊ ၂၂း၁၀-၁၃)။
ဘုရားစစ်သည် လူ့ဘုံ၊ နိဗ္ဗာန်ဘုံ၊ ငရဲဘုံကို ပြုလုပ်သူ နှင့် အုပ်စိုးသူ ဖြစ်သည်။သင်္ခါရဘုရားများသည် လူ့ဘုံ၊ နိဗ္ဗာန်ဘုံ၊ ငရဲဘုံကို ပြုလုပ်ခြင်း နှင့် အုပ်စိုးခြင်း မရှိပေ၊ယေရှုခရစ်တော်သည် ထာဝရဘုရား ဖြစ်သည်။ လူ့ဘုံ၊ နိဗ္ဗာန်ဘုံ၊ ငရဲဘုံကို ပြုလုပ်သူ နှင့် အုပ်စိုးသူ ဖြစ်သည်။ (ရှင်ယောဟန် ၁း၁-၁၄၊ ရှင်မဿဲ ၂၈း၁၈၊ ဖိလိပ္ပိ ၂း၁၀-၁၁၊ ဗျာဒိတ် ၁း၁၈၊ ၂၂း၁၃)။
ဘုရားစစ်သည် အစဉ်အသက်ရှင်သောဘုရား ဖြစ်ရမည် (ပါဠိအခေါ် နိစ္စဗုဒ္ဓ ဖြစ်ရမည်)။သင်္ခါရဘုရားများသည် အိုနာသေခြင်းနှင့် မကင်းသောဘုရားများ ဖြစ်ပါသည်။ယေရှုခရစ်တော်သည် အစဉ်အသက်ရှင်သောဘုရား ဖြစ်သည်(ရှင်ယောဟန် ၁း၁-၁၄၊ ၂၀း၂၈၊ ကောလောသဲ ၂း၉၊ ဟေဗြဲ ၁း၈၊ ၁၃း၈၊ ဗျာဒိတ် ၁း၁၇-၁၈၊ ၂၂း၁၃)
ဘုရားစစ်သည် ဘုရား၏ဂုဏ်တော် ၉ပါး အရည်အချင်းများ ရှိသည်။သင်္ခါရဘုရားများသည် ဘုရား၏ဂုဏ်တော် ၉ ပါး အရည်အချင်းများ မရှိပေ။ယေရှုခရစ်တော်သည် ဘုရား၏ဂုဏ်တော် ၉ပါး အရည်အချင်းများ ရှိသည် (ရှင်မဿဲ ၂၈း၁၈၊ ရှင်ယောဟန် ၁း၁-၁၄၊ ဂလာတိ ၅း၂၂-၂၃)။

ဘုရား၏ဂုဏ်တော်ကိုးပါးနှင့်ပြည့်စုံသော အတုမရှိဗုဒ္ဓ မြတ်စွာဘုရား။ (The incomparable Buddha, who is perfect with the nine virtues of the Buddha) (ဣတိပိ ဤသို့သော ဘဂဝါ မြတ်စွာဘုရား)

စဉ်ပါဠိဂုဏ်တော်များ (ဣတိပိသောဘဂဝါ)အဘိဌာန်  အဓိပ္ပါယ်ယေရှုခရစ်တော်  
အရဟံ(အရဟ)  စာ-၁၂၄ကိလေသာနှင့်ကင်း သူ၊ သံသရာ၏ အကန့်အထောက်ကို ဖျက်စီးနိုင်သူ၊  အပျိုကညာမှလူ့ဇာတိ ခံယူလာခဲ့သူ (ရှင်မဿဲ၁း၁၈)၊ ဥပုသ်နေ့၏ အရှင်သခင် (ရှင် မဿဲ ၁၂း၈) လူ့ဘုံနှင့်ကောင်းကင်ဘုံကို အုပ်စိုးသူ (ရှင်မဿဲ ၂၈း၁၈)၊ ကောင်းကင်ဘုံ၊ လူ့ဘုံ၊ ငရဲဘုံကို အုပ်စိုးသူ (ဖိလိပ္ပိ ၂း၁ဝ-၁၁)။  
သမ္မာသမ္ဗုဒ္ဓေါ (ဗုဒ္ဓ)    စာ-၁၀၀၆  မဖေါက်ပြန်သော၊ တည်မြဲသောဘုရား၊  အစနှင့်အဆုံးဖြစ်သူ(ဗျာ၂၂း၁၃)။ မနေ့၊ ယနေ့ နောင်ကာလအစဉ် တည်ရှိသူ (ဟေဗြဲ ၁၃း၈)  
 ဝိဇ္ဇာစရဏ သမ္ပန္နော  စာ-၈၇၇အရာရာအားလုံးကို သိသူ  ဖန်ဆင်းရှင် (ယောဟန် ၁း၁-၃၊ ၁၄၊ ၁ ယော ၃း၂၊ )၊  
သုဂတော    စာ-၁၀၄၇  သန့်ရှင်းသော မြတ်စွာဘုရား  ဘုရားသခင်သည် သန့်ရှင်းသည် (၁ကော ၃း၁၇၊ ဝတ်ပြု ၁၁း၄၄-၄၅)။  
လောကဝိသူ ချုပ်ငြိမ်းခြင်းအားလုံး ကိုနားလည်သူ၊    စာ-၈၃၃လောက၏ ချုပ်ငြိမ်း မှုကိုပြုသူ၊ လောကမှန် နိဗ္ဗာန်သို့ ပို့ဆောင်သူ၊ လောက၏ဖြစ်ခြင်း၊  ကောင်းကင်နှင့်မြေကြီးကို စီရင်ပိုင် ခွင့်ရှိသည်၊ ပြုလုပ်၍ ပိုင်ဆိုင်သည် (ရှ င်မဿဲ ၂၈း၁၈၊ ယော ၁း၁-၃။  
၆ အနုတ္တရော ပု ရိသ ဒမ္မသာ ရထိ    စာ-၆၈၅လူသားများကို ပဲ့ပြင်ဆုံးမသူ၊ အတုမရှိ သောမြတ်စွာဘုရား၊  လူသားများကို အလင်းပေးသူ(ရှင် မဿဲ ၄း၇၊ ယော ၈း၁၂၊ ၁၄း၆)။  
သတ္ထာ ဒေဝ မနုဿနံစာ-၆၄လူသားများ၏နံဝိညာဉ် ကိုကယ်တင်သော ဘုရား၊ လူနတ်တို့ ကိုးကွယ်ထိုက်သော ဘုရား၊  လူနတ်သတ္တဝါအားလုံးကိုးကွယ်ထိုက် သောဘုရား (ဖိလိပ္ပိ ၂း၁၀-၁၁)။
ဗုဒ္ဓေါ (ဧက+ဗုဒ္ဓ၊ ဧကော+ဗုဒ္ဓေါ)စာ-၂၅၃တ စ် ဆူ တည်းသောဘုရား၊ သစ္စာတရားကိုချုပ် တော်မူသူ၊  အစနှင့်အဆုံး ဖြစ်တော်မူသောဘုရား (ဗျာဒိတ် ၁း၁၇-၁၈၊ ၂၂း၁၃)၊  
ဘဂဝါစာမျက်နာ-၇၂၀-မာရ်ငါးပါးကို ဖျက်စီး အောင်မြင်သူ၊  မာရ်ငါးပါးကိုတစ်ပါးမကျန် အောင်သူ(ရှင်မဿဲ ၁း၁၂၁၊ ၄း၇၊ ၂၈း၆၊ ၁၄း၂၁)

မှီငြမ်းကိုးကား။ ဗုဒ္ဓဘာသာကောင်းတစ်ယောက် စမန ၆၆၊ အခန်း (၁၁) နှင့် ဦးဟုတ်စိန်

ပြုစုသော ပါဠိ မြန်မာအဘိဌာန်၊

မေးခွန်း (၂)။ သင်ကိုးကွယ်သောဘုရား၏နာမကို ရေးပါ။ ထိုဘုရားသည် ဘုရားစစ် ဖြစ်ပါသလား၊ သင်္ခါရဘုရား ဖြစ်ပါသလား။ သင်၏အဖြေ။ _________________________________________________________________

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>