မေးခွန်း-(၆)။ ချမ်းသာစေလို၍ဟုဆိုပါက ယခုခန္ဓာရှိသူတိုင်း၊ ဆင်းရဲဒုက္ခအမျိုးမျိုး တွေ့ကြုံခံစား နေရပါသည်။ ဘုရားသခင်ဖြစ်စေလိုသည့်ချမ်းသာ မဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိ၍၊ ဘာအစွမ်းမှမရှိ၍ ဖြစ်ရသည်ဟု ဆိုက ဘယ်လို ပြန်လည် ဖြေရှင်းနိုင်ပါသနည်း။

Published on September 17, 2025 by Admin

ထာဝရဘုရားသည် တန်ခိုးတော်အနန္တရှိကြောင်းသက်သေအချို့

ဖန်ဆင်းရှင် ထာဝရဘုရားသည် တန်ခိုးတော်အနန္တရှိသည့်ဘုရားဖြစ်ခြင်းကြောင့် သူ၏နှုတ်တော်ထွက် စကားများသည် ယနေ့ထိတိုင် တည်မြဲနေပါသည်။ ၎င်းတို့အထဲမှ အချို့ကိုတင်ပြရသော်-

  1. လူသားသန်းပေါင်းများစွာ၏မျက်နှာသွင်ပြင်များကို မတူညီအောင်ဖန်ဆင်းထားခြင်း၊
  2. ကမ္ဘာကြီးနှင့် ပင်လယ်၊သမုဒ္ဒရာကြီးကို အခုအခံမရှိ၊ အပေါ်မှဆွဲထားခြင်းလည်းမရှိဘဲ လေဟာပြင်ထဲမှာ ထားခဲ့ခြင်း၊
  3. လူသားများ ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောင်ဆိုဒ်ကို အပင်များက စားသုံး၍၊ အပင်များက ထုတ်လွှတ်သည့် အောက်ဆီဂျင်ကို လူသားများက အသက်ရှင်ရေးအတွက် ရှူရှိုက်အသုံးပြုနိုင်အောင် ဖန်ဆင်းထားခြင်း၊ 
  4. သိပ္ပံပညာရှင်များ မသိရှိရုံမက၊ လက်မခံနိုင်သောသေခြင်းတရားကို ဤကမ္ဘာပေါ်မှာထားခဲ့ခြင်း၊
  5. ၁၂လ ရာသီဥတုနှင့်နွေမိုးဆောင်းကာလများကို လူသားများအကျိုးအတွက်ထားခဲ့ခြင်း၊
  6. လူတိုင်း၏နှလုံးသားနှင့်အရိုးချဉ်ဆီများကိုသိသောဘုရားဖြစ်ခြင်း(ရှင်လုကာ ၁၆း၁၅)၊
  7. နေမင်းကြီးကို ကမ္ဘာနှင့်အခြားဂြိုလ်များက အချိန်မှန်မှန်နှင့်တိကျစွာလှည့်ပတ်စေခြင်း၊
  8. လူသားများကို စနစ်တကျအုပ်ချုပ်ရန် အစိုးရတစ်ရပ်ကို ဤကမ္ဘာပေါ်၌ ထားခဲ့ခြင်း(ရောမ ၁၃း၁-၄)၊
  9. ဘုရားရင်ပြင်မှ နှင်ချမောင်းထုတ်ခဲ့သော ထာဝရဘုရား၏အစေခံလူစီဖာနှင့် ကောင်းကင်တမန်များသည် နတ်ဆိုသည့်နာမည် ရရှိခဲ့ပါသည်။ ထိုနတ်များကို အပြစ်ဒဏ်ပေးရန် ပိုးမသေ၊ မီးမငြိမ်းနိုင်သော ကန့်ငရဲမီးအိုင်ကို ထားရှိခဲ့ပါသည် (ဗျာဒိတ် ၂၀◌း၁၀-၁၅၊ ၂၁း၈)။
  10. “မစားရ”ဟုတားမြစ်ထားသည့် ပညတ်တရားကို ချိုးဖေါက်သည့်နေ့တွင် သေရမည်ဟု မိန့်တော် မူခဲ့သည့်အတိုင်း လူသားများသည် သေခြင်းကို ရင်ဆိုင်လာခဲ့ရခြင်း (ကမ္ဘာဦး ၆း၃-၄)။
  11. လူသားများကို ခုနှစ်ရက်လျှင်ခြောက်ရက် အလုပ်လုပ်၍ အသက်ရှင်နေထိုင်စေခြင်း (ကမ္ဘာဦး ၁နှင့်၂)။
  12. လူသားများ လူ့ဘဝမှ နာမ်ဝိညာဥ်ဘဝသို့ကူးလျှင် မြေမှုန့်မှလာသည့် အပြင်လူကိုယ်ခန္ဓာသည် မြေကြီးထဲသို့ ပြန်ရခြင်းနှင့် ထာဝရဘုရားသွင်းထားခဲ့သည့် နာမ်ဝိညာဥ် ပုဂ္ဂိုလ်သည် ယေရှုခရစ်တော်ကို ကိုးကွယ်ခြင်းအားဖြင့် ဘုရားဘုံသို့ ပြန်ရန်ရှိခြင်း ​(ဒေသနာ ၁၂း၇၊ ရှင်ယောဟန် ၃း၁၈၊ ၁၄း၆)။ ထိုမိန့်အတိုင်း လူ့လောကတွင် ဖြစ်ပျက်နေပါသည်။
  13. နောဧခေတ်တွင် ကမ္ဘာမြေကြီးကို ရေလွမ်းမိုးစေခြင်းအားဖြင့် ထာဝရဘုရားကို ဆန့်ကျင်သည့် လူသားများအား သုတ်သင်ရှင်းလင်းခဲ့ပြီး ထာဝရဘုရားကို ယုံကြည်ခဲ့သည့် နောဧ၊ ဟာမ၊ ရှေမ၊ ယာဖက်တို့နှင့်သူတို့၏ အမျိုးသမီးများကိုသာ ကယ်တင်ခဲ့ပါသည်(ကမ္ဘာဦး အခန်းကြီး ၇နှင့်၈)။ ထိုဘုရားသားလေးပါးကို ဟိန္ဒူလို “ဗြဟ္မာကြီးလေးပါး” ဟုခေါ်ကြောင်း သိရပါသည်။
  14. ထာဝရဘုရားသည် မည်မျှတန်ခိုးရှိကြောင်းကို အစ္စရေးလူမျိုး၊ အီဂျစ်ဘုရင် ဖာရောမင်းကြီးနှင့် အီဂျစ်နိုင်ငံသားများကို နိမိတ်ကြီး(၁၀)ခု နှင့်အခြားများစွာကို ပြသခဲ့သည့် သက်သေရှိပါသည် (ထွက်မြောက်ရာကျမ်း အခန်းကြီး ၇နှင့်၈)။ 
  15. ထာဝရဘုရားသည် မောရှေအား အစ္စရေးလူမျိုးခြောက်သိန်းကျော်ကို အီဂျစ်ပြည်မှ ခါနန်ပြည်သို့ ခေါ်ဆောင်စေခဲ့ပါသည်။ ထာဝရဘုရားသည် သူတို့ကို သဲကန္တာရတွင် နှစ်ပေါင်း(၄၀)ကျွေးမွေးခဲ့ခြင်း၊ သူတို      ့ဝတ်ဆင်သောအဝတ်များလည်း ဟောင်းနွမ်းမှုလုံးဝ မရှိခဲ့ခြင်း၊ သောက်သုံးရန်ရေကို ကျောက်မှ စမ်းရေဖြာထွက်စေခဲ့ခြင်း၊ အသားစားရန် ကောင်းကင်မှ ငုံးများကို ချပေးခဲ့ခြင်း၊ ပင်လယ်နီကို ထက်ခြမ်းခွဲ၍ ဂျူးလူမျိုးခြောက်သိန်းကို အီဂျစ်စစ်တပ်၏ဘေးရန်မှ ကယ်တင်ခဲ့ခြင်း၊ အီဂျစ်စစ်တပ်ကို ပင်လယ်နီ၌ နှစ်မြုပ်စေခဲ့ခြင်း၊ ယော်ဒန်မြစ်ကို ရပ်တန့်စေခဲ့ခြင်းတို့သည် ထာဝရဘုရား၌ တန်ခိုးတော်အနန္တရှိကြောင်း သက်သေများမှ အချို့သာ ဖြစ်ပါသည် (ထွက်မြောက်ရာကျမ်း ၁၅း၁၉၊ ၁၆း၃၅)။ 
  16. မရဏာနှင့်မရဏာနိုင်ငံကို အုပ်စိုးခွင့်အာဏာရှိခြင်းသည် ထာဝရဘုရားသည် တန်ခိုးရှင် ဖြစ်ကြောင်း သက်သေတစ်ခု ဖြစ်ပါသည်(ဗျာဒိတ် ၁း၁၈)။
  17. ထာဝရဘုရား၏ဂတိတော်အတိုင်း သိပ္ပံနည်းပညာ၊ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးနည်းပညာ၊ စီးပွားရေးပညာ၊ စက်မှုလက်မှုပညာရပ်များ၊ Facebook, Youtube, Internet နည်းပညာများသည် ဂျူးလူမျိုးနှင့်ဂျူးသွေးနှောသူများမှ ဆင်းသက်လာခြင်းသည် ထာဝရဘုရားသည် မည်မျှတန်ခိုးရှိကြောင်းသက်သေ ဖြစ်ပါသည် (ထွက်မြောက်ရာ ၃၁း၃-၅)။ 
  18. ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို မီးရှို့ရန် ဂတိတော်ထားရှိခဲ့ခြင်းမှာ ထာဝရဘုရားသည် တရား စီရင်ပိုင်သောတန်ခိုးရှင်ဖြစ်ကြောင်း သက်သေတစ်ခု ဖြစ်ပါသည်(၂ပေ ၃း၇)။
  19. နတ်များသည် ခရစ်တော်၏နာမနှင့်ခရစ်တော်ကိုကိုးကွယ်သောသူများအား အလွန်ကြောက်ရွံ့ခြင်းမှာ ထာဝရဘုရားသည် တန်ခိုးရှင်ဖြစ်ကြောင်း သက်သေတစ်ခု ဖြစ်ပါသည် (ရှင်လုကာ ၈း၂၈-၃၅)။
  20. ခရစ်တော်ကို ကိုးကွယ်သူများကို ဘုရားသားအဖြစ်သတ်မှတ်ပြီး၊ ဒုက္ခဘုံမှ သုခဘုံသို့ တိုက်ရိုက် ပို့ဆောင်ရန် အာမခံခဲ့ခြင်းသည် ဆင်းရဲခြင်းဒုက္ခကို ဖယ်ရှားနိုင်သည့် တန်ခိုးရှင်ဖြစ်ကြောင်းသိရပါသည် (ရှင်ယောဟန် ၁း၁၂၊ ၃း၁၈၊ ၁၄း၆)။ 

ထိုအချက်အားဖြင့် ထာဝရဘုရားသည် ဉာဏ်တော်နှင့်တန်ခိုးတော်အနန္တရှိကြောင်း သက်သေအချို့ ဖြစ်ပါသည် (ရှင်မာကု ၉း၄၄)။        

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>