မေးခွန်း-(၉)။ နတ်များနှင့်မိစ္ဆာပရောဖက်များကို ငရဲဘုံသို့ ပစ်ချမည့်ဘုရားကို သင်သိပါသလား။
ဘုရားစစ်ကို ကိုးကွယ်လိုသူတိုင်းသည် နတ်များနှင့်မိစ္ဆာပရောဖက်များအား တရားစီရင်၍ ငရဲဘုံသို့ ပစ်ချမည့် ဘုရားကို သိရန်လိုအပ်ပါသည်။ နတ်များဆိုသည်မှာ ဘုရားဘုံမှနှင်ချခဲ့သော ကောင်းကင်တမန် လူစီဖာနှင့် အပေါင်းအပါများ ဖြစ်ပါသည်။ မိစ္ဆာပရောဖက်များဆိုသည်မှာ ဝိညာဉ်ဆိုးများ၏ လွမ်းမိုးခြင်းခံရသောသူများ၊ မိမိ၏အကျိုးအမြတ်အတွက် အတုအယောင်သက်သေခံသူများ၊ မိမိ၏ယုံကြည်ချက်များနှင့်ခံယူချက်များကို သွန်သင်သူများ၊ ယေရှုခရစ်တော်၏သွန်သင်မှုမှ လမ်းလွှဲနေသူများကို ခေါ်ပါသည်။
ယေရှုခရစ်တော်သည် နတ်များနှင့် မိစ္ဆာပရောဖက်များကို တရားစီရင်မည့်ဘုရားဖြစ်ကြောင်း လူသားများအား အောက်ပါအတိုင်း မိန့်မှာခဲ့ပါသည်။
ယေရှုခရစ်တော်က၊ “လက်ဝဲဘက်၌ရှိသောသူတို့အား မင်းကြီးက ကျိန်ခြင်းခံရသောသူတို့ မာရ်နတ်နှင့် သူ၏ တမန်များအတွက် ပြင်ဆင်သောထာဝရမီးအိုင်ထဲသို့ ငါ့ထံမှ သွားကြလော့”ဟု မိန့်တော်မူခဲ့ပါသည် (ရှင်မဿဲ ၂၅း၄၁)။
ယေရှုခရစ်တော်က၊ “လူသားတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်း၊ သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရလိမ့်မည်။ သူတို့သည် ထိုနေရာ၌ နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှင်းဆဲခြင်းကို ခံရလိမ့်မည်” (ဗျာဒိတ်ကျမ်း ၂၀း၁၀)။
မေးခွန်း (၉)။ သင်သည် နတ်များနှင့်မိစ္ဆာပရောဖက်များကို ငရဲဘုံသို့ပစ်ချမည့်ဘုရားကို သိရှိပြီးပါက ထိုဘုရားနောက်သို့ လိုက်မည်လော၊ နတ်များ၊ သားရဲနှင့် မိစ္ဆာပရောဖက်များနောက်သို့ လိုက်မည်လော။
သင်၏အဖြေ။ _________________________________________________________________