မေးခွန်း-(၅)။ ထာဝရဘုရားသည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် အဘယ်အကျိုးကို မျှော်ကိုး၍ ဖန်ဆင်း ခဲ့ပါသနည်း။ သက်ရှိသတ္တဝါအားလုံးအတွက် အကျိုးများခဲ့ပါသလား။ အပြစ်များခဲ့ပါသလား ဆိုတာ ရှင်းပြပါ။

Published on September 17, 2025 by Admin

ထာဝရဘုရားက ကမ္ဘာကို ဖန်ဆင်းခဲ့ခြင်း၏ရည်ရွယ်ချက်

ထာဝရဘုရား ပါဠိအခေါ် နိစ္စဗုဒ္ဓ၊ ထာဝရဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓသည် ကမ္ဘာကိုဖန်ဆင်းခဲ့သည်။ ၎င်းတို့ဖန်ဆင်းခဲ့ခြင်း၏ပထမရည်ရွယ်ချက်သည် လူသားများက ဥယျာဉ်တစ်ခုကို ဖန်တီးခြင်းနှင့် ဆင်တူနေပါသည်။ ထိုဥယျာဉ်ကို ကြည့်ရှုစောင့်ရှောက်ရန်အလုပ်သမားများကို ထားသကဲ့သို့ထာဝရဘုရားသည် ဤကမ္ဘာမြေကြီးကို ပြုစုစောင့်ရှောက်ရန် မြေမှုန့်ကိုယူ၍ ရုပ်တုနှစ်ခုကိုထုလုပ်ပြီး၊ နာခေါင်းမှအသက်ဇီဝကိုသွင်းကာ အနေဂဇာတင်ခဲ့ရာမှ အသက်ရှင်သောကမ္ဘာဦးလူသားနှစ်ဦး ဖြစ်လာခဲ့ပါသည်။ ထိုလူသားနှစ်ဦးသည် ထာဝရဘုရားကို ကိုးကွယ်ရန်နှင့်မိတ်သဟာယပြုရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း နားလည်ရပါသည်။

ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည့် ထာဝရဘုရား၏ဒုတိယရည်ရွယ်ချက်မှာ- ထာဝရဘုရားကို ချီးမွမ်းရန်နှင့်ကျေးဇူးတင်ရန် ဖြစ်ပါသည်။ လူ၏ပိုင်ရှင်လည်း ထာဝရဘုရား၊ ရေ၏ပိုင်ရှင်လည်း ထာဝရဘုရား၊ လေ၏ပိုင်ရှင်လည်း ထာဝရဘုရား၊ မြေကြီးပိုင်ရှင်လည်း ထာဝရဘုရား၊ စပါး၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၏ ပိုင်ရှင်လည်း ထာဝရဘုရား၊ တိရစ္ဆာန်များကို ပိုင်သူလည်းထာဝရဘုရား၊ သစ်တောကို ပိုင်သူလည်းထာဝရဘုရား၊ သမုဒ္ဒရာနှင့်၎င်းအထဲ၌ ရှိသောအရာအားလုံးကို ပိုင်သူလည်း ထာဝရဘုရား ဖြစ်ကြောင်းကို ကမ္ဘာဦးလူသားနှစ်ဦးနှင့် သူတို့၏သားသမီးများသိစေရန် ဖြစ်ကြောင်း သိရပါသည်။ ၎င်းတို့အားလုံးကို လူသားနှစ်ဦးအား အုပ်စိုးခွင့်နှင့်စီမံခန့်ခွဲခွင့် ပေးခဲ့ပါသည်။

ကမ္ဘာဦးလူသားနှစ်ဦးနှင့်သူတို့၏သားစဉ်မြေးဆက်များအတွက် မျှတသည့်ရာသီဥတုနှင့် အသက်အန္တရာယ် လုံးဝမရှိသည့်ကမ္ဘာ၊ ဖျားနာခြင်း၊ သေခြင်း၊ ဆင်းရဲဒုက္ခမရှိသည့်ကမ္ဘာ၊ အလုပ်လုပ်စရာ မလိုအပ်ဘဲ စားသောက် နေထိုင်နိုင်သည့်ဘဝကို ဖန်ဆင်းခဲ့ပါသည်။ တနည်းအားဖြင့် ပါဠိအခေါ် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှိသောကမ္ဘာ၊ နိစ္စ၊သုခ၊အတ္တနှင့်ပြည့်စုံဝသောကမ္ဘာကို ဖန်ဆင်းခဲ့ပါသည်။ 

ထာဝရဘုရားသည် ကမ္ဘာဦးလူသားနှစ်ဦးအား ချမ်းသာစေလို၍ ဖန်ဆင်းခဲ့ကြောင်း သက်သေအချို့ကို တင်ပြရလျှင်- ကမ္ဘာဦးလူသားနှစ်ဦးအား မသေနိုင်သည့်ဘဝကို ပေးခဲ့ခြင်း၊  အလုပ်လုပ်စရာ မလိုအပ်ဘဲ စားသောက်နေထိုင်နိုင်သည့်ဘဝကိုပေးခဲ့ခြင်း၊ ကမ္ဘာမြေကြီးနှင့် မြေပေါ်၊ မြေအောက်၊ ပင်လယ်သမုဒ္ဒရာရှိ သတ္တဝါအားလုံးကို အုပ်စိုးခွင့်၊ စီမံခန့်ခွဲခွင့်နှင့် အသုံးပြုခွင့်များကို ပေးထားခဲ့ခြင်းတို့ ဖြစ်ပါသည်။

မေးခွန်းနံပါတ်(၅)အတွက် ကမ္ဘာကိုဖန်ဆင်းခဲ့ခြင်းအားဖြင့် သက်ရှိသတ္တဝါဖြစ်သော လူသားများ အတွက် အကျိုးများခဲ့သည့် သက်သေအချို့မှာ- 

ထာဝရဘုရားဖန်ဆင်းခဲ့သည့် နေ၏အလင်းရောင်ကို လူသားတိုင်းတန်းတူ အခမဲ့ရရှိခွင့် ပေးခဲ့ပါသည်။

အနှိုင်းမဲ့ ကိုယ်စိတ်ချမ်းသာခြင်းကို ပေးခဲ့ပါသည်။

မသေသည့်ဘဝကို ပေးခဲ့သည့်အတွက် အိုခြင်း၊ နာခြင်းနှင့် ဆင်းရဲဒုက္ခ မရှိခဲ့ပေ။ 

တစ်ပါတ်မှာ ခြောက်ရက်အလုပ်လုပ်စရာမလိုဘဲ ဘုရားပေးသည့်အစားအစာများကို စားပြီး နေထိုင်နိုင်သည့် ဤကမ္ဘာ၌ နိဗ္ဗာန်ဘုံဘဝကို ပေးခဲ့ပါသည်။ ထိုနိဗ္ဗာန်ဘုံ (ခေါ်) သုခဘုံဘဝသည် ပြစ်မှုကျူးလွန်သည့် နောက်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပါသည်။ ထိုပျောက်ဆုံးသွားခဲ့သော နိဗ္ဗာန်ဘုံဘဝကို ယေရှုခရစ်တော်ဘုရားသည် သူ့ကို ယုံကြည်ကိုးကွယ်သူများအတွက် ကောင်းကင်သစ်နှင့်မြေကြီးသစ်နာမည်ဖြင့် ပြင်ဆင်ပေးနေပါသည် (ရှင်ယောဟန် ၁၄း၁-၆၊ ဗျာဒိတ် ၂၁)။

တိရစ္ဆာန်များ၏စကားကို နားလည်ရသောအခွင့်နှင့် သူတို့ကို စိတ်ကြိုက် စေခိုင်းနိုင်သည့်ဘဝကို ပေးခဲ့ပါသည်။

အဝတ်ဝတ်စရာ မလိုသော်လည်း အရှက်ကင်းသည့်ဘဝကို ပေးခဲ့ပါသည်။

ရှက်စရာ၊ ကြောက်စရာ မရှိသည့်ဘဝကို ပေးခဲ့ပါသည်။

အမျိုးသားတစ်ဦးအတွက် အထောက်အမအဖြစ်အမျိုးသမီး တစ်ဦးကို ပြင်ဆင် ပေးခဲ့ပါသည်။

ထာဝရဘုရားနှင့် တိုက်ရိုက်တွေ့ဆုံခွင့်၊ မျက်နာချင်းဆိုင်စကားပြောခွင့်ကို ပေးခဲ့ပါသည်။

ဆေးရုံဆေးခန်း မလိုသည့်ဘဝ၊ လောကီပညာများကို သင်စရာမလိုသည့်ဘဝကို ပေးခဲ့ပါသည်။

နာကျင်ခြင်းမရှိဘဲ အမျိုးသမီးများအား မီးဖွားနိုင်သည့်အခွင့်ကို ပေးခဲ့ပါသည်။

လူသားများအတွက် (၇)ရက်တစ်ပတ်ကို ထားပေးခဲ့ပါသည်။ 

ထာဝရဘုရားဖန်ဆင်းခဲ့သည့် လေကို အခမဲ့ရှူရှိုက်ခွင့်ပေးခဲ့ပါသည်။ အကယ်၍ အောက်ဆီဂျင်အတွက် နေ့တိုင်းအဖိုးအခပေးဆောင်နေရလျှင် လူသားများ မည်မျှ ဒုက္ခ ရောက်မည်နည်း။

ထာဝရဘုရားဖန်ဆင်းခဲ့သည့်ရေကို အခမဲ့ သောက်ခွင့်ပေးခဲ့ပါသည်။ 

ထာဝရဘုရားဖန်ဆင်းခဲ့သည့် ကုန်းမြေနှင့်ပင်လယ်ကိုလည်းကောင်း၊ ၎င်းတို့အထဲမှာ ရှိနေသည့် တိရစ္ဆာန်များနှင့်အရာအားလုံးကိုလည်းကောင်း အခမဲ့အသုံးပြုခွင့် ပေးခဲ့ပါသည်။ 

ထာဝရဘုရားဖန်ဆင်းခဲ့သည့် တိရစ္ဆာန်များကို မိမိစိတ်ကြိုက်နာမည်ပေးခွင့်၊ အုပ်စိုးခွင့်၊ အခမဲ့ အသုံးပြုခွင့်နှင့်စေခိုင်းခွင့်ကို ပေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>