ဘာသာတရားများမှ ဘုရားစစ်ထံသို့

Published on October 16, 2025 by Admin

မေးခွန်း-(၇)။ လူ့ဘုံ၊ နိဗ္ဗာန်ဘုံ နှင့် ငရဲဘုံကို ဖန်ဆင်းအုပ်ချုပ်သောဘုရားကို သင်သိပါသလား။

ဘုရားစစ်ကို ကိုးကွယ်လိုသူတိုင်းသည်လူ့ဘုံ၊ နိဗ္ဗာန်ဘုံနှင့် ငရဲဘုံတို့ကို ဖန်ဆင်း စီမံ အုပ်ချုပ်သောဘုရားကို သိရန်လိုအပ်ပါသည်။ယေရှုခရစ်တော်သည် ဖန်ဆင်းရှင် ထာဝရဘုရား ဖြစ်ပါသည် (ဟေရှာယ အနာဂတ္တိကျမ်း ၉း၆၊ ရှင်ယောဟန် ၁း၁-၁၄၊ ဗျာဒိတ် ၁း၁၇-၁၈၊ ၂၂း၁၃)။ ကောင်းကင်နှင့် မြေကြီးကို အုပ်ချုပ်နေသောဘုရားသည် ယေရှုခရစ်တော် ဖြစ်သကဲ့သို့၊ မရဏနှင့် မရဏာနိုင်ငံ၊ ငရဲဘုံကို ပြုလုပ်၍ အုပ်စိုးနေသောဘုရားသည်လည်း ယေရှုခရစ်တော်ပင် ဖြစ်ပါသည် (ရှင်မဿဲ ၂၈း၁၈၊ ရှင်ယောဟန် ၁၄း၃-၆)၊ ရှင်မဿဲ ၂၅း၄၁-၄၄၊ ဗျာဒိတ်ကျမ်း ၁း၁၈၊ ၂၀း၁၀-၁၅၊ ၂၁း၈)။

လူသားများသည် ခုနှစ်ရက်တစ်ပတ်ကို အခြေပြု၍ လှုပ်ရှားနေရခြင်း၊ တစ်ပတ်မှာ ခြောက်ရက် အလုပ်လုပ် နေရပြီး၊ တစ်ပတ်တွင်တစ်ရက် အနားယူနေရခြင်း၊ အမျိုးသားများသည် အိမ်ထောင်ဦးစီး တာဝန်ကို ယူနေရခြင်း၊ မြေကြီးကို အမှီပြု၍ အသက်ရှင်နေရခြင်းနှင့် လူတိုင်းသည် သေခြင်း၌ ဘဝနိဂုံးချုပ်နေရခြင်းသည် လက်ရှိ လူ့လောကကို ယေရှုခရစ်တော်အုပ်စိုးနေကြောင်း သက်သေများ ဖြစ်ပါသည်။

 ထိုနည်းတူ နိဗ္ဗာန်ဘုံသို့ ဝင်ခွင့်ရသောဘုရားသားများကိုလည်းကောင်း၊ ငရဲဘုံသို့ ပစ်ချခြင်းခံရသော ငရဲသားများကိုလည်းကောင်း၊ ယေရှုခရစ်တော်က အစဉ်အုပ်စိုးနေမည် ဖြစ်ပါသည် (ရှင်မဿဲ ၂၅း၄၁-၄၂၊ ရှင်ယောဟန် ၁၄း၁-၁၄၊ ဗျာဒိတ် ၁း၁၈၊ ၂၁း၈၊ ၂၂း၁၃)။

မေးခွန်း (၇)။ သင်သည် လူ့ဘုံ၊ နိဗ္ဗာန်ဘုံနှင့်ငရဲဘုံကို ပြုလုပ်၍ အုပ်စိုးသောဘုရားကို သိပြီးပါက ထိုဘုရားကို ကိုးကွယ် မလား၊ ငြင်းပယ်မလား။ ထိုဘုံများကို အုပ်စိုးသောအခြားဘုရားတစ်ဆူဆူရှိပါက နာမည် ဖေါ်ပြပါ။

သင်၏အဖြေ။ _________________________________________________________________

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>