မေးခွန်း-(၂၅)။ သိပ္ပံပညာ၏တွေ့ရှိချက်တွင် စကြဝဠာအနန္တကို ဖန်ဆင်းရှင် ထာဝရဘုရား မဖန်ဆင်းကြောင်းနှင့် ဖန်ဆင်းရှင်ဘုရားသခင် အမှန်တကယ်မရှိခဲ့ကြောင်း၊ ဓမ္မဟောင်းကျမ်းများကို ငြင်းပယ်ခဲ့လျှင် ဖန်ဆင်းရှင်ဘုရား၏ တရားတော်များ၊ ပညတ်ချက်များပါဆိုပြီး၊ တစ်ဆင့်ခံ ဟောပြောညွှန်ပြ၊ လမ်းညွှန်နေသည့် တမန်တော်များ၏တစ်ဆင့်ခံ တရားများသည်လည်း အားလုံး မှားယွင်းနေမည်ဖြစ်ပါသည်ဟုဆိုက သင်လက်ခံနိုင်မည်လား။

Published on September 19, 2025 by Admin

မေးခွန်း-(၂၅)၏အဖြေ

ထာဝရဘုရားသည် ဤစကြဝဠာအနန္တကို ဖန်ဆင်းခဲ့ကြောင်းသက်သေများမှ အချို့

အောက်ပါအချက်များသည် ဤစကြဝဠာအနန္တကို ထာဝရဘုရား ဖန်ဆင်းခဲ့ကြောင်း သက်သေများမှ အချို့သာ ဖြစ်ပါသည်။ ၄င်းတို့မှာ-

  1. လူသားတိုင်းသည် ဖခင်နှင့်မိခင်နှစ်ဦးတို့မှ မွေးဖွားလာခဲ့ခြင်း၊ 
  2. လူသားများအတွက် ခုနှစ်ရက်တစ်ပတ် စတင်ရှိလာခဲ့ခြင်း၊
  3. လူသားများ ခုနှစ်ရက်တစ်ပတ်တွင် တစ်ရက်၊ တစ်နှစ်တွင်-၅၂ရက် အနားယူခွင့် ရနေခြင်း၊
  4. အမျိုးသားများသည် လူမျိုးတိုင်းမှာ အိမ်ထောင်ဦးစီးတာဝန်ကို ယူနေရခြင်း၊
  5. လူသားများသည် တိရစ္ဆာန်များကို အုပ်စိုးခွင့်ရခြင်း၊
  6. “နေ”သည် နေ့ကိုအုပ်စိုးနေခြင်းနှင့် “လ” သည် ညကိုအုပ်စိုးနေခြင်း၊
  7. ဘာသာတရားများသည် ဘုရားကိုသာကိုးကွယ်ရန် လမ်းညွှန်နေခြင်း၊
  8. လူသားများသည် ဘုရားကို အထွဋ်အမြတ်ဆုံးနေရာ၌ထားခြင်းတို့ ဖြစ်ပါသည်။

ဤအချက်များသည် ထာဝရဘုရား စီမံခဲ့သောသက်သေများမှ အချို့သာ ဖြစ်ပါသည်။ ထိုသက်သေများကို မည်သူသည် မမှန်ကန်ပါဟု သက်သေထူနိုင်ပါသနည်း။

သိပ္ပံပညာ

သိပ္ပံပညာသည် ထာဝရဘုရားဖန်ဆင်းခဲ့သောအရာများကို လေ့လာသည့် ပညာရပ်တစ်ခုသာ ဖြစ်ပါသည်။ လူသားတို့ ကိုးကွယ်ရမည့်အရာ မဟုတ်ပေ။ ဘုရားမဲ့သူများသည် သိပ္ပံပညာရပ်ကို လည်းကောင်း၊ သိပ္ပံပညာရှင်များကိုလည်းကောင်း ဘုရားကဲ့သို့ အထင်ကြီးကာ ကိုးကွယ်တတ် ကြပါသည်။ သိပ္ပံပညာရှင်များနှင့် သိပ္ပံပညာရပ်ကို ဘုရားကဲ့သို့ထင်မှတ်ကာ ကိုးကွယ်ခြင်းသည် မိစ္ဆာဒိဋ္ဌိ ဖြစ်သည်။ အကြောင်းမှာ ရတနာသုံးပါးက “ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဟု သွန်သင်နေသောကြောင့် ဖြစ်ပါသည်။

သိပ္ပံပညာရပ်အားဖြင့် ထာဝရဘုရားဖန်ဆင်းခဲ့သည့် အရာများအားလုံးကို မသိနိုင်သကဲ့သို့ လေ့လာ၍လည်း မကုန်နိုင်ပေ။ ဥပမာ သမုဒ္ဒရာကြီးကို လေဟာပြင်ထဲမှာ မယိုမဖိတ်အောင် ထိန်းထားခဲ့ခြင်း၊ အလွန်လေးလံသည့် ကမ္ဘာမြေကြီးကို အခုအခံမရှိသည့် လေဟာပြင်ထဲမှာ ထားခဲ့ခြင်းတို့သည် သိပ္ပံပညာဖြင့် လက်လှမ်းမမှီနိုင်သော ကိစ္စများ ဖြစ်ကြပါသည်။

စကြာဝဠာအနန္တဆိုသည်မှာ ကောင်းကင်နှင့်မြေကြီးအပါအဝင်၊ နေ၊လ၊ကြယ်၊ဂြိုလ်၊ သမုဒ္ဒရာ အားလုံးကို စုပေါင်းခေါ်ဝေါ်သော ဝေါဟာရ ဖြစ်ပါသည်။ ဘုရားမဲ့သိပ္ပံပညာရှင်များသည် ထာဝရဘုရား အကြောင်းနှင့်ဖန်ဆင်းခြင်းသဘာဝအကြောင်းကို မသိကြသူများ ဖြစ်ပါသည်။ သူတို့ လေ့လာသည့် အကြောင်းအရာများကိုလည်း တစ်စိတ်တစ်ပိုင်းမျှသာ သိကြပါသည်။ ဘုရားမဲ့ သိပ္ပံပညာရှင်များ မသိသော အကြောင်းအရာများစွာထဲက အချက်(၉)ချက်ကို သက်သေပြရလျှင်-

သက်သေပြချက်(၁)။ ဘုရားမဲ့သိပ္ပံပညာရှင်များသည်သဘာဝတွင် နာမ်ဝိညာဉ် ပုဂ္ဂိုလ်ရှိကြောင်းကို မသိသူများနှင့် မယုံကြည်သူများ ဖြစ်သည်။

သက်သေပြချက်(၂)။ ဘုရားမဲ့သိပ္ပံပညာရှင်များသည်သဘာဝတွင် သေခြင်းတရား ရှိကြောင်းကို မသိသူများနှင့် မယုံကြည်သူများ ဖြစ်သည်။

သက်သေပြချက်(၃)။ ဘုရားမဲ့သိပ္ပံပညာရှင်များသည်သဘာဝတွင် နတ်များရှိကြောင်းကို မသိသူများနှင့် မယုံကြည်သူများ ဖြစ်သည်။

သက်သေပြချက်(၄)။ဘုရားမဲ့သိပ္ပံပညာရှင်များသည် သဘာဝတွင် ခုနှစ်ရက်တစ်ပါတ် မည်သူက စီမံခန့်ခွဲထားခဲ့သည်ကို မသိကြသူများ ဖြစ်ပါသည်။

သက်သေပြချက်(၅)။ ဘုရားမဲ့သိပ္ပံပညာရှင်များသည်သဘာဝတွင် ကြက်ဥ ဦးစွာ ရှိခဲ့ပါသလား၊ ကြက်မ ဦးစွာ ရှိခဲ့ပါသလားဆိုသည့်အချက်ကို မသိသူများ ဖြစ်ပါသည်။

သက်သေပြချက်(၆)။ ဘုရားမဲ့သိပ္ပံပညာရှင်များသည်ဤကမ္ဘာပေါ်မှာ အမျိုးသား ဦးစွာရှိခဲ့သလား၊ အမျိုးသမီးဦးစွာ ရှိခဲ့သလားဆိုသည့်အချက်ကို မသိကြသူများ ဖြစ်ပါသည်။

သက်သေပြချက်(၇)။ ဘုရားမဲ့သိပ္ပံပညာရှင်များသည်ကမ္ဘာနှင့်နေ၊လတို့ မည်ကဲ့သို့ စတင်တည်ရှိလာခဲ့ ကြောင်းကို မသိကြသူများ ဖြစ်ပါသည်။

သက်သေပြချက်(၈)။ဘုရားမဲ့သိပ္ပံပညာရှင်များသည်လူသားများ၏ကိုယ်ခန္ဓာကို အဝတ်ဖြင့် ဖုံးအုပ်ရန် မည်သူက မည်သည့်အတွက်ကြောင့် ထားခဲ့သည်ကို မသိကြသူများ ဖြစ်ပါသည်။

သက်သေပြချက်(၉)။ဘုရားမဲ့သိပ္ပံပညာရှင်များသည် ရုပ်တုဆင်းတုများကို ပြုလုပ်နိုင်သော်လည်း ထိုရုပ်တုများကို လူကဲ့သို့ အသက်ရှင်နိုင်ရန် ဇီဝအသက် မသွင်းနိုင်သူများ ဖြစ်ပါသည်။

ထို့ကြောင့် ဖန်ဆင်းရှင်ထာဝရဘုရားအကြောင်းကို မသိသေးသည့် ဘုရားမဲ့သိပ္ပံပညာရှင်များကို ဘုရားကဲ့သို့ ကိုးစားလျှင် ထိုသူ၏ ကိုးကွယ်မှုသည် မိစ္ဆာဒိဋ္ဌိ ဖြစ်ကြောင်း သေချာစွာ သိနိုင်ပါသည်။

သိပ္ပံပညာရှင်များနှင့်သိပ္ပံပညာသည် လူသားတို့အတွက် အဖြေမှန်ကို မပေးနိုင်ခြင်း

ဘုရားမဲ့သိပ္ပံပညာရှင်များသည် လူ့သားများအတွက် အဖြေမှန်ကို မပေးနိုင်ပေ။ သူတို့သည် သဘာဝတွင် ရှိနေသည့်အကြောင်းတရားများကို လေ့လာသူများသာ ဖြစ်ပါသည်။ ဘုရားမဲ့ သိပ္ပံပညာရှင်များသည် သဘာဝတရားသည် ထာဝရဘုရား၏ လက်ရာဖြစ်သည်ကို မသိကြသူများ ဖြစ်ပါသည်။ သူတို့တွေ့ရှိချက်များကို လူသားများ၏အကျိုးအတွက် အသုံးချကြသော်လည်း သူတို့နားမလည်သည့် အပိုင်းများကို ငြင်းပယ်နေသူများ ဖြစ်ပါသည်။ သူတို့သည် ဖန်ဆင်းရှင် ထာဝရဘုရားဖန်ဆင်းခဲ့သည့် ခုနှစ်ရက်တစ်ပတ်ထဲမှာ အသက်ရှင်နေပြီးမှ၊ ဖန်ဆင်းရှင်ဘုရား မရှိကြောင်း ငြင်းဆိုနေခြင်းသည် အလွန်ရှက်စရာ ကောင်းလှပါသည်။ ဘုရားမဲ့သိပ္ပံပညာရှင်များကိုဘုရားကဲ့သို့ ယုံကြည်ကိုးစားနေသူများသည်လည်း လမ်းမှားနေခြင်းသာ ဖြစ်ပါသည်။ ဘုရားမဲ့သိပ္ပံပညာရှင်များသည် လူသားများအတွက် အဖြေမှန်ကို ပေးနိုင်သူများ မဟုတ်ပေ။ ထာဝရဘုရားဖြစ်သော ခရစ်တော်သာလျှင် လူသားအားလုံး၏ ယခုဘဝအရေးနှင့် တမလွန်ဘဝအရေးအတွက် အာမခံချက်နှင့် အဖြေမှန်ကိုပေးစွမ်းနိုင်သူ ဖြစ်ပါသည်။

ပြုလုပ်သူရှိ၍ မြင်ရသည့်အရာများရှိနေသကဲ့သို့၊ ဖန်ဆင်းရှင်ဘုရားရှိသောကြောင့် ကောင်းကင်နှင့်မြေကြီး၊ လူနှင့်သတ္တဝါများ၊ စကြဝဠာအနန္တ ရှိလာခဲ့ခြင်းဖြစ်ကြောင်းနှင့် အခြားသက်သေများစွာ ရှိပါသည်။ ဘုရားမဲ့ သိပ္ပံပညာရှင်များနှင့် သူတို့ကို အားကိုးသူများ၊ မှီခိုသူများသည် အရှက်ကွဲခဲ့ကြောင်း သက်သေနှစ်ခုကို ထပ်၍ တင်ပြလိုပါသည်။

သက်သေပြချက်-(၁)။ ထာဝရဘုရား၏ သမ္မာကျမ်းစာ၌ ကမ္ဘာကြီးသည် စက်ဝိုင်းပုံသဏ္ဌာန်ရှိကြောင်း ဖေါ်ပြခဲ့ပါသည် (ဟေရှာယအနာဂတ္တိကျမ်း ၄၀း၂၂)။ ထိုအချက်ကို ဘုရားမဲ့သိပ္ပံပညာရှင်များသည် ကမ္ဘာကြီးသည် ပြားသည်ဟု ငြင်းဆန်ခဲ့ပါသည်။ ၁၉၆၀ နောက်ပိုင်း NASA image AS08-14-2383 taken by Astronaut William Anders during the Apolo 8 Missionသည် ကမ္ဘာကို ဓါတ်ပုံရိုက်လိုက်သည့်အခါ ကမ္ဘာကြီးသည် လုံးဝန်းနေကြောင်း သက်သေရခဲ့ပါသည်။ ထိုအချက်ကြောင့် ဘုရားမဲ့သိပ္ပံပညာရှင်များနှင့်သူတို့၏နောက်လိုက်များသည် အရှက်တကွဲ ဖြစ်ခဲ့ရပါသည်။

သက်သေပြချက်-(၂)။ ဘုရားမဲ့သိပ္ပံပညာရှင်များက လူသည် ထာဝရဘုရားဖန်ဆင်းခဲ့ခြင်း မဟုတ်ဘဲ၊ မျောက်မှဆင်းသက်ခဲ့သည်ဟု ကမ္ဘာကို ကြေငြာခဲ့ပါသည်။  ၎င်းသီအိုရီ(Theory)ကို သိပ္ပံပညာရှင် ချားလ်ဒါဝင် (Charles Darwin)က စတင် ဖေါ်ထုတ်ကာ၊ ဖန်ဆင်းရှင်ဘုရားကို ဆန့်ကျင်သော ဘုရားမဲ့သိပ္ပံပညာရှင်များနှင့် သူတို့၏နောက်လိုက်များသည် ပညာရေးကျောင်းများအထိ သင်ကြား ပေးခဲ့ပါသည်။

သို့သော်လည်း ဘုရားမဲ့သိပ္ပံပညာရှင်များသည်- မျောက်မှ ဆင်းသက်လာခဲ့သည့် လူမျိုးစုများ ရှိကြောင်း သက်သေတစ်ခုမှ မတင်ပြနိုင်ခဲ့ပေ။ လူ၏(DNA)နှင့်မျောက်၏ (DNA)တူညီကြောင်း သက်သေလည်း မပြနိုင်ခဲ့ခြင်းကြောင့် ဖန်ဆင်းရှင် ထာဝရဘုရား မရှိဟုဆိုသည့် ဘုရားမဲ့ သိပ္ပံပညာရှင်များနှင့် ဘုရားမဲ့တက္ကသိုလ်ပါမောက္ခများ၊ ကထိကများနှင့်သူတို့၏နောက်လိုက်များသည် အရှက်တကွဲဖြစ်ခဲ့ရပြန်သည်။ DNA is in each cell in the organism and tells cells what proteins to make။ နောက်ဆုံးတွင် လူသည် မျောက်မှဆင်းသက်ခဲ့ပါသည်ဆိုသည့် ဆင့်ကဲဖြစ်စဉ် သီအိုရီကို ဖေါ်ထုတ်ခဲ့သည့် ချားလ်ဒါဝင်ကိုယ်တိုင် သူမသေခင်မှာ ဖန်ဆင်းရှင် ထာဝရဘုရားက လူကို ဖန်ဆင်းခဲ့ခြင်း မှန်ကန်ကြောင်း ဝန်ခံခဲ့ပါသည်။

လူဝံမျောက်များသည် ယခုလည်း တော၌ ရှိနေပါသည်။ “ဘာကြောင့် လူဖြစ်မလာတာလဲ” ဆိုသည့်မေးခွန်းကို ဘုရားမဲ့ သိပ္ပံပညာရှင်များနှင့်သူတို့ကို ဘုရားကဲ့သို့ကိုးကွယ်နေသော ပညာရှင်များ နှင့် ဘာသာရေးဆရာများက သက်သေ မပြနိုင်သေးပါ။ လူသည် မည်သည့်နေရာမှ ဆင်းသက် လာခဲ့ကြောင်း သို့မဟုတ် မျောက်ကနေ လူဖြစ်လာခဲ့သည့် လူမျိုးများ မည်သည့်နိုင်ငံ၊ မည်သည့်မြို့ရွာများတွင် ရှိကြောင်း သက်သေပြရန် လိုအပ်နေပါသည်။ သက်သေမပြနိုင်ပါက ဖန်ဆင်းရှင်ကို ဆန့်ကျင်သည့် မှားယွင်းသော မိစ္ဆာဒိဋ္ဌိအတွေးအခေါ်များကို စွန့်လွတ်ပြီး ဖန်ဆင်းရှင် ခရစ်တော်ဘုရားကို ကိုးကွယ်ရန် အချိန်တန်နေပြီ ဖြစ်ပါသည်။

ဓမ္မဟောင်းကျမ်းများကို ငြင်းပယ်ခဲ့လျှင်ဆိုသည့်မေးခွန်း

ထာဝရဘုရား၏မိန့်မှာချက်များဖြစ်သည့် ဓမ္မဟောင်းကျမ်းများကို ငြင်းပယ်ခြင်းသည် ထာဝရဘုရားကို အတိုက်အခံပြုခြင်း ဖြစ်ပါသည်။ ယေရှုခရစ်တော်သည် အသက်ရှင်သည့်ဘုရား ဖြစ်သည့်အတွက် သူ့ကို စကားပြောကြည့်ပါက ယေရှုခရစ်တော်ထံမှ တုန့်ပြန်မှုကို ရရှိမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်လေ၊ ဖန်ဆင်းရှင်ဘုရားရှိကြောင်းသိလေ၊ မျက်စိပွင့်လင်းလေ ဖြစ်မည်။ လူမျိုးအလိုက် စိန်ခေါ်ပါက လူမျိုးအလိုက် ယေရှုခရစ်တော်ကို သိလာမည်။ ကျေးရွာအလိုက် စိန်ခေါ်ပါက ကျေးရွာအလိုက် ယေရှုခရစ်တော်ဘုရားကို သိလာမည်။ အဖွဲ့အစည်းတစ်ခုက စိန်ခေါ်လျှင် ထိုအဖွဲ့အစည်းက ယေရှုခရစ်တော်ဘုရားကို သေချာပေါက် သိလာမည်။ နိုင်ငံအလိုက် စိန်ခေါ်ပါက နိုင်ငံအလိုက် ထာဝရဘုရားကို သိလာမည်။ ထာဝရဘုရား(ယေရှုခရစ်တော်)ကို စိန်ခေါ်ခြင်းသည် ယေရှုခရစ်တော်ကို ကိုးကွယ်သူများအား စိန်ခေါ်ခြင်း မဟုတ်ကြောင်း ခရစ်ယာန်များနှင့် အခြားသူများကိုလည်း သိစေလိုပါသည်။ 

ထာဝရဘုရား၏သမ္မာကျမ်းစာသည် ကမ္ဘာ့သမိုင်း၊ လူ့သမိုင်းနှင့်သတ္တဝါတို့၏သမိုင်း ဖြစ်ပါသည်။ ရူးသွပ်သူ လူတစ်စုသာလျှင် ကမ္ဘာ့သမိုင်း၊ လူ့သမိုင်းအမှန်ကို ငြင်းပယ်ကောင်း ငြင်းပယ် ပါလိမ့်မည်။ သို့သော် ကမ္ဘာ့သမိုင်းကို သူတို့ငြင်းပယ်၍ သမိုင်းဖြစ်ရပ်မှန်သည် ပြောင်းလဲသွားခြင်း၊ ထိခိုက်ပျက်စီးသွားခြင်း၊ ပျောက်ကွယ်သွားခြင်း မရှိနိုင်ပေ။ ဒေါက်တာ လာဆစ်ဒူကာနှင့် အပေါင်းအပါများက သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းပိုင်းနှင့် ဓမ္မသစ်ကျမ်းပိုင်းကို ငြင်းပယ်လိုပါက ငြင်းပယ်နိုင်ပါသည်။ သို့သော်-

  1. ဖန်ဆင်းခြင်းအကြောင်းသည် ဓမ္မဟောင်းကျမ်းများ၌လည်းကောင်း၊ ဓမ္မသစ်ကျမ်းများ၌လည်းကောင်း ပါရှိပါသည် (ရှင်ယောဟန် ၁း၁-၁၄၊ ဟေဗြဲ ၁း၂၊ ဗျာဒိတ် ၂၁း၁-၅)။ 
  2. ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ကျမ်းစာဖြစ်သော ပိဋကတ်သုံးပုံ(Tripitaka Beta)ကျမ်း၊ ဒီဃနိကာယ် သီလက္ခန် ပါဠိတော်-၄၂ ၌  ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခြင်းအကြောင်းကို ယခုကဲ့သို့ ဖေါ်ပြထားပါသည်။ “ငါသည် ဗြဟ္မာဖြစ်၏၊ မဟာဗြဟ္မာဖြစ်၏၊ လွမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ်(အလုံးစုံကို) မြင်သူဖြစ်၏၊ အလိုတော်အတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူဖြစ်၏၊ ပြုသူဖြစ်၏၊ ဖန်ဆင်းသူဖြစ်၏၊ စီမံသူဖြစ်၏၊ စျာန်၌ လေ့လာပြီးသူဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသတ္တဝါတို့၏ အဖဖြစ်၏၊ ဤသတ္တဝါတို့ကို ငါဖန်ဆင်းထား၏”ဟုပါရှိသည်။ အရှိတရားကို လက်မခံသူသည် အစွန်းရောက်သူ၊ ရူးသွပ်သူသာ ဖြစ်မည်။
  3. ဖန်ဆင်းရှင်နှင့်ဖန်ဆင်းခြင်းကို အစ္စလမ်များကိုင်ဆောင်သောကုရ်အာန်ကျမ်းနှင့် ဟိန္ဒူကျမ်းများကလည်း ခိုင်လုံစွာ သက်သေထူနေကြပါသည်။
  4. ခုနှစ်ရက်တစ်ပတ်ပျောက်ဆုံးသွားခြင်း၊ ပျက်စီးသွားခြင်း မရှိနိုင်ပေ။ 
  5. အမျိုးသားများ အိမ်ထောင်ဦးစီးတာဝန်ယူနေရခြင်း သဘာဝသည် ပြောင်းလဲသွားခြင်း မရှိနိုင်ပေ။
  6. တစ်ပတ်(ခုနှစ်ရက်)မှာ ခြောက်ရက်အလုပ်လုပ်နေရခြင်း၊ တစ်ရက်အနားယူနေရသည့် စနစ် ပျောက်ကွယ်သွားခြင်း မရှိနိုင်ပေ။
  7. ဖန်ဆင်းရှင်ထာဝရဘုရားသည် ကိုယ်ခန္ဓာအရှက်ကို အဝတ်ဖြင့်ဖုံးအုပ်ရန် စီမံထားခဲ့သည့် သဘာဝကို ဆန့်ကျင့်၍ အဝတ်မဝတ်ဘဲ နေနိုင်မည် မဟုတ်ပေ။

ဒေါက်တာလာဆစ်ဒူကာသည် ဖန်ဆင်းရှင်ဘုရားကိုကူညီရလောက်အောင် သိသူနှင့် တတ်စွမ်းနိုင်သူ ဖြစ်နေပါက-

  1. ယခု သင်ကျင့်ကြံနေသည့်တရားများသည် လူသားများအတွက် သင်ကိုယ်တိုင် ဖေါ်ထုတ်ခဲ့သည့်တရားများလော။ ထာဝရဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ ဗုဒ္ဓရာဇာ၊ ကမ္ဘာဦးဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ ပေးခဲ့သည့်တရားများလော၊ သေမျိုးဖြစ်သည့် ပုထုစဉ်လူသားဘုရားများ၊ ပါဠိဘာသာလို အနိစ္စဗုဒ္ဓများ၊ သင်္ခါရဗုဒ္ဓများပေးခဲ့သည့်တရားများလော။
    1. သင်သည် အဘယ်ကြောင့် ထာဝရဘုရားဖန်ဆင်းထားခဲ့သည့် (၇)ရက်တစ်ပတ်မှာ အသက်ရှင် နေထိုင်ပါသနည်း။
    1. သင်သည် အမျိုးသားများ အိမ်ထောင်ဦးစီးအဖြစ် ရှိနေခြင်းကို အဘယ်ကြောင့် လက်ခံနေပါသနည်း။
    1. သင်သည် (၇) ရက်တစ်ပတ်တွင် တစ်ရက် ရုံးများပိတ်နေသည်ကို အဘယ်ကြောင့် လက်ခံနေ ပါသနည်း။
    1. သင်သည် ခရစ်သက္ကရာဇ်ကို  အဘယ်ကြောင့် အသုံးပြုနေပါသနည်း။ 
    1. သင်သည် ကိုယ်ခန္ဓာကို အဘယ်ကြောင့် အဝတ်နှင့်ဖုံးအုပ်နေရပါသနည်း။ 
    1. သင်သည် အနိစ္စ၊ဒုက္ခကိုထားခဲ့သည့် ထာဝရဘုရား၏တရားအောက်မှာ အဘယ်ကြောင့် နေထိုင်နေ ပါသနည်း။  အနိစ္စ၊ဒုက္ခ၊ အနတ္တ၏အပြင်ဘက်မှာ အဘယ်ကြောင့် မနေနိုင်သနည်း။

ထာဝရဘုရားနှင့်သူ၏တမန်တော်များ၏တဆင့်ခံတရားများသည် အားလုံး မှားယွင်းနေမည် ဖြစ်ပါသည်ဟုဆိုက သင်လက်ခံနိုင်မည်လားဆိုသည့်မေးခွန်း

အကျိုးအကြောင်း ရှင်းပြခြင်းမရှိဘဲ အသားလွတ်မှားသည်ဟု ဆိုခဲ့ပါက ယုတ္တိမရှိသကဲ့သို့၊ သဘာဝလည်း မကျပေ။ ထာဝရဘုရား၏တရားများသည် မှားသည်ဟု သင်ဆိုသော်လည်း၊ မည်သူမျှ မငြင်းနိုင်သော ကမ္ဘာ့သမိုင်းနှင့် သဘာဝတရားက သမ္မာကျမ်းစာသည် အမြဲမှန်ကန်ကြောင်း သက်သေထူသည့်အတွက် ထိုကျမ်းစာများ မှားသည်ဟု ဆိုသော သူသည်သာလျှင် အရူးဖြစ်နေမည်။ အရှက်ကွဲမည်သာ ဖြစ်ပါသည်။ ထာဝရဘုရား၏တရားများသည် သဘာဝတရားပင် ဖြစ်ပါသည်။

ဒေါက်တာလာဆစ်ဒူကာ၊ သင်သည် ဖန်ဆင်းရှင် ထာဝရဘုရားထက်ပင် သိသူ၊ တတ်သူဖြစ်ကြောင်း သင်၏မေးခွန်းများက သက်သေထူနေပါသည်။ ထိုကြောင့် သင့်အကြောင်း၊ သင်ကိုးကွယ်သည့်ဘုရားအကြောင်းနှင့် သင်ကိုးစားသည့် ကျမ်းစာအုပ်များကို ကိုးကား၍ အောက်ပါမေးခွန်း(၅)ခုကို ဖြေဆိုစေချင်ပါသည်။

  1. သင်ကိုးကွယ်သည့်ဘုရားသည် မည်သူနည်း၊ ဘုရားစစ်လော၊ပါဠိအခေါ် ဗုဒ္ဓစစ်လော၊ အသက်ရှင်သည့် နိစ္စဗုဒ္ဓလော၊ အိုနာသေတတ်သည့် ကာလအလိုက် ရှိနေသည့် လူသားဘုရားများဖြစ်သည့် အတုတစ်ထောင်၊ အယောင်တစ်သောင်းထဲကလော၊ ပါဠိအခေါ် ဂင်္ဂါဝါဠုသဲစုမက များနေသည့် နိစ္စဗုဒ္ဓလော၊ သင်္ခါရဗုဒ္ဓများလော။
  2. သင်ကိုးကွယ်နေသည့်ဗုဒ္ဓသည် ငါ့ကိုကိုးကွယ်ပါဟု မိန့်မှာခဲ့ပါသလား။  ငါ့ပေးသည့် တရားများကို သင်တို့ ကျင့်ကြံပါက နိဗ္ဗာန်ရောက်မည်ဟု အာမခံခဲ့ပါသလား။
  3. သင်ကိုးကွယ်သည့်ဗုဒ္ဓသည် တရားကျင့်ပါက နိဗ္ဗာန်ဘုံရောက်မည်ဟု အာမခံခဲ့ပါသလား။ မည်သည့် တရားများကို မည်မျှလောက်ကျင့်ကြံပါက နိဗ္ဗာန်ဘုံရောက်ရန် သေချာသနည်း။ တရားကိုကိုးကွယ်သော တရားသမားများ၏ တရားကျင့်ကြံမှုကို မည်သူက မှတ်တမ်းတင် ပေးနေပါသနည်း။ ရှင်းပြပါ။
  4. သင်ပြုနေသည့် ကောင်းမှုကုသိုလ်များ၊ အလှူဒါနများဖြင့် သင်သည် ကောင်းရာဘုံ ရောက်မည်ဟု သင် ယုံကြည်သည် ဆိုပါစို့။ သင်၏ကောင်းမှုကုသိုလ်များကို မည်သူက မှတ်တမ်းတင်ပေးနေပါသနည်း။ ကောင်းမှုကုသိုလ်၊ အလှူဒါနများကို မည်မျှလောက် လုပ်ဆောင်ပါက ကောင်းရာဘုံသို့ ရောက်မည်နည်း။ သင်ကိုးကွယ်သည့် ဗုဒ္ဓသည်   ကောင်းရာဘုံကို ပြုလုပ်သူလော၊ ကောင်းရာဘုံကို အုပ်စိုး နေသူလော။
  5. သင်ကိုးကွယ်သောဗုဒ္ဓသည် သမ္မာတရားကိုပေးသော ဗုဒ္ဓလော။ သမ္မာတရားကို ဟောသူလော။ သင်ကိုးကွယ်သော ဗုဒ္ဓ၌ အနိစ္စ၊ဒုက္ခ၊ အနတ္တအတွက် အဖြေရှိပါသလား။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>