မေးခွန်း-(၁)။ သင်၌ရှိနေသော ဥပါဒါန်အစွဲအလန်းများသည် သင့်ကို ငရဲဘုံသို့ ပို့ဆောင်နေသော အရာများဖြစ်ကြောင်း သင်သိပါသလား။
ဘုရားစစ်ကို ကိုးကွယ်လိုသူတိုင်းသည် ဥပါဒါန်အစွဲအလန်းများဖြစ်သည့် မိရိုးဖလာစွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ဒေသစွဲများကို ပထမဦးစွာ ဖယ်ရှားရမည်။ ထိုအစွဲအလန်းများသည် လူသားများကို ငရဲဘုံသို့ ပို့ဆောင်နေသည့် အဓိကအရာများ ဖြစ်ပါသည်။ ထိုဥပါဒါန် အစွဲအလန်းများကြောင့်-
- လူအချို့သည် နတ်များကို ကိုးကွယ်နေကြပါသည်။ ဥပမာ။ အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ ပွဲစောင့်နတ်၊ အင်းပိုင်နတ်၊ ကွင်းပိုင်နတ်၊ ချောင်းပိုင်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ် စသည်ဖြင့်….
- လူအချို့သည် လူများကို ကိုးကွယ်နေကြပါသည်။ ဥပမာ။ မိဘများ၊ ဆရာများ၊ ရှင်ဘုရင်များ၊ ဘာသာရေးဆရာများ..စသည်ဖြင့်….
- လူအချို့သည် တိရစ္ဆာန်များကို ကိုးကွယ်နေကြပါသည်။ ဥပမာ။ နဂါး၊ ဂဠုန်၊ ကျား၊ ခြင်္သေ့၊ ဆင်၊ ကြွက်၊ ပူး.. စသည်ဖြင့်….
- လူအချို့သည် လူလက်ဖြင့် ပြုလုပ်သောအရာများကို ကိုးကွယ်နေကြပါသည်။ ဥပမာ။ ရွေ၊ ငွေ၊ ရုပ်တု၊ ဆင်းတု၊ စေတီပုထိုး၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာဝတ်ရုံများ၊ အရုပ်များ.. စသည်ဖြင့်….
- လူအချို့သည် သဘာဝ၌ မြင်တွေ့နေရသောအရာများကို ကိုးကွယ်နေကြပါသည်။ ဥပမာ။ ရေ၊ မီး၊ သစ်ပင်၊ ပန်းပင်၊ ဝါးပင်၊ ကျောက်ဆောင်၊ ကျောက်တုံးများ.. စသည်ဖြင့်….
- လူအချို့သည် ဘာသာတရားများကို ကိုးကွယ်နေကြပါသည်။ ဥပမာ။ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ.. စသည်ဖြင့်….
- လူအချို့သည် သေသွားခဲ့သောသူများ၏နံဝိညာဉ်များကို ကိုးကွယ်နေကြပါသည်။ ဥပမာ။ ကိုကြီးကျော်၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ မယ်စန္ဒာ၊ ဒေါ်ကြည်၊ ကွမ်ယင်မယ်တော်၊ ကွန်ဖြူးရှပ်.. စသည်ဖြင့်….
- လူအချို့သည် အတ္တဟိ၊ အတ္တနော၊ နာထော၊ ကိုယ်လုပ်မှ ကိုယ်ရသည်၊ ဘုရားပေးတာ မဟုတ်ဘူးဟုဆိုကာ မိမိကိုယ်ကိုမိမိ ကိုးကွယ်နေကြပါသည်။ ထိုသူများသည် ဘုရားမဲ့သူများ၊ ဆိုရှယ်လစ်များ၊ ကွန်မြူနစ်များ၊ လက်ဝဲ၊ လက်ယာ ယိမ်းနေသူများ ဖြစ်ပါသည်။ သူတို့သည် ခုနှစ်ရက်တစ်ပတ် ရှိလာခဲ့ခြင်း၊ ခုနှစ်ရက်တွင် ခြောက်ရက်သည် ကိုယ်ခန္ဓာအတွက်အလုပ်လုပ်ရန် နှင့် တစ်ရက်သည် ဥပုသ်နေ့အဖြစ် ထာဝရဘုရားက သတ်မှတ်ထားခဲ့ကြောင်း မသိသူများ ဖြစ်ပါသည် (ကမ္ဘာဦး ၂း၂-၃)။
ဘုရားမဟုတ်သောအရာများကို ကိုးကွယ်သူများသည် သူတို့၏ကိုးကွယ်မှုများကို မှန်ကန်သည်ဟု ယုံကြည် နေကြပါသည်။ ထိုသို့ ယုံကြည်နေခြင်းမှာဥပါဒါန်အစွဲအလန်းများကြောင့် ဖြစ်ပါသည်။ ထိုသူများသည်“ဘုရားမှအပ၊ အခြား ကိုးကွယ်ရာမရှိ” ဆိုသည့် ဘုရား၏သွန်သင်ချက်ကို ဂရုမစိုက်သူများနှင့် နားမထောင်လိုသူများ ဖြစ်ပါသည်။
ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းလတံ့ဆိုသကဲ့သို့၊ ဘုရားစစ် မဟုတ်သောအရာများကို ဘုရားနေရာမှာ ဦးထိပ်ထားပြီး ကိုးကွယ် နေသူများသည် နောင်ဘဝ၌ ကန့်ငရဲမီးအိုင်ထဲသို့ကျမည်ကို သိလျက်နှင့်ပင် ငရဲဘုံသို့သာ ဆက်လက် သွားနေကြပါသည်။
မေးခွန်း (၁)။ သင်၌ရှိသော ဥပါဒါန်အစွဲအလန်းများကို ဖယ်ရှားပြီး၊ ဘုရားစစ်ကို ရှာဖွေကိုးကွယ်ရန် ဆုံးဖြတ်ချက် ချပြီးပြီလား။ ငရဲမီးအိုင်သို့ပို့ဆောင်နေသည့်လမ်းဟောင်းများအတိုင်းဆက်လက်သွားမလား။ သင်၏အဖြေ။ _________________________________________________________________