ဘာသာတရားများမှ ဘုရားစစ်ထံသို့

Published on October 16, 2025 by Admin

မေးခွန်း-(၁၃)။ ဗုဒ္ဓအကြောင်းကို သင်သိပါသလား။

ဗုဒ္ဓဆိုသည့်ဝေါဟာရသည် ရှေးခေတ် Sanskrit စကားလုံး Budh ဆိုသည့် ဝေါဟာရမှ ဆင်းသက်လာခဲ့ပါသည်။ Magadhi Prokrit ဘာသာစကားဖြင့် ပြောခဲ့သောဝေါဟာရ ဖြစ်ပါသည်။ ပါဠိလိုလည်း ဗုဒ္ဓဟုသာ ခေါ်ကြပါသည်။ ဗုဒ္ဓကို မြန်မာလို “ဘုရား”ဟု ဘာသာပြန်ကြပါသည်။ သက်သေပြရသော် ဗုဒ္ဓံ ဓမ္မံ သံဃံ ကို ဘုရား၊ တရား၊ သံဃာ ဟူ၍ ဘာသာပြန်ထားခဲ့ပါသည်။

ဗုဒ္ဓသည် ကမ္ဘာဦးအချိန်ကပင် ရှိခဲ့သောဘုရားဖြစ်ကြောင်းကို “ကမ္ဘာဦးဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ ထာဝရဗုဒ္ဓ” ဆိုသည့်စကားလုံးက ရည်ညွှန်းနေပါသည်။ ကမ္ဘာ့သမိုင်းအရ ဗုဒ္ဓဆိုသည့်ဝေါဟာရသည် ဘီစီ ၁၅၀၀ အချိန်မှစတင်၍ အသုံးပြုလာခဲ့သော ဝေါဟာရဖြစ်ကြောင်း သိရပါသည်။ နှစ်ကျိပ်ရှစ်ဆူ စာအုပ်အရ၊ သိဒ္ဓတ္ထဂေါတမ မရှိမီ ဗုဒ္ဓဘုရားရှိခဲ့သည်ဟု သိရှိရသည်။ တနည်းအားဖြင့် သိဒ္ဓတ္ထ၏မိဘများနှင့်သူ၏ဘိုးဘွားဘီဘင်များပင် မရှိမီ အချိန်ကပင် “ဗုဒ္ဓ”ဆိုသည့် ဘုရားရှိခဲ့ကြောင်းကို သိရပါသည် (SS ခင်မောင်အေး၊ နှစ်ကျိပ်ရှစ်ဆူ၊ ၂၀၀၆၊ စက်တင်ဘာ၊ စာမူခွင့်ပြုချက်အမှတ် ၃၂၀၅၁၈၀၆၀၈၊ ဒုတိယအကြိမ်၊ စာမျက်နှာ ၇–၈)။

ဗုဒ္ဓဆိုသည့်ဝေါဟာရကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မဂဓတိုင်းရှိ Shakya tribeက ဦးစွာအသုံးပြုခဲ့ကြောင်း သိရပါသည်။ မဂဓတိုင်းကို ယခုအခါ ဗီဟာပြည်နယ်ဟု ခေါ်ပါသည်။

ရှင်ဂေါတမကိုယ်တိုင် ဗုဒ္ဓထံ ဆုပန်ခဲ့ပါသည်။ သူသည် မသေချင်သောကြောင့်၊ တနည်းအားဖြင့် နိစ္စဗုဒ္ဓကဲ့သို့ ဖြစ်လို၍ နန်းတော်ကိုစွန့်ပြီး တောထွက်ကာ ခြောက်နှစ်ကျော် တရားကျင့်ခဲ့ပါသည်။ ရှင်ဂေါတမက သူ့ကို ကိုးကွယ်ရန် လမ်းညွှန်ခဲ့ခြင်း မရှိဘဲ၊ ဗုဒ္ဓကို ကိုးကွယ်ရန် အောက်ပါအတိုင်း လမ်းညွှန်ခဲ့ကြောင်း သိရပါသည်။

(၁)။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊

(၂)။ ဗုဒ္ဓေါ မေ သရဏံ အညံနတ္ထိ၊ ဓမ္မော မေ သရဏံ အညံနတ္ထိ၊ သံဃော မေ သရဏံ အညံနတ္ထိ၊

(၃)။ နမောတဿ၊ ဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓေါ။

ရှင်ဂေါတမက (၁)။ မာရ်ငါးပါး၊ စွန့်ခြင်းငါးပါး၊ ဘုရားဂုဏ်တော်ကိုးပါးတို့ဖြင့် ဗုဒ္ဓံစစ်၊ ဓမ္မံစစ်၊ သံဃံစစ်ကို ရှာဖွေ၍ ကိုးကွယ်ရန် နှင့် (၂)။ သမ္မာတရားဟုခေါ်သည့် မဂ္ဂင်ဖေါင်စီးမှသာ နိဗ္ဗာန်သောင်ကမ်းသို့ ရောက်နိုင်သည်ဟု လမ်းညွှန်ပြခဲ့ပါသည်။

ရှင်ဂေါတမက ဤကမ္ဘာပေါ်တွင် သင်္ခါရဗုဒ္ဓများသည် အတုတစ်ထောင်၊ အယောင်တစ်သိန်းမက ရှိနေပြီး၊ ဂင်္ဂါဝါဠုသဲစုမက များပြားနေသည်ဟု မိန့်မှာခဲ့ပါသည်(Sukhavativyuha Sutra)။ ထိုဗုဒ္ဓများကို မကိုးကွယ်ဘဲ၊ မာရ်ငါးပါးကို တစ်ပါးမကျန် အောင်သော ဗုဒ္ဓစစ်ကိုသာ ကိုးကွယ်ရန် ရတနာသုံးပါးကို လမ်းညွှန်ခဲ့ပါသည်။ ဗုဒ္ဓစစ် (ခေါ်) နိစ္စဗုဒ္ဓသည် ဘုရားဘုံ၌ ရှိပါသည်။ ထိုဗုဒ္ဓသည် နံဝိညာဉ် ဖြစ်ပါသည်။ ဤကမ္ဘာပေါ်တွင် မြင်တွေ့နေရသောဗုဒ္ဓများမှာ အနိစ္စဗုဒ္ဓများ (ခေါ်)  သင်္ခါရဘုရားများသာ ဖြစ်ပါသည်။ သက်သေအားဖြင့် နှစ်ကျိပ်ရှစ်ဆူတို့သည် အနိစ္စဗုဒ္ဓများ ဖြစ်ပါသည်။ သူတို့သည် မိဘနှစ်ပါးမှမွေးဖွား ခဲ့သူများဖြစ်ပါသည်။ သူတို့တွင် မိန်းမများ နှင့် ကလေးများ ရှိခဲ့ပါသည်။ သူတို့သည် မြို့စားများ ဖြစ်ခဲ့ပြီး နောက်ဆုံး၌ အိုနာ၍ အနိစ္စရောက်ခဲ့သူများသာ ဖြစ်ပါသည်။

ရှင်ဂေါတမက ငါလည်း မကြာခင် သေတော့မည်၊ သင်တို့ကို ငါမကယ်နိုင်ကြောင်း၊ ကိုယ့်ကယ်တင်ခြင်းကို ကိုယ်တိုင်ရှာရန် လမ်းညွှန်ခဲ့ပါသည်။ ထိုကြောင့် သိဒ္ဓတ္ထဂေါတမသည် လမ်းညွှန်ပုဂ္ဂိုလ်အဖြစ်ထင်ရှားသောသူ ဖြစ်ပါသည်။ သူ့ကို ဘီစီ ၅၆၃ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ဘီစီ ၄၈၃ ခုနှစ်တွင် ပရိနိဗ္ဗာန်ပြုခဲ့ပါသည်။ ရှင်ဂေါတမ မရှိတော့သည့် နောက်ပိုင်းတွင် သူ၏တပည့်တော်များက ရှင်ဂေါတမအား ဗုဒ္ဓအဖြစ် ချီးမြင့်၍ ကိုးကွယ်လာခဲ့ရာမှ  ထေရဝါဒဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် ဘာသာကြီးတစ်ရပ်အဖြစ် ထွန်းကားလာခဲ့ကြောင်း သိရပါသည်။

ဘုရားနှင့်ဆိုင်သော ပါဠိဝေါဟာရအချို့ကို မြန်မာဘာသာသို့ အောက်ပါအတိုင်းပြန်ဆိုထားပါသည်။

ပါဠိဝေါဟာရများမြန်မာဘာသာ၏အနက်အဓိပ္ပါယ်များ
ဗုဒ္ဓဘုရား
ကမ္ဘာဦးဗုဒ္ဓကမ္ဘာဦးဘုရား
ထာဝရဗုဒ္ဓထာဝရဘုရား
နိစ္စဗုဒ္ဓအသက်ရှင်သောဘုရား
အနိစ္စဗုဒ္ဓသေတတ်သောဘုရား
သင်္ခါရဗုဒ္ဓမတည်မြဲသောဘုရား
ဗုဒ္ဓရာဇာဘုရားတကာတို့၏ဘုရား
သမ္မာသမ္ဗုဒ္ဓေါမှန်သောဘုရား၊ မဖေါက်ပြန်သောဘုရား
သံဃာသန့်ရှင်းသောဆရာ၊      ဥပဇ္ဈာယ်ဆရာ 
ဓမ္မတရား (မှန်သောတရား)
သမ္မာတရားလွတ်မြောက်ခြင်းတရား၊ မဖေါက်ပြန်သောတရား
နိဗ္ဗာန်မွေးခြင်းနှင့်သေခြင်း မရှိသောနေရာ၊ အစဉ်ချမ်းသာသုခဖြင့်ပြည့်စုံသောနေရာ

အထက်ပါဇယားတွင် ဗုဒ္ဓ နှစ်မျိုးတွေ့ရပါသည်။ ၎င်းတို့မှာ နိစ္စဗုဒ္ဓနှင့်အနိစ္စဗုဒ္ဓတို့ ဖြစ်ပါသည်။

မဟာယဏ ဗုဒ္ဓဘာသာကျမ်းများတွင် ဗုဒ္ဓသည် မည်သည့်ဘုရား ဖြစ်သည်ကို အောက်ပါအတိုင်း ဖေါ်ပြထားခဲ့ပါသည်။ ဗုဒ္ဓသည် –

(၁)။ကမ္ဘာဦးမှစ၍ ထာဝရ အတည်တကျ ရှိသူ ဖြစ်သည်။ (Avatamsaka Sutra (Flower Garland Sutra)

(၂)။လူသားမျိုးမဟုတ် ဘုရားသားတော်တစ်ပါး ဖြစ်သည် (Lokottaaravada)။ အထက်အရပ်မှဆင်းသက် လာသူ ဖြစ်သည် (Lalitavistara Sutra)။

(၃)။ တရားတော်မင်းဖြစ်ကြောင်း ဖေါ်ပြထားသည် (Lalitavistara Sutra)

(၄)။ သာမန်လူသားမိခင်မှ မွေးဖွားခဲ့ခြင်းမရှိဘဲ၊ သတ္တဝါများအားကယ်တင်ရန် မွေးဖွားခဲ့သူ ဖြစ်သည် (Mahavastu၊ The Great story)

ယေရှုခရစ်တော်၏အကြောင်းကိုလေ့လာသည့်အခါ ယေရှုခရစ်တော်သည် –

(၁)။ အထက်သား ဖြစ်သည်။ လောကီသားမဟုတ် (ရှင်ယောဟန် ၈း၂၃)။

(၂)။ နှုတ်ကပတ်တော် ဖြစ်၏။ သမ္မာတရား ဖြစ်၏ (ရှင်ယောဟန် ၁း၁-၃၊ ၁၄း၆)။

(၃)။ အပျိုကညာ မယ်တော်မာရိ၌ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏တန်ခိုးတော်ဖြင့် ပဋိသန္ဓေတည်၍ ဖွားမြင်ခဲ့သူ ဖြစ်သည် (ရှင်မဿဲခရစ်ဝင် ၁း၁၈-၂၁)၊

(၄)။ မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲ ရှိတော်မူသောဘုရား၊ အစနှင့်အဆုံးဘုရား ဖြစ်သည် (ဟေဗြဲ ၁၃း၈၊ ဗျာဒိတ် ၂၂း၁၃၊ ကောလောသဲ ၁း၁၇)။

ယေရှု၏အဓိပ္ပါယ်မှာ “ကယ်တင်ရှင်” ဖြစ်ပြီး၊ ထိုကယ်တင်ရှင်သည် ခရစ်တော် ဖြစ်ပါသည် (ဟေရှာယ အနာဂတ္တိကျမ်း ၉း၆၊ ရှင်မဿဲ ၁း၁၈-၂၁၊ ရှင်ယောဟန် ၈း၂၃၊ ၉း၂၂၊ တမန်တော် ၅း၄၂၊ ၁၇း၃၊ ၁၈း၂၈)။  ထိုယေရှု ခရစ်တော်ဘုရားကို ဟေဗြဲဘာသာလို မေရှီယ (Mashiach)၊ အင်္ဂလိပ်လို မေဆီယ(Messiah)၊ ဂရိလို ခရစ္စတို (Christo)ဟု ခေါ်ပါသည်။ ဂရိနာမည် ခရစ္စတိုကို မြန်မာလို ခရစ်တော်ဟု ဘာသာပြန်ထားခဲ့ပါသည်။

ရှင်ဂေါတမ မရှိတော့သည့်နောက်တွင် အရိမေတ္တယျ ပွင့်လာလိမ့်မည်ဟု ဗျာဒိတ်ပြုခဲ့ပါသည်။ ထိုဝေါဟာရ ၏အဓိပ္ပါယ်ကို ဖေါ်ပြရသော် –

(၁)။ အရိ၏အဓိပ္ပါယ်မှာ ရန်သူ ဖြစ်သည်။ လူ၏ရန်သူသည် သေခြင်း ဖြစ်သည်။

(၂)။ မေတ္တ၏အဓိပ္ပါယ်မှာ မေတ္တာ ဖြစ်သည်။

(၃)။ ယျ ၏အဓိပ္ပါယ်မှာ အောင်ခြင်း၊ အောင်သူ ဖြစ်သည်။

အရိမေတ္တယျနှင့်ယေရှုခရစ်တော်တို့၏ဘဝဖြစ်စဉ်နှင့်သူတို့၏အရည်အချင်းဆိုင်ရာ ဗျာဒိတ်ပြုချက်အချို့ကို အောက်ပါဇယားဖြင့် ဖေါ်ပြလိုပါသည်။

၁အရိမေတ္တယျသည် မေတ္တာဖြင့် အရိ (ခေါ်) ရန်သူ (ခေါ်) သေခြင်း မစ္စုမာရ်ကို အောင်သောဘုရား ဖြစ်သည်။ယေရှုခရစ်တော်သည်- လူ၏ရန်သူဖြစ်သည့် သေခြင်းကို မေတ္တာဖြင့် အောင်ခဲ့ပါသည်။ (ကမ္ဘာဦး ၃း၁၉၊ ၁ကောရိန္သု ၁၅း၂၆၊ ရှင်လုကာ ၂၃း၃၄)။ ရှင်မဿဲ ၂၈း၆၊ တမန်တော် ၁း၉၊ ကောလောသဲ ၂း၁၄-၁၅၊ ၁ ကောရိန္သု ၁၅း၅၅-၅၇၊ ဗျာဒိတ် ကျမ်း ၁း၁၇-၁၈)။
၂အရိမေတ္တယျသည် နောက်ဆုံးဘုရား ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူ့နောက်မှာ ပေါ်ထွန်းလာမည့်ဘုရားဟူ၍ ဗျာဒိတ်ပြုထားခဲ့သည့် ဘုရားတစ်ဆူမှ မရှိခြင်း ကြောင့် ဖြစ်ပါသည်။ယေရှုခရစ်တော်သည် အစဘုရားနှင့်နောက်ဆုံးဘုရား ဖြစ်ပါသည် (ဗျာဒိတ်ကျမ်း ၁း၁၇-၁၈၊ ၂၂း၁၃)။
၃အရိမေတ္တယျသည် အကြီးမြတ်ဆုံးဘုရား ဖြစ်သည်။ (ပါဠိကျမ်းစာတွင် အကြီးမြတ်ဆုံးဘုရားကို သတ္ထာဒေဝ မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါဟု ဖေါ်ပြ ထားပါသည်)။ယေရှုခရစ်တော်သည် ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီး အောက်၌ရှိသော သတ္တဝါအားလုံး ကိုးကွယ်ရမည့်ဘုရား ဖြစ်သည် (ဖိလိပ္ပိကျမ်း ၂း၁၀-၁၁)။
၄အရိမေတ္တယျသည် အနှိုင်းမဲ့ မေတ္တာရှင်ဘုရား ဖြစ်သည်။ (ပါဠိ ကျမ်းစာတွင် အနှိုင်းမဲ့မေတ္တာရှင်ဘုရားသည် အင်္ဂ ပရိစာဂနှင့် ဇီဝိတပရိစာဂပြုသူ ဖြစ်သည်ဟု ဖေါ်ပြထားပါသည်)။ယေရှုခရစ်တော်သည် လူသားများ၏အပြစ်အတွက် လက်ဝါးကပ် တိုင်ပေါ်မှာ အင်္ဂပရိစာဂနှင့် ဇီဝိတပရိစာဂ ပြုခဲ့ခြင်းဖြင့် အနှိုင်းမဲ့ မေတ္တာရှင်ဘုရား ဖြစ်ကြောင်း သက်သေထူခဲ့ပါသည် (ရှင်မာကု ၁၅း၁၅-၄၅)။
၅အရိမေတ္တယျသည် နိဗ္ဗာန်ဘုံသို့ ပို့ဆောင်မည့် မဂ္ဂသစ္စာနှင့်နိရောဓသစ္စာ ဖြစ်သည် (ပါဠိကျမ်းစာတွင် ဗုဒ္ဓေါ၊ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓေါဟု ဖေါ်ပြထားပါသည်)။ယေရှုခရစ်တော်သည် လူသားများအတွက် သမ္မာတရား (မဂ္ဂင်ဖေါင်)၊ လူ့ဘုံမှ ဘုရားဘုံသို့ သွားမည့်လမ်းခရီး၊ လူတိုင်း၏ ဇီဝအသက်နှင့် သုံးပါးတစ်ဆူ ဘုရား ဖြစ်ကြောင်း ဖေါ်ပြထားပါသည် (ရှင်မဿဲ ၂၈း၁၉၊ ရှင်ယောဟန် ၁၄း၆)။
၆သိဒ္ဓတ္ထဂေါတမ(ဘီစီ ၅၆၃-၄၈၃)သည် သူ့နောက်မှာ အရိမေတ္တယျ ပေါ်ထွန်းလိမ့်မည်ဟု ဗျာဒိတ် ပြုခဲ့သည်။ယေရှုခရစ်တော်သည် ရှင်ဂေါတမ ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၅၀၀ ကြာခဲ့သည့် ဘီစီ ၄ ဝန်းကျင်၌ ပေါ်ထွန်းလာခဲ့ပါသည်။
၇မြန်မာတဘောင်၌ ဗောဓိကုက္ကိုလ် (ပင်ပျို) ညောင်ထိုထို လူပျိုဘုရား မရှိငြား၊ ကယ်မည့်ဘုရား အပျိုသား ဗုဒ္ဓအများ ဖူးလတ္တံ့”ဟု ဗျာဒိတ်တော် ရှိခဲ့ပါသည်။ယေရှုခရစ်တော်သည် (၁)။အပျိုကညာ မယ်တော်မာရိ၌ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ တန်ခိုးတော်ဖြင့် ပဋိသန္ဓေ တည်၍ ဖွားမြင်ခဲ့သူ ဖြစ်သည် (ရှင်မဿဲ ခရစ်ဝင် ၁း၁၈-၂၁)၊ (၂)။သူဖန်ဆင်းခဲ့သောလူသားများအား ကယ်တင် မည့် ကယ်တင်ရှင်ဘုရား ဖြစ်သည် (ရှင်မဿဲ ခရစ်ဝင် ၁း၂၁၊ ဟေရှာယ အနာဂတ္တိကျမ်း ၇း၁၄၊ ၉း၆)၊ (၃)။ သင်္ခါရဘုရားအားလုံးသည် ယေရှု ခရစ်တော်ကို သခင်အဖြစ် ဒူးထောက် ကိုးကွယ်ရလိမ့်မည် (ဖိလိပ္ပိကျမ်း ၂း၁၀-၁၁)။
   

မေးခွန်း-(၁၃)။ ဗုဒ္ဓ၏အစနှင့် ယေရှုခရစ်တော်ဘုရားကို သင်သိရှိပြီးပါက သင်၏ကိုးကွယ်မှုကို သင်မည်သို့ နားလည်ပါသနည်း။

သင်၏အဖြေ။ _________________________________________________________________

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>